ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီး

International News
ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီး

ပုံမှာ မြင်ရတာကတော့ အမေရိကန်ဒေါ်လာ ၄.၃ သန်း ( မြန်မာငွေ ၁၃ ဘီလျံနီးပါး) တန်ကြေးရှိတဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားကြီးဖြစ်ပါတယ်။ အိန္ဒိယမျိုးရင်းဖြစ်တဲ့ နီလိုရီနွားတစ်ကောင်အတွက် ပိုင်ဆိုင်မှု ၃ ပုံ၊ ၁ ပုံကို အမေရိကန်ဒေါ်လာ ၁.၄၄ သန်းနဲ့ ဘရာဇီးလေလံပွဲမှာ လေလံအောင်မြင်ခဲ့တာပါ။

ဖြူဖွေးတဲ့အမွေး၊ ပျော့ပျောင်းတဲ့ အသားအရေနဲ့ ကြီးမားတဲ့ ဘို့တွေဟာ နီလိုရီနွားမျိုးတွေရဲ့ ထူးခြားတဲ့ဝိသေသတွေပါပဲ။ နီလိုရီနွားမျိုးတွေဟာ အပူဒဏ် ခံနိုင်လို့ နာမည်ကျော်ကြားပါတယ်။ ဖြူဖွေးတဲ့အမွေးက အလင်းလှိုင်းတွေကို ရောင်ပြန်စေတဲ့အပြင် ဥရောပနွားမျိုးတွေနဲ့ယှဉ်ရင် နီလိုရီနွားမျိုးတွေရဲ့ ချွေးဂလန်းက၂ ဆ ပိုကျယ်ကြီး ချွေးပေါက် ၃၀ ရာခိုင်နှုန်း ပိုများတာကြောင့်လည်း အပူဒဏ်ခံနိုင်တာပါ။

နီလိုရီနွားမျိုးတွေဟာ မာကျောတဲ့ အရေပြားကြောင့် ကပ်ပါးပိုးနဲ့ အင်းဆက်အန္တရာယ်တွေကိုလည်း ကောင်းကောင်းခုခံနိုင်စွမ်း ရှိပါတယ်။ နီလိုရီနွားမတွေဟာ ကားစွင့်တဲ့တင်ပါးရှိပြီး မွေးလမ်းကြောင်း ကျယ်တဲ့အတွက် အလွယ်တကူ သားပေါက်နိုင်စွမ်းရှိတာကလည်း နီလိုရီနွားမျိုးရဲ့ ထူးခြားတဲ့ မျိုးဗီဇတစ်ရပ်ပါပဲ။

Viatina-19 FIV Mara Imóveis လို့ အမည်ပေးထားတဲ့ နီလိုရီနွားအတွက် ပိုင်ဆိုင်ခွင့် တစ်ဝက်ကို ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၈ သိန်းဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကမ္ဘာ့တန်ကြေးအမြင့်ဆုံး နွားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ စံချိန်ဟောင်းကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။
နီလိုရီနွားသိုးတစ်ကောင်ရဲ့ သုက်ရည် ဝ.၅၅ မီလီမီတာဟာ အမေရိကန်ဒေါ်လာ ၅၀၀၀ အထိ တန်ကြေးရှိတယ်လို့ ၂၀၁၈ ခုနှစ်က ဂါးဒီးယန်းသတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။