တစ်ညတည်းခိုခ ၁၉ သိန်းကျပ်ကျော် ကျသင့်မယ့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်

International News
တစ်ညတည်းခိုခ ၁၉ သိန်းကျပ်ကျော် ကျသင့်မယ့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ညတည်းခိုခ ၁၉ သိန်းကျပ်ကျော် ကျသင့်မယ့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်ညတည်းခိုခ ၁၉ သိန်းကျပ်ကျော် ကျသင့်မယ့် ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်

ဝေးလ်နိုင်ငံ စနိုဒိုနီယာတောင်တန်းအောက်က မိုင်းတွင်းဟောင်းထဲမှာ တည်ရှိတဲ့ Deep Sleep ဟိုတယ်ဟာ ကမ္ဘာ့အနက်ဆုံး မြေအောက်ဟိုတယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။ မြေအောက်အနက် ၁၃၇၅ ပေမှာ တည်ရှိတဲ့ Deep Sleep ဟိုတယ်ဟာ ၂ ယောက်ခန်း ၄ ခန်းပဲ ရှိပြီး အခန်းထဲမှာ နှစ်ယောက်အိပ် ခုတင်တစ်လုံး၊ ထမင်းစားခန်းနဲ့ ရေအိမ်ပဲ ပါဝင်ပါတယ်။

ဒါပေမဲ့ တစ်ညတည်းခိုခ ပေါင် ၅၅၀ ( မြန်မာငွေ ၁၉ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး ဟိုတယ်ကို ရောက်ဖို့ ခက်ခဲတဲ့ ခရီးစဉ်တစ်ခုကိုလည်း ဖြတ်သန်းရဦးမှာပါ။ တောင်တွေကို ဖြတ်ပြီး ၄၅ မိနစ်ကြာ ခရီးကြမ်းနှင်ရမှာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သင်ပုန်းကျောက် မိုင်းတွင်းဟောင်းထဲ ဆင်းရမှာပါ။ မိုင်းတွင်းထဲရောက်တဲ့အခါ လှေကားဟောင်းတွေ၊ တံတားဟောင်းတွေ၊ ကြိုးတန်းတွေကို အသုံးပြုပြီး ဟိုတယ်ဆီရောက်ဖို့ တစ်နာရီ ဆက်သွားရမှာ ဖြစ်ပါတယ်။

Deep Sleep ဟိုတယ်ဟာ တစ်ပတ်မှာ စနေတစ်ရက်ပဲ ဖွင့်ပါတယ်။ ဟိုတယ်ထဲမှာတော့ တစ်နှစ်ပတ်လုံး အပူချိန် ၁၀ ဒီဂရီဆဲလ်စီးယက်ပဲ ရှိပြီး ရေ၊ မီး၊ အင်တာနက် ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။