မြန်မာ့ရိုးရာဗေဒင်ပညာ

Astrology
မြန်မာ့ရိုးရာဗေဒင်ပညာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့ရိုးရာဗေဒင်ပညာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာဗေဒင်ပညာ

ပထမဦးဆုံး အနေနဲ့ မြန်မာရိုးရာ ဗေဒင်ပညာတက်ချင်သူတွေ အနေနဲ့ နေ့နံ နဲ့ ပိုင်ဆိုင်ထားတဲ့ဂဏန်းတွေ အက္ခရာတွေကို သိထားဖို့ လိုအပ်ပါတယ်။မြန်မာ့ရိုးရာ ဆန်းဗေဒင်ပညာ ပဲဖြစ်ဖြစ်။အင်္ဂဝိဇ္ဇာ ဗေဒင် ပညာ ပဲ ဖြစ်ဖြစ် ။မဟာဘုတ် ဗေဒင်ပညာ ပဲဖြစ်ဖြစ် အခြားသော မြန်မာ့ရိုးဘယ်ဗေဒင်ပညာ မဆို ဟောတက်အောင်ဒီဂြိုဟ်ပရိယာယ် တွေ သိထားဖို့ လိုတယ်အလွတ်ရဖို့ လိုတယ်။

ဒါမှ မြန်မာရိုးရာ ဗေဒင်ပညာ ဟောပြေားနိူင်မှာဖြစ်ပါတယ်။တနင်္ဂနွေနံကို ၁ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် အ အက္ခရာကိုပိုင်ဆိုင်ထားပါတယ်။တနင်္လာနံကို ၂ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် က ၊ ခ ၊ ဂ ၊ ဃ ၊ ငအက္ခရာ‌ တွေ ကိုပိုင်ဆိုင်ထားပါတယ်။
အင်္ဂါနံကို ၃ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် စ ၊ ဆ ၊ ဇ ၊ဈ ၊ ည အက္ခရာတွေကိုပိုင်ဆိုင်ထားပါတယ်။ဗုဒ္ဓဟူးနံကို ၄ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် ယ ၊ လ ၊ ၀ အက္ခရာတွေကိုပိုင်ဆိုင်ထားပါတယ်။ကြာသပတေးနံကို ၅ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ အက္ခရာတွေကိုပိုင်ဆိုင်ထားပါတယ်။သောကြာနံကို ၆ ဂဏန်းလို့ ခေါ်ပြီးအက္ခရာအားဖြင့် သ ၊ ဟ အက္ခရာ ၂လုံးကိုပိုင်ဆိုင်ထားပါတယ်။
စနေနံကို ၇ ဂဏန်းလို့ ခေါ်သလို ဗေဒင်ပညာဖြင့် ၀ (သုည)လို့ရေးပါတယ်
အက္ခရာအားဖြင့် တ ၊ ထ ၊ဒ ၊ ဓ၊ န အက္ခရာကိုပိုင်ဆိုင်ထားပါတယ်။ အသုံးများတဲ့အက္ခရာတွေကို အတိုချုပ်ဖော်ပြချင်းဖြစ်ပါတယ်။ရာဟုကို ၈ ဂဏန်း ခေါ်ဆိုပြီး
အက္ခရာအားဖြင့် ရ အက္ခရာကို ပိုင်ဆိုင်ထားပါတယ်။
( ဗုဒ္ဓဟူး မွန်းလွဲပိုင်း မွေးဖွားသူတွေကို ရာဟု နေ့သားသမီး လို့ ခေါ်ဆိုပါတယ်)

ဒါလောက်ဆို နေ့နံတွေနဲ့ ဂဏန်း‌ တွေအက္ခရာတွေသိသွားလောက်ပြီး ထင်ပါတယ်။

ဒုတိယ အနေနဲ့ ဆက်ပြီး သိဖို့ လိုအပ်တာက။အာစရိယ ဝါဒအရ မှတ်သားထားတဲ့ ဂြိုဟ် ပရိယာယ်‌တွေကို သိဖို့ လိုအပ်ပါတယ်။အာစရိယ ဝါဒ အရ ဗေဒင်ကျမ်းတိုင်းမှာ
မှတ်သားထားခဲ့ကြတဲ့ ဂြိုဟ်ပရိယာယ်တွေက။တနင်္ဂနွေ ဂြိုဟ်ပရိယာယ်က စပြောပါမယ်။လူနဲ့ ပက်သက်ရင်။မင်း ၊ အစိုးရ ၊ အကြီးအကဲ ၊ ဥက္ကဌ အုပ်ချုပ်သူ ခေါင်းဆောင်၊ဖခင် ၊ ဖခင်ကဲ့သို့သောသူ ၊ အနုပညာသည်နဲ့ ပက်သက်များ စုဝေးရာ အရပ်၊ အရပ်ပုလွန်းသောသူ တို့ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ ပက်သက်ရင်အရိုး ၊ စိတ် ၊ ဦးခေါင်း ၊ နှလုံး ၊ အကြောမျက်စိနှင့်ဆိုင်သော ၊ စတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။အရောင်နဲ့ ပက်သက်ရင် အနီရောင် ဖြစ်ပါတယ်။ဂြိုဟ်ရုပ် ပညတ်ပရိယာယ်က ဂဠုန် ဖြစ်ပါတယ်။

မြေနဲ့ ပက်သက်ရင်တောင်ပို့မြေ ၊ မြေမြင့်ရှိ‌ သောအရပ် ၊ မို့မောက်သော ကုန်းမြေ ၊ ဖြစ်ပါတယ်။အလုပ်အကိုင် လို့လည် ခေါ်သလို ကျဘမ်းအလုပ်သမားလို့လည် ခေါ်ပါတယ်။
နာမ်ဓာတ်က ယမ်းဓာတ် ဖြစ်ပါတယ်
ရုပ်ဓာတ်က နာ ဓာတ် ဖြစ်ပါတယ်
ဓာတ် ပရိယာယ်က မီးခဲ ဓာတ် ဖြစ်ပါတယ်
ဓာတ်ဖို ဓာတ်မ ခွဲရင် ( ဓာတ်ဖို) ဖြစ်ပါတယ်။
ဓာတ်သဘောတရား အရ တေဇော ဓာတ်ဖြစ်ပါတယ်။
အရသာ ပရိယာယ်က စပ်သော အရသာ ဖြစ်ပါတယ်။
ကျောက်မျတ်ရတနာ ဆိုရင် ပတ္တမြား ဖြစ်ပါတယ်။
စိုးမိုးတဲ့ ရာသီက သိဟ် ရာသီ ဖြစ်ပါတယ်။
ကဲဟုတ်ပြီ ဂြိုဟ်ပရိယာယ် တွေတော့ သိပြီး
ဘယ်လို ဟောပြေားရမလဲ ဆိုရင်။

ဥပမာ
လူတစ်ယောက်က ကျန်းမာရေးနဲ့ ပက်သက်ပြီးလာပြီး ဗေဒင်မေးတယ် ဆိုပါစို့။
သူရဲ့ ဇာတာခွင်မှာလည် တနင်္ဂနွေဂြိုဟ်ဟာ ခိုက်နေတယ်ပျက်နေတယ် တွေ့တယ် ဆိုပါစို့။တနင်္ဂနွေ ဂြိုဟ် အရသာ ပရိယာယ် ဖြစ်တဲ့ စပ်သော အရသာကို ဒီအသက်ပိုင်းထဲ ရှောင်ခိုင်းပါ။ကျန်းမာရေး နဲ့ ပက်သက်ရင်ဦးခေါင်းမူ ဝေဒနာ ၊ ခံစားရတက်တယ်။
စိတ်နဲ့ ပက်သက်ပြီးခြောက်ခြားစရာတွေ ဖြစ်တက်တယ်။ဒီလိုပဲ ဟောရမှာ ဖြစ်ပါတယ်။ဒါက ဥပမာ ဟောပြတာ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ် ရဲ့ ကျန်းမာရေး ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ပက်သက်တာတွေ ဗေဒင်မေးသူ အခြေအနေ ပေါ်မူတည်ပြီး ဟောကြားရမှာ ဖြစ်ပါတယ်။
ဥပမာ နှလုံးအားနည်းတာ ၊ စိတ်အားနည်းတာအရိုးနဲ့ပက်သက်ပြီး ထိခိုက်တာ ၊ ဦးခေါင်းထိခိုက်တာမူးဝေတာ ၊ အကြော‌တွေ တင်းနေတာ ၊ မျက်စိ အားနည်း
ကြည့်မကောင်းတာ စသဖြင့် မေးသူရဲ့ အပေါ် ကြည့်ပြီးဟောရမှာ ဖြစ်ပါတယ်။

ထပ်ပြီး နားလည် အောင် ပြေားရရင်ဗေဒင်မေးတဲ့သူဟာ ဆရာ ကျွန်တော် ကျွန်မ မျက်စိဒီအသက်ပိုင်းထဲ သွားကုချင်တယ် ခွဲစိတ်ချင်တယ်။မေးတယ်ဆိုပါစို့။အဆင်ပြေပမလား ကြည့်ပေးပါ ဆိုရင်သူ့ရဲ့ ဇာတာမှာလည် တနင်္ဂနွေဂြိုဟ်ဟာ အရမ်း
ကောင်းမွန်နေတယ် ဆိုရင် အဆင်ပြေပါတယ်။ဒီအသက်ပိုင်းထဲ မျက်စိ သွားကုပါ ကောင်းသွားပါလိမ့်မယ်။ ဒီလိုဟောရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ် ကောင်းမွန်ခြင်းဟာ တနင်္ဂနွေဂြိုဟ် ပရိယာယ် မျက်စိ ကောင်းမွန်တာနဲ့ အတူတူပါပဲ။ကဲဟုတ်ပြီး နောက်ထပ် ပရိယာယ် တစ်ခုကိုထပ်ပြီး ဟောကြည့်ရအောင်။

ဆရာ ကျွန်တော် ဒီအသက်ပိုင်းထဲ မြေကွက် ၀ယ်ချင်တယ် ၊ ဘယ်လို မြေ အမျိုးအစား ၀ယ်ရင် ကောင်းမလဲမေးတယ် ဆိုပါစို့။သူရဲ့ ဇာတာမှာလည် တနင်္ဂနွေဂြိုဟ်ဟာ အရမ်း
ကောင်းမွန်နေတယ် ဆိုရင် ။တနင်္ဂနွေဂြိုဟ် ပရိယာယ်ဖြစ်တဲ့ မို့မောက်မြေမြင့်သောအရပ်ရှိ မြေ အမျိုးစားကို ၀ယ်ခိုင်းရမှာ ဖြစ်ပါတယ်။

ကဲ အိမ်ဆောက်ချင်မေးတယ် ဆိုပါစို့။ဒီ တနင်္ဂဂြိုဟ် ကောင်း မကောင်းပဲ ကြည့်ပြီး ဆုံး
ဖြတ်ရမှာ ဖြစ်ပါတယ်။မိမိက အိမ်၀ယ်မယ် ဆိုရင်လည် ဒီအတိုင်းပါပဲ။တနင်္ဂနွေနံ အ၀င် ကောင်း မကောင်းကို ကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။အိမ်ရောင်းမယ် ဆိုလည် ဒီအတိုင်းပါပဲ။မိမိ က အိမ်ရောင်းမယ် ဆိုရင် တနင်္ဂနွေနံ အထွက်ကောင်း မကောင်းကို ကြည့်ပြီး ဆုံးဖြတ်ရပါမယ်။( တနင်္ဂနွေနံ အထွက် မကောင်းပဲ အိမ်ကို ဓာတ်ရိူက်လို့ပြဿနာတွေ အလုံးလိုက် ၀င်လာတာ တွေလည် ရှိပါတယ်)

အနုပညာလုပ်ငန်းတွေ လုပ်ချင်တယ် ဆိုရင်လည်ဒီအတိုင်းပါပဲ တနင်္ဂနွေနံ အကျိုး ပေး မပေးကိုကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ခုပြေားနေတာတွေက ဥပမာ ပြေားနေခြင်း ဖြစ်ပါတယ်။ဆိုပါစို့။ ဗေဒင် မေးသူဟာ အနုပညာလုပ်ငန်းတွေ လုပ်ချင်တယ် အကျိုးပေး မပေးကြည့်ပေးပါ မေးရင်။ဒါမှ မဟုတ် ဒီ အသက်ပိုင်းထဲ အနုပညာလုပ်ငန်းစတင်လို့ အောင်မြင်မလား မေးရင်။ဗေဒင် ဟောသူ ဆရာဘက်က ထပ်ပြီး ဟောရမှာက။ရုပ်နဲ့ ပက်သက်တဲ့ အနုပညာလားအသံနဲ့ ပက်သက်တာ မျိုးတွေလား စသဖြင့်စိစစ်တွက်ချက်ဖို့ လိုအပ်ပါတယ်။

တနင်္ဂနွေဂြိုဟ်ဟာ အနုပညာနဲ့ ပက်သက်တဲ့ဂြိုဟ် မှန်ပေ့မယ့်။တနင်္ဂနွေ ဂြိုဟ် ကောင်းတိုင်း အနုပညာလုပ်ငန်း အကုန်အကျိုးပေးတယ် ဟောလို့ မရနိူင်ပါဘူး။ရုပ်နဲ့ ပက်သက်တာ အောင်မြင်ပေ့မယ့်။အသံ နဲ့ ပက်သက်ပြီး အောင်မြင်ချင်မှ အောင်မြင်တာပါ။

ဥပမာ သရုပ်ဆောင်တာ ၊ ပန်းချီ ဆွဲတာ ၊ စာရေးတာတွေက ရုပ်နဲ့ ပက်သက်တာတွေ ဖြစ်ပြီးသီချင်းဆိုတာ ၊ သတင်းဆက်တာ ၊ အသံနဲ့ ပြုလုပ်ရတဲ့လုပ်ငန်းတွေဆိုပြီး အသေးစိပ် အသေးစိပ် ခွဲခြားရမှာ ဖြစ်ပါတယ်။

ကဲ မြန်မာ့ရိုးရာဗေဒင်ပညာ အပိုင်း ၂ မှာ ဆက်ပြီးပညာပေးပါမယ်။အားလုံးပဲ မိတ်ဆွေများ ဗေဒင်ပညာ ဗဟုသုတတိုးပွား နိူင်ကြပါစေ ခင်ဗျာ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။