အိမ်ငှားဘ၀မှအိမ်ပိုင်ရှင်ဘ၀သို့..

Astrology
အိမ်ငှားဘ၀မှအိမ်ပိုင်ရှင်ဘ၀သို့..

ကျွန်တော့်ရဲ့ ဗေဒင်မိတ်ဆွေတွေကနေ အိုးပိုင်အိမ်ပိုင်နဲ့ နေလိုတယ်လို့ မကြာခဏ လာလာ ပြောကြတာရှိတယ် ။ အဲလိုလာပြောရင်တော့ အောက်ပါ ယတြာတွေကို လုပ်ခိုင်းလိုက်ပါတယ် ။ အောက်ပါအတိုင်းလည်း လုပ်ပါ ။ ကိုယ်တိုင်လည်း လုံ့လ ဝီရိယ စိုက်ထုတ်ပြီး စီးပွားဥစ္စာလည်း ရှာဖွေကြပေါ့ခင်ဗျာ ။

နံပါတ်(၁)ယတြာကတော့ အုန်းသီးအခွံနှင့် စာကလေးအိမ် သို့ အလူမီနီယံ စာအိမ်ကလေးတွေ ဆောက်လုပ် ချိတ်ဆွဲပေးရပါမယ် ။ အပြင်ကတော့ အုန်းဆံကြိုးနဲ့ ချည်နှောင်ပြီး အိမ် တံစက်မြိတ်မှာ တွဲလောင် ချည်ထားပေးပါဗျာ ။ မကြာမီမှာ စာအိမ်လေးထဲကို စာကလေးတွေ လာရောက် နေထိုင်ကြပါလိမ့်မယ် ။ နေ့စဥ် နေ့တိုင်းတော့ အဲဒီ ငှက်အိမ်လေးတွေမှာ လာနေကြတဲ့ စာငှက်ကလေးတွေကို အစာကျွေးပေးရပါမယ် ။အစာကျွေးပေးရင်းနဲ့ “ကျွန်ုပ်သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေထိုင်နိုင်ရပါစေ” လို့ ဆုတောင်းပေးပါ ။ ဒါက နံပါတ်(၁) ယတြာပါ ။

နံပါတ်(၂)ယတြာက ညောင်ပင်ကြီးကြီး တစ်ပင်ကို ရှာပါ ။ တွေ့ပြီဆိုရင် အဲဒီ ညောင်ပင်မှာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ်ပါ ။ ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာ ရုက္ခစိုးစင် သွားရောက် ဆောက်လုပ်လှူဒါန်းရမယ် ။ လှူတဲ့ ရုက္ခစိုးစင်မှာလဲ မကြာမကြာ သွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူပြီးရင် ရုက္ခစိုးနတ်မင်းဆီမှာ”အိုးပိုင် အိမ်ပိုင်တစ်လုံးနဲ့ အမြန်နေရပါလို၏” လို့ ဆုတောင်းရပါမယ် ။ ပြီးရင် အောက်က ဂါထာကို (၃၇)ခေါက် နေ့စဉ်ရွတ်ပေးပါ ။

ရုက္ခဇိုးဂါထာတော်

အာကာသဋ္ဌာန ဘူမဋ္ဌာစ
ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ ။
ဣဒ္ဓိမန္တော စ ယေ ဒေဝါ ။
မံ ပါပတေု ပတိစ်ဆိတံ ။

အားလုံးလည်း ကိုယ်ပိုင်အိုးအိမ်များနဲ့ အဆင်ပြေစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။