ချမ်းလို့ ရေမချိုးဖြစ်တဲ့သူတွေအတွက် အနံ့အသက်ကောင်းစေမယ့် နည်းလမ်းများ

Health Knowledge
ချမ်းလို့ ရေမချိုးဖြစ်တဲ့သူတွေအတွက် အနံ့အသက်ကောင်းစေမယ့် နည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချမ်းလို့ ရေမချိုးဖြစ်တဲ့သူတွေအတွက် အနံ့အသက်ကောင်းစေမယ့် နည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချမ်းလို့ ရေမချိုးဖြစ်တဲ့သူတွေအတွက် အနံ့အသက်ကောင်းစေမယ့် နည်းလမ်းများ

ရေချိုးတယ်ဆိုတာ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးကြီးလှပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေမချိုးဖြစ်တဲ့အခိုက်အတန့်တွေရှိပါတယ်။ ရေချိုးဖို့ အချိန်မရလိုက်တာပဲဖြစ်ဖြစ် ခရီးသွားနေလို့ပဲဖြစ်ဖြစ်၊ ဆောင်းရာသီမှာ ချမ်းအေးလို့ ရေမချိုးနိုင်ဘူးပဲဖြစ်ဖြစ် ရေမချိုးမှန်းမသိသားအောင် အနံ့အသက် ကောင်းချင်ကြတယ်မလား။ အဲဒီအတွက် နည်းလမ်းရှိပါတယ်နော်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာကိုတော့ စာဖတ်ပရိသတ်တွေကိုယ်တိုင်ပဲ ဖတ်ရှုကြည့်လိုက်ကြနော်..။

ခန္ဓာကိုယ်လိမ်းဆီကို အသုံးပြုပါ

ရေမချိုးဖြစ်တဲ့အချိန်မျိုးမှာဆိုရင် ဖြန်းလို့ရတဲ့ ရေမွှေးထက် အနံ့မွှေးတဲ့ ခန္ဓာကိုယ်လိမ်းအဆီကို အသုံးပြုတာ ပိုကောင်းပါတယ်။ ခန္ဓာကိုယ်လိမ်းအဆီရဲ့ရနံ့က အသားရေမှာ အချိန်အကြာကြီးစွဲတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သဘာဝဆန်တဲ့ရနံ့ကို ရွေးချယ်ပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးလို့ရပါတယ်။

Baby Wipe တစ်ရှုးကို သုံးပါ

Baby Wipe တစ်ရှုးက အနံ့ဆိုးတွေကြောင့်ဖြစ်လာတဲ့ ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားနိုင်သလို ခန္ဓာကိုယ်ကိုလည်း သန့်ရှင်းအောင်လုပ်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။

အနံ့အသက်ပျောက်ဆေးကို နှစ်ထပ်လောက်သုံးပါ

အနံ့အသက်ပျောက်ဆေးကို အသုံးပြုတာက ချွေးနံတွေကို ပျောက်အောင် ကူညီပေးပါတယ်။ အနံ့အသက်ပျောက်ဆေးနှစ်ထပ်လောက်အသုံးပြုပေးတာက ဘတ်တီးရီးယားတွေကို သတ်ပေးတဲ့အပြင် ပိုပြီးလည်း ထိရောက်မှုရှိပါတယ်။

အောက်ခံအဝတ်တို့ကို လဲလှယ်ပါ

ရေမချိုးဖြစ်ဘူးဆိုရင်တောင် အောက်ခံအဝတ်တွေကိုတော့ လဲလှယ်ပေးသင့်ပါတယ်။ အဲဒီလိုလဲလှယ်ပေးခြင်းဖြင့် ချွေးထွက်ခြင်းကြောင့်ဖြစ်လာတဲ့ အနံ့အသက်ဆိုးတွေကို နည်းနိုင်သမျှနည်းအောင်ကူညီပေးနိုင်ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစပ်ပါတဲ့ အစားအစာတွေကို ရှောင်ပါ

ကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေက အနံ့အသက်ဆိုးတွေကို ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ ရေမချိုးဖြစ်တဲ့နေ့မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အစပ်ပါတဲ့အစားအစာတွေကို စားမယ့်အစား ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို စားတာ ပိုကောင်းပါတယ်။

တင်းကျပ်တဲ့အဝတ်အစားတွေကို ရှောင်ပါ

တင်းကျပ်နေတဲ့အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများကို နွေးစေတဲ့အတွက် ချွေးပြန်ပြီး အနံ့အသက်ဆိုးတွေ ထွက်လာနိုင်ပါတယ်။ ခက်ပွပွအဝတ်အစားတွေက သင့်ကို လန်းဆန်းနေအောင် ကူညီပေးနိုင်ပါတယ်။

Dry Shampoo ကို အသုံးပြုပါ

Dry Shampoo က သင့်ဆံပင်ကို ပြန်လည်လှပလာသလို ချွေးကြောင့် ဆံပင်ကပ်စေးစေးဖြစ်ခြင်းကိုလည်း ရပ်တန့်ပစ်နိုင်ပါတယ်။ ဆံပင်အနံ့လေးမွှေးစေပြီး ဆံပင်ပုံကျနေစေမှာဖြစ်ပါတယ်။

ခေါင်းစည်းကြိုး၊ ခေါင်းပတ်တွေကို အသုံးပြုပါ

အကြောင်းအမျိုးမျိုးကြောင့် Dry Shampooကုန်သွားတယ်ဆိုရင် သင့်ဆံပင်ကို ပုံကျနေစေဖို့အတွက် ခေါင်းစည်းကြိုးအထူနဲ့ စည်းထားလို့ရပါတယ်။ သင့်တော်တဲ့ဆံပင်စတိုင်ကို ရွေးချယ်တာကလည်း သင့်ဆံပင်ရဲ့အနံ့ဆိုးနဲ့ ဖုန်မှုန့်တွေကို ဖုံးကွယ်ထားနိုင်ပါတယ်။

အသားရေကို ရေဓာတ်ဖြည့်ပေးပါ

ကိုယ့်ကိုယ်ကို ရေဓာတ်ဖြည့်ပေးတာကလည်း အနံ့အသက်ကောင်းအောင်ကူညီပေးနိုင်ပါတယ်။ ရေများများသောက်တာအပြင် သင့်အသားရေကို ရေဓာတ်ဖြည့်ပေးဖို့အတွက် အနံ့အသက်ကောင်းတဲ့ ခန္ဓာကိုယ်လိမ်းခရင်မ်ကို အသုံးပြုပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။