အင်္ဂါနေ့ – သားသမီးများ အတွက်ဘဝတစ်သက်တာ ဗေဒင် ဟောကိန်း

Astrology
အင်္ဂါနေ့ – သားသမီးများ အတွက်ဘဝတစ်သက်တာ ဗေဒင် ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်္ဂါနေ့ – သားသမီးများ အတွက်ဘဝတစ်သက်တာ ဗေဒင် ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အင်္ဂါနေ့ – သားသမီးများ အတွက်ဘဝတစ်သက်တာ ဗေဒင် ဟောကိန်း

အင်္ဂါနေ့ – သားသမီးတို့သည် အရပ်ခပ်မြင့်မြင့် ခပ်သွယ်သွယ် ခပ်ကိုင်းကိုင်း ရှိတတ်သည်။ အရွယ်နုပျို၍ ပေါ်လွင်ထင်ရှားသော လက္ခဏာများ ရှိတတ်သည်။
ခြေလက်များမှာ အသားပို၊ မှဲ့၊ မှတ်၊ ကြွက်နို့၊ ငယ်နာ များ ပါရှိတတ်သည်။
ထို့ပြင် ပညာများကို များစွာတတ်၍ ဒေါသကလေး ခပ်ပါပါနှင့် နေလေ့ရှိသည်။

၄င်း-အင်္ဂါနေ့-သားသမီးတို့သည် မွေးဖွား၍ ၈ – နှစ်အတွင်းမှာ အင်္ဂါ-ပါပဂြိုဟ်၌ မွေးဖွားသောကြောင့် အလွန်တရာ ညံ့သည်ဟု အဟောထွက်လေသည်။
အသက် ၃ – နှစ် အရွယ်တွင် တြင်း၊ နဝင်းပြတ်သောကြောင့် ညံ့သည်။ အရှေ့တောင်ထောင့်သို့ ခရီးမသွားကောင်း၊ ဆင်ခြင်ရမည်။
၄င်းပြင် ၅ နှစ် အရွယ်တွင် ရာဟု ပါပဂြိုဟ် သက်ရောက်သောကြောင့် ညံ့သည်။ ဝမ်း၊ ရင် မှာ ဥပဒ် ပေးတတ်သည်။ ဝက်သားကို ရှောင်ရမည်။
သုဿန်သင်္ချိုင်းများ မသွားရ။ သွားမိလျှင် ဝေဒနာ
ကြီးစွာ ရတတ်သည်။

သို့ကြောင့် သုဿန်သင်္ချိုင်း လုပ်တိုင်း ရပ်မြေ သွားမိလေ၍ အနေမသာ ရင်ထဲမှာလည်း လောင်စာ ပူစပ် ရှိလတ်မမှား၊ ဝက်အသားကို ရှောင်ရှားမရှိ၊ စားလေမိ၍ မချည့်ပြင်းပြ အနာရအံ့ဟု အဟော ရှိလေသည်။ ကျော်လျှင် မထောင်းတာ။

အသက် ၈ – နှစ်က အကျော် ၉ – နှစ်ကစ၍ ဗုဒ္ဓဟူး သောမဂြိုဟ် စားသဖြင့် အသက် ၂၅ – နှစ် အတွင်းမှာ အညံ့မရှိ၊ စီးပွားချမ်းသာ လာဘ်ပဏ္ဍာတို့ ထပ်ခါ ထပ်ခါ တိုးပွား၍၊ ကောင်းကျိုးချမ်းသာ များစွာ ရလိမ့်မည်ဟု အဟော ထွက်လေသည်။
အသက် ၂၅ – နှစ် အတွင်း၌ အသက် ၁၆၊ ၁၈၊ ၂၀၊ ၂၂ နှစ်များတွင် သာ၍ ကောင်းသော နှစ်များဟု အဟောထွက်လေသည်။

၄င်းနှစ်များ၌ အလွန်တရာ နူးညံ့သိမ်မွေ့ လှပသော (စုတ်)မိန်းမများနှင့် အိမ်ထောင်ကျတတ်သည်ဟု အဟောထွက်လေသည်။အသက် ၂၀၊ ၂၂ နှစ် ၄င်းနှစ်များ၌ စုတ်လာဘ် အလွန်အားကြီး၍ အပျိုအရွယ် ဖြစ်လျက်နှင့် နေထိုင်မကောင်း ရှိပါလျှင် ခြေနှစ်ချောင်းများ ခမဲပေးရပါမည်။ သို့မှသာ နေကောင်းပေမည်။
သို့ဖြင့် ကျမ်းဂန်များ၌ အပျိုအရွယ် နွမ်းနယ်စိတ်ညစ် နာထုံလစ်မူ ခြေနှစ်ချောင်းလျှင် ပေးမှ သင့်မည်ဟု အဟောထွက်သည်။

အသက် ၂၅ – နှစ်အကျော် ၂၆ – နှစ်ကစ၍ အသက် ၃၅ – နှစ်အထိ ပါပ- စနေဂြိုဟ်မှ ဂြိုဟ်စားသောကြောင့် ညံ့သည်ဟု မှတ်ယူရပါမည်။
ထိုအသက် ၃၅ – နှစ်အတွင်း အသက် ၂၇၊ ၂၉၊ ၃၁၊ ၃၃၊ ၃၅ နှစ်များမှာ ပါပဂြိုဟ်သို့ သက်ရောက်ကြုံသောကြောင့် ညံ့သည်ဟု အဟောထွက်၏။
ထိုနှစ်များတွင် အသံမှာ စွာလောင် စွာလောင်နှင့် ဒေါသကလေးပါပါ၊ လင်သား၏ အကြောင်း မကောင်းပြောလေ့ရှိသော မိန်းမများနှင့် တွေ့တတ်၏။

မိန်းမဖြစ်က အရက်သောက်၊ ဘိန်းစား၊ အသုံးမကျသော လူများနှင့် အိမ်ထောင်ကျတတ်သည်။ သို့အတွက် အထက်က ပြဆိုခဲ့သော နှစ်များ၌ အထူးဆင်ခြင်ပါလေ။
၄င်းအသက် – ၃၅ နှစ်အတွင်း ဆွေမျိုးတို့နှင့် မသင့်မြတ်ဘဲ ခဏခဏ ရန်ဖြစ်ရတတ်သည်။ ၄င်းပြင် စုန်းနတ်များ နှောင့်ယှက်၍ နေထိုင်မကောင်း ရှိမည်။
ထို့ကြောင့် ကျမ်းဂန်များ၌ စနေဂြိုဟ်မှာ ဖုတ်၊ ပြိတ္တာနှင့် ဒေဝယက္ခ စုန်းမအတတ်၊ တစ္ဆေနတ်တို့ နံရပ်ခွင်က ညှို့တတ်သည်။

ဆွေမျိုးဖော်တို့နှင့် သော်လည်း ငွေလျော်စလောက် လက်ရောက်ပုတ်ခတ် ရန်ဖြစ်တတ်စွ ဟု ပညာရှိများ စပ်ဆိုခဲ့လေသည်။ ထို့ကြောင့် ၃၅ – နှစ်အတွင်း ညံ့သည်ဟု မှတ်လေ။

အသက် ၂၇ နှစ် နှင့် ၃၅ – နှစ် များမှာ စနေဂြိုဟ်သက်ရောက် ကြုံသောကြောင့် နေထိုင်မကောင်း ရှိပါလျှင် စနေနံ နွားသားဖြစ်စေ၊ နှမ်းဆီဖြစ်စေ မစားပါနှင့် ရှောင်ပါလေ။ သို့အတွက် ကျမ်းဂန်များ၌ စုန်း၊နတ်၊ပြိတ္တာ နတ်မိစ္ဆာကြောင့် ဖျားနာလည်းရ သွေးပြည်ကျ၏။ ဒေါသသင့်လောင်း ရှင်ကြောင်းမတည် မအီမသာ ခြေပါဒရက် တက်သက်ပူဆာ ဝမ်းနာပေးတဲ့ ဝေးစေနွားသား နှမ်းဆီများကို မစားစေလို ရှောင်လေဆိုတော့ ဟူ၍ ရှေးပညာရှိများ မိန့်ကြားတော်မူခဲ့လေသည်။
သို့ကြောင့် အစစ ဆင်ခြင်ပါလေ။

တဖန် ၃၅ – နှစ်ကအကျော် သောမဖြစ်သော ကြာသပတေးဂြိုဟ်သို့ ကူးပြောင်းသဖြင့် အသက် ၅၄ – နှစ်အတွင်း ရောဂါမရှိ၊ ပကတိ ကျောက်တိုင်ကဲ့သို့ ခိုင်မာစွာ အကျိုးပေးလိမ့်မည်ဟု အဟောထွက်လေသည်။
၄င်းပြင် မင်းအစိုးရများ အချီးအမြှောက် ခံရခြင်း၊ မြို့စားရွာစားဖြစ်ခြင်း၊ သြဇာ အာဏာ အထူးရစေခြင်း၊ လယ်ယာမိုးမြေနှင့်တကွ ရတနာများ ထပ်ခါထပ်ခါ ဝင်ခြင်း၊ အခြေလေးချောင်းနှင့်တကွ စုတ်ကောင်းလာဘ်ကောင်း ဝင်လိမ့်မည်ဟု အဟောထွက်၏။

ထို့ကြောင့် ကျမ်းဂန်များ၌ ဂြိုဟ်မြင်ဇီဝါ စားသော ခါမူ ရာဇပူဇော် ထင်ပေါ်သတင်း လယ်ခင်းချောင်းတာ မြို့ကျေးရွာနှင့် ဖြူစွာ ဝတ်စား၊ လာဘ်များ
ပြီးမူ ခြေလေးခုလည်း လုလုမကြ နောက်ကလာအံ့ဟု ရှေးပညာရှိများ စပ်ဆိုခဲ့ပေသည်။

သို့အတွက် ဇာတာရှင်အား အသက် ၅၄ နှစ် အတွင်း၌ စုတ်ရောလာဘ်ပါ အရာရာတို့သည် သမ္မာဒေဝ နတ်ကောင်းများ မ.စ ၍ လောက၌ ဂုဏ်မညှိုးအောင် ဟိုးဟိုးတောက် ကောင်းစားလိမ့်မည်ဟု အဟောထွက်၏။

ထို အသက် ၅၄ – နှစ်အတွင်း အသက် ၃၈၊ ၄၀၊ ၄၂၊ ၄၄၊ ၄၆၊ ၅၀၊ ၅၂ – နှစ်များသည် သောမဂြိုဟ် သက်ရောက်သောကြောင့် ဒါန ကုသိုလ်ထူးများ ပြုရသဖြင့် နှစ်တိုင်းထက် ပိုမို၍ ကောင်းသောနှစ်များဟု အဟောထွက်လေသည်။

(သို့သော် သတိပြုရန်မှာ အင်္ဂါသားသမီးများသည် အသက် ၃၆ – နှစ်မှ အသက် ၅၄ – နှစ် အထိမှာ ကြာသပတေးဂြိုဟ်စား ဘုမ္မိဂြိုဟ်စား ကျနေသည်။ ယတြာမှာ – အင်္ဂါသားသမီးများသည် တောင်အရပ်တွင် ဆီးပင် သို့မဟုတ် စကားစိမ်းပင်ကို ရှင်အောင် စိုက်ရပါမည်။

ဘုမ္မိကြီး ကျသောနှစ်မှာ – ကြာသပတေး ဂြိုဟ်စား၍ တနင်္ဂနွေ သက်ရောက်သော အသက် ၃၉ နှစ်နှင့် ၄၇ နှစ်များ ဖြစ်၏။ ဘုမ္မိနှစ်ထပ်ကျသော နှစ်မှာ ၃၆ နှစ်၊ ၄၄ နှစ်၊ ၅၂ နှစ်တို့ဖြစ်၍ သတိထားရပေမည်။)

၄င်း- အသက် ၅၄ – နှစ်ကျော်သော် ပါပ ရာဟုဂြိုဟ်သို့ ဂြိုဟ်စားသဖြင့် အသက် ၆၆ – နှစ်အထိ ညံ့သည်။ သို့ကြောင့် လေနာ ရင်နာ ဝမ်းနာ ဥပဒ်ပေးတတ်လေသည်။
သို့အတွက် ဝက်သား၊ ရဲယိုသီး၊ ရဲယိုရွက် မစားနှင့် ရှောင်ပါလေ။
၄င်းပြင် သုဿန်သင်္ချိုင်းများ အသွားအလာ ဆင်ခြင်ပါ။ မဆင်ခြင်လျှင် ရောဂါဝေဒနာ ခဏခဏ ပေးလိမ့်မည်။

အသက် ၆၆ – နှစ်ကအကျော် ၈၇ – နှစ်အတွင်း တတိယအရွယ်မှာ သောကြာ သောမဂြိုဟ် စားသောကြောင့် အလွန်တရာ ကောင်းပါသည်။ ရောဂါဝေဒနာ အထူးမရှိ၊ ပကတိ ကျန်းမာချမ်းသာစွာ အကျိုးပေးလိမ့်မည်။
ဇရပ်၊ တန်ဆောင်း၊ ဂူ ကျောင်း၊ ဘုရားနှင့်တကွ ကုသိုလ်ထူးများ ပြုရတတ်ပေသည်။ လောက၌ ထင်ရှားအောင် အံ့တစ်ပါး အကျိုးပေးလိမ့်မည်ဟု အဟော ထွက်လေသည်။

ရေးသားသူ –ညွန့်လွင်(စက်မှုတက္ကသိုလ်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။