ထိုင်ဝမ်ရုပ်သံလိုင်းတစ်ခုက ပထမဆုံး AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို မိတ်ဆက်

International News
ထိုင်ဝမ်ရုပ်သံလိုင်းတစ်ခုက ပထမဆုံး AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို မိတ်ဆက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထိုင်ဝမ်ရုပ်သံလိုင်းတစ်ခုက ပထမဆုံး AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို မိတ်ဆက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထိုင်ဝမ်ရုပ်သံလိုင်းတစ်ခုက ပထမဆုံး AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို မိတ်ဆက်


ထိုင်ဝမ်က ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ FTV News က ၂ မိနစ်စာ မိုးလေဝသခန့်မှန်းချက်ကို တင်ဆက်ပေးတဲ့ AI မိုးလေဝသကြေညာသူကို မိတ်ဆက်ခဲ့ပါတယ်။ ၆ လကြာ AI ကို ဆက်တိုက်တိုးတက်အောင်လုပ်ပြီးတဲ့နောက် တနင်္လာနေ့က AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို တိုက်ရိုက်ကြေညာစေခဲ့တာပါ။

ဒီဆန်းသစ်တီထွင်မှုက အထူးသဖြင့် နည်းပညာအခြေခံအင်တာနက်ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူတွေရဲ့လျင်မြန်စွာ ပြောင်းလဲနေတဲ့ စာဖတ်ခြင်းနဲ့ နားထောင်ခြင်းအလေ့အထကို ဖြေရှင်းဖို့ ရည်ရွယ်တာပါ။

ပြီးခဲ့တဲ့နှစ်ကစပြီး အမေရိကန်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယအပါအဝင် နိုင်ငံတော်တော်များများက AI တီဗီတင်ဆက်သူတွေကို အသုံးပြုနေခဲ့ကြတာပါ။ ထိုင်ဝမ်မှာ ဒီAI မိုးလေဝသအစီအစဉ်တင်ဆက်သူကို မိတ်ဆက်ပေးတာ ပထမဆုံးအကြိမ်ပါပဲ။ AI တင်ဆက်သူက မဒရစ်၊ စပိန်နဲ့ ကမ္ဘာ့တစ်ဝှမ်းက အခြားအဓိကမြို့ကြီးတွေရှိ ရာသီဥတုအခြေအနေတွေကို အသေးစိတ်ကြေညာခဲ့တာပါ။

အမည်ကို မဖော်ပြရသေးတဲ့ ဒီ AI မိုးလေဝသအစီအစဉ်တင်ဆက်သူကို လက်တွေ့ဆန်တဲ့ လူသားပုံရိပ်တွေကို ဖန်တီးနိုင်စေတဲ့ Artificial Intelligence Global Company (AIGC) နည်းပညာကို အသုံးပြုပြီး ဖန်တီးခဲ့တာပါ။ ဒါ့အပြင် ပုံရိပ်ယောင်တင်ဆက်သူဟာ အရင်က ထုတ်လွှင့်မှုတွေကနေ သင်ယူနိုင်စွမ်းရှိပြီး စကားပြောပုံ၊ ခေတ္တရပ်ထားတာ၊ သရုပ်ဖော်တာနဲ့ အလုံးစုံတင်ဆက်မှုပုံစံတွေကို လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒီထိုင်ဝမ်ရုပ်သံလိုင်းက AI တင်ဆက်သူကို သီးခြားအခြေအနေတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လေ့ကျင့်ဖို့ နေ့စဉ်သတင်းဇာတ်ညွှန်းတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။