အသက် ၉၀ အရွယ်မှာ ၉ ဆင့်မြောက် ဂျူဒိုခါးပတ် ရခဲ့သူ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၉၀ အရွယ်မှာ ၉ ဆင့်မြောက် ဂျူဒိုခါးပတ် ရခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အသက် ၉၀ အရွယ်မှာ ၉ ဆင့်မြောက် ဂျူဒိုခါးပတ် ရခဲ့သူ
ဗြိတိန်နိုင်ငံမှာ ၉ ဆင့်မြောက် ဂျူဒိုခါးပတ်ရသူ ၆ ယောက်ပဲ ရှိတဲ့အနက် အသက် ၉၀ အရွယ် အဘိုးအို မိုက်ကယ်လစ်ချ်လည်း ပါဝင်ပါတယ်။ သူဟာ ဗြိတိန်နိုင်ငံရဲ့ ၉ ဆင့်မြောက် ဂျူဒိုခါးပတ် ရသူတွေထဲမှာ အသက်အကြီးဆုံးအဖြစ် စံချိန်တင်ခဲ့သူပါ။
မိုက်ကယ်လစ်ချ်ဟာ တော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်နေတုန်း လန်ဒန်ဂျူဒိုအဖွဲ့အစည်းကို ပူးတွဲတည်ထောင်သူရေးတဲ့ ဂျူဒိုစာအုပ်ကို ဖတ်မိပြီး ဂျူဒိုအားကစားကို စိတ်ဝင်စားခဲ့တာပါ။ သူဟာ ၁၉၅၅ ခုနှစ် ဂျူဒိုပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာတော့ ကင်ရူဂျူဒိုကလပ်ကို တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ဂျူဒိုကလပ်ဟာ အသင်းသား ၅၂၀ ဦးအထိ ရှိလာခဲ့ပြီး ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ဂျူဒိုကလပ်လည်း ဖြစ်ခဲ့ဖူးပါတယ်။
ဂျူဒိုအားကစားမှာ (ဗြိတိန်နိုင်ငံရဲ့ အဆင့်ရေတွက်မှုအရ) ၁၀ ဆင့်ရှိပြီး ခါးပတ်အနက် ရရှိပြီးမှသာ နောက်ဆုံးအဆင့်တွေကို တက်လှမ်းနိုင်မှာပါ။ နောက်ဆုံးအဆင့် (၄)ဆင့်ကတော့ ဂုဏ်ထူးဆောင်အဆင့်တွေဖြစ်ပြီး နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ် အမှတ်ပေးဒိုင်တွေက သူတို့ရဲ့ ဘဝတစ်သက်တာ စွမ်းဆောင်၊ အောင်မြင်မှုတွေကို ထည့်သွင်းစဉ်းစားပြီးမှ ခါးပတ်ပေးတာ ဖြစ်ပါတယ်။
မိုက်ကယ်လစ်ချ်ဟာ ဗြိတိန်နိုင်ငံက သက်ကြီးရွယ်အို ဂျူဒိုသမားတွေအတွက် ပြိုင်ပွဲတွေ စီစဉ်ကျင်းပပေးခဲ့ဖူးသလို အထူးစောင့်ရှောက်မှု လိုအပ်နေသူတွေအတွက်လည်း ဂျူဒိုသင်တန်းတွေ ဖွင့်လှစ်ပေးခဲ့သူပါ။
ရေးသားသူ –Yoyarlay
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။