ကြိတ်မှန်ရွက်၏ဆေးဖက်ဝင်ပုံများ

Health Knowledge
ကြိတ်မှန်ရွက်၏ဆေးဖက်ဝင်ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြိတ်မှန်ရွက်၏ဆေးဖက်ဝင်ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြိတ်မှန်ရွက်၏ဆေးဖက်ဝင်ပုံများ

အဆုတ်ရောင်ခြင်းနှင့် လေရှူပြွန် ရောင်ရမ်းခြင်း ဖြစ်လျှင် ကြိတ်မှန်ပင် ပဉ္စငါးပါး ပြုတ်ရည်ကို ပျားရည် နှင့် ရောပြီး တနေ့(၂) ကြိမ် (၇)ရက်သောက်ပေးလျှင် သက်သာစေသည်

ခန္ဓာကိုယ်နာကျင်ကိုက်ခဲလျှင် ကြိတ်မှန်ရွက် သတ္တုရည် (၅) ရက် သောက်ပေးလျှင် သက်သာစေသည်

ဖျားလျှင် ကြိတ်မှန်ရွက် သတ္တုရည် တနေ့ (၂)ကြိမ်/ (၃) ကြိမ် (၇)ရက် ဆက်တိုက် သောက်ပေးလျှင် သက်သာ စေသည်l

အထွေထွေးအားနည်းခြင်းဖြစ်လျှင် ကြိတ်မှန်ရွက် သတ္တုရည် ကို ဆီးဖြူသီးမှုန့် (3)g နှင့် ရောပြီး တနေ့(၂) ကြိမ် (၄၂)ရက် သောက်ပေးလျှင် သက်သာစေသည်

အသားဝါခြင်း ဖြစ်လျှင် ကြိမ်မှန် ပဉ္စငါးပါး သတ္တုရည်ကို ပျားရည်နှင့် ရောပြီး တနေ့(၂)ကြိမ်/(၃)ကြိမ် (၁၅)ရက် သောက်ပေးလျှင် သက်သာစေသည်

အသဲကြီးခြင်းဖြစ်လျှင် ကြိတ်မှန်ပဉ္စငါးပါး သတ္တုရည် တနေ့(၂)ကြိမ် သောက်ပေးလျှင် သက်သာစေသည်

ဘေလုံးကြီးလျှင် ကြိတ်မှန် သတ္တုရည်ကို ပျားရည်နှင့် ရောပြီး တနေ့ (၂)/(၃)ကြိမ် သောက်လျှင် သက်သာစေသည်

ခန္ဓာကိုယ်ပူခြင်း ခံစားရလျှင် ကြိတ်မှန်ရွက် သတ္တုရည်ကို တနေ့(၂)ကြိမ် (၁၅)ရက် သောက်လျှင် သက်သာစေခြင်း/ အရွက်ဆေးအနှစ်ကို ပူလောင်ခြင်း ခံစားရသော နေရာ လိမ်းပေးလျှင် သက်သာစေသည်

ဆံပင် လွန်စွာကျွတ်လျှင် ကြိတ်မှန်ရွက် သတ္တုရည် တနေ့ (၂)ကြိမ် (၃)လထိသောက်ပေးလျှင် သက်သာစေသည်

ဓာတ်မတည့်ခြင်း၊ မှိုကြောင့် ဆံပင်၊ အရေပြား၊ ခြေသည်း၊ လက်သည်း တို့တွင် ရောဂါဖြစ်လျှင် ကြိတ်မှန်ရွက်ဆေး အနှစ်ကို ရောဂါဖြစ်သောအစိတ်အပိုင်းကို လိမ်းပေးလျှင် သက်သာစေသည်

အစားအသောက်ပျက်လျှင် အစာမစားမှီ ကြိတ်မှန်ရွက် သတ္တုရည် ကို တနေ့(၂)ကြိမ် သောက်ပေးလျှင် သက်သာစေ သည်

ဖောရောင်ခြင်းဖြစ်လျှင် ကြိတ်မှန်ရွက် ပဉ္စငါးပါး သတ္တုရည် ကို တနေ့ (၂)ကြိမ် သောက်ပေးလျှင် သက်သာစေသည်

ရင်တုန်ခြင်းဖြစ်လျှင် ကြိတ်မှန်ရွက် သတ္တုရည်ကို ပျားရည်နှင့် တနေ့(၃) ကြိမ်သောက်ပေးလျှင် သက်သာစေ ပါသည်

သွေးတိုးခြင်းဖြစ်လျှင် ကြိတ်မှန်ပဉ္စငါးပါး ပြုတ်ရည် တစ်နေ့ (၂)ကြိမ်/ (၃)ကြိမ် (၃)လဆက်တိုက်သောက် ပေးလျှင် သက်သာစေပါသည်

အရွယ်မတိုင်မှီ ဆံပင်ဖြူခြင်းကို ကြိတ်မှန်ရွက် သတ္တုရည် ဆံပင်လိမ်းပေးလျှင် သက်သာစေပါသည်

အရေပြားအရေးအကြောင်းဖြစ်လျှင် ကြိတ်မှန်ရွက် သတ္တုရည်ကို အမြစ်မှုန့်နှင့် ရောပြီး နွားနို့နှင့်ရောပြီး တနေ့ (၂)ကြိမ် / (၃)ကြိမ် (၃)လသောက်လျှင် သက်သာစေပါသည်

၀ကျခွံဖွဈလြှငျ ကြိတ်မှန်ရွက် သတ္တုရည်ကို ပျားရည်နှင့် ရောပြီး သောက်လျှင် သက်သာစေပါသည်

မျက်စိအားနည်းခြင်းဖြစ်လျှင် ကြိတ်မှန်ရွက် သတ္တုရည်ကို နွားနို့နှင့် ရောပြီး တနေ့(၂)ကြိမ်သောက်လျှင် သက်သာစေ ပါသည်

ဆီးလမ်းကြောင်း ပိုး၀င်ခြင်းဖြစ်လျှင် ကြိတ်မှန်ပဉ္စငါးပါး သတ္တုရည် (၂)ကြိမ်/(၃)ကြိမ် သောက်ပေးလျှင် သက်သာ စေပါသည်

ကြိတ်မှန်ရွက် သတ္တုရည်ကို အနာဖန်ဆေးအနေဖြင့် အသုံးပြုသည်း

အသဲရောင်ခြင်းကို သက်သာစေသည်၊ အသဲကို ကာကွယ် ပေးသည်

တိုင်းရင်းဆေးကျမ်းများ အရ

အပင်တစ်ပင်လုံး (ပဉ္စငါးပါး) ပြုတ်ရည်ကို အားတိုးဆေးအဖြစ်လည်းကောင်း၊ အသည်းရောင် ရောဂါနှင့် အရေပြားရောဂါကုဆေးအဖြစ်လည်းကောင်း၊ အသုံးပြုလေ့ရှိပါတယ်။

အမြစ်ပါမကျန် အပင်တစ်ပင်လုံးကိုကြိတ်၍ ရရှိလာသော သတ္တုရည်နှစ်စက်ခန့်ကို ပျားရည်နှင့် ရော၍ မွေးကင်းစကလေးများကို တိုက်ကျွေးပေးခြင်းဖြင့် နှာစေးချောင်းဆိုးရောဂါတို့ကို ပျောက်ကင်း စေပါတယ်။

အရွက်ကို ချောင်းဆိုး၊ ခေါင်းကိုက်ရောဂါ၊ အဆစ်ရောင်ရောဂါ၊အသည်းရောင် အတစ်ရောင်ဂါကုဆေး အနာအုံဆေး ဖန်ဆေး အဖြစ်သုံးသည်

ကြိတ်မှန်ရွက်နှင့် အမှုန့်ပြုပြီး နွားနို့နှင်နေ့စဥ်မှီဝဲ သောက်သုံးပေး ခြင်းဖြင့် မျက်စိအမြင်သန်၏ နဲ့သောသွားများခိုင်စေ၏

ကြိတ်မှန်ရွက်နှင့် နှမ်းနက်တို့ကို ဆတူရောကာ အမှုန့်ပြုပြီး နွားနို့နှင့်အမြဲမှီဝဲ သောက်သုံးပေး ခြင်းဖြင့် အနာရောဂါများကင်းစင်၍ အသက်ရှည်ကာ ဆံပင်များနက်မှောင်လာစေနိုင်င်ပါတယ်။

ကြိတ်မှန်ရွက်အားခေင်းကိုက်ရောဂါ

ထိပ်ပြောင်မွှေးကျွတ်ရောဂါ၊ အကြိတ်နာ၊ မီးယပ်ထိန်ခြင်းနှင့် ကာလသားရောဂါများအတွက် အသုံးပြုနိုင်သည်

ကြိတ်မှန်ရွက်ရည်နှင့် ပင်စိမ်းရွက်ရည်တို့ကိုဆတူရော၍ တစ်နေ့နှစ်ကြိမ်ခန့် မီးလောင်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် အပူလောင်ခြင်း လုံးဝပျောက်ကင်းစေရုံသာမက အမာရွတ် လုံးဝမကျန်စေတော့ပေ။

ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်တို့ကို ရှိန်းခိုအနည်းငယ်ထည့်ကြိတ်၍ ရလာသောထိုဆေး ရည်အနှစ်တို့ကို

ကလေးနှာပိတ်ခြင်းအတွက် ငယ်ထိပ်မှ နှာခေါင်းအထိဆွဲချပေးပါ။

ကျောပူ၊ ခေါင်းပူ၊ ချွဲထခြင်းအတွက် ငယ်ထိပ်ပေါ်တွင် ပါးပါးလိမ်းပေးပါ။

ကလေးအညှော်မိ၊ သန်ထ၊ သန်ဝမ်းသွား၊ ကျောက်ဝက်သက်၊ ရေကျောက် ရောဂါများအတွက် မိခင်နို့ရည်ဖြင့် ဖျော်ပြီးတိုက်ပေးပါ။

မီးယပ်သွေးငုပ်ခြင်းအတွက် အရွက်ကို ထန်းလျက်အနက်ရောင်ဖြင့် သုံးခွက်တစ်ခွက်တင် ကြို၍သောက်ပေးခြင်းဖြင့် ရာသီသွေးပေါ်လာစေနိုင်ပါတယ်။ သားဖွားပြီးနောက် သားအိမ်ကိုက်ခဲခြင်း ကိုလည်း ပျောက်ကင်းစေပါတယ်။

ဆံပင်ကျန်းမာရေးအတွက် ကြိတ်မှန်ပင်ကို အောက်ပါနည်းလမ်းအသွယ်သွယ်တို့ဖြင့် အသုံးပြု နိုင်ပါတယ်။

ဆံပင်ပေါက်မှုကို အားပေးသည့်အပြင် ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါတယ်။ အပင်တစ်ပင် လုံးကို ကြိတ်ချေ၍ ရလာသောသတ္တုရည်ကို ဆံပင်နက်ဆိုးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ၎င်းအ ရည်ဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးခြင်းဖြင့်လည်း ဆံပင်သန်စွမ်းစေပါတယ်။

ကွမ်းရွက်၊ ကြိတ်မှန်ရွက်၊ မြင်းခွာရွက်၊ ထောလပတ်ရွက်၊ လက်ဖက်ပုပ်နှင့် ဆီးဖြူသီး စတဲ့ ခြောက်မျိုးကို အလေးချိန်ပမာဏ ဆတူရောထောင်း၍ ကြိတ်ချေပါ။ ရလာသည့် ၎င်းခြောက်မျိုး၏အ ရည်ကို အုန်းဆီစစ်စစ်နှင့် ဆတူရောစပ်၍ အညိုရောင်ဖန်ပုလင်းသန့်သန့်ထဲမှာ ထည့်သိမ်းပြီး နေ့စဉ် လိမ်းပေးခြင်းဖြင့် မကြာမီဆံသားများ နက်မှောင်တောက်ပြောင်လာပါလိမ့်မယ်။ ၎င်းဆံပင်နက်လိမ်း ဆေးဆီလိမ်းရင်း တရော်ကင်ပွန်သီးတို့ဖြင့် ခေါင်းလျှော်ပေးပါ။

ခေါင်းမလျှော်မီ တစ်ရက်ကြို၍ ည ဘက်မှာဆံပင်နက်အုန်းဆီကို များများလိမ်း၍အိပ်ပြီး နံနက်မှာခေါင်းလျှော်ပါ။

၎င်းဆံပင်နက်အုန်းဆီ ကို လိမ်းပေးခြင်းဖြင့် အရွယ်မတိုင်မီ ဆံပင်ဖြူသူရော၊ ဇရာကြောင့်ဆံပင်ဖြူသူများအတွက်ပါ ဆံသား နှင့်ဦးရေတို့ကို ကျန်းမာစေပြီး ဆံပင်တွေ နက်မှောင်လာစေနိုင်ပါတယ်။

ကြိတ်မှန်ရွက်၊ မန်ကျီးသီး၊ ဆီးဖြူသီးတို့ကိုရောပြီး ညက်စွာကြိတ်၍ မှီဝဲစားသုံးခြင်းဖြင့် ဆံပင် ကျွတ်ခြင်းနှင့်

ထိပ်ပြောင်ခြင်းတို့ သက်သာလာပြီး ဆံပင်ပြန်ပေါက်လာပါလိမ့််မယ်။

ချွေးပေါက်ဖွင့်ဆေး၊ အနာအုံဆေးနှင့် ဖန်ဆေး (အနာသန့်စင်ဆေး) အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

ကြိတ်မှန်ပင် အစိုတစ်ပင်လုံးကို ညက်ညက်ကြိတ်ချေပြီး နှမ်းနက်၏အဆီ (နှမ်းနက်ဆီ) ဖြင့် ချက်ကာ ကိုယ်ရေပြားရောဂါ အနူစွဲခြင်းများကို လိမ်းပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေပါတယ်။

အရေပြားပေါ်တွင် ရေယုန်ကြီးနာဖြစ်ပါက ကြိတ်မှန်ပင်၏ အမြစ်နှင့် နနွင်းမှုန့်တို့ကို ရေဖြင့် သွေး၍နေ့စဉ် လိမ်းကျံပေးပါက ပျောက်ကင်းနိုင်ပါတယ်။

ကြိတ်မှန်ရွက်၊ နှမ်းနက်နှင့် ဆီးဖြူသီးခြောက်ကို အလေးချိန်တူယူ၍ အလေးချိန်သုံးဆ သကြားကိုထည့်ရော၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်မပြတ် မှီဝဲစားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာ၍ အိုသော အဖြစ်မှ နှေးပါလိမ့်မယ်။

ကြိတ်မှန်ပင် အမြစ်နှင့်နနွင်းကို အရွယ်အစားအညီအမျှ အမှုန့်ထောင်းပြီး လိမ်းပေးပါက လိပ် ခေါင်းရောဂါ ပျောက်ပါတယ်။

ကာလသားရောဂါအတွက် ရှေးတိုင်းရင်းသမားတော်ကြီးများ၏ ဆေးဖော်နည်းဖြစ်ပါတယ်။ ကြိတ်မှန်ရွက်၊ ကြစုသီး၊ သစ်ဆိမ့်သီး၊ နှပ်ချိုမြစ်၊ ကြေးနီမှုန့်၊ သံမှုန့်တို့ကို အညီအမျှအလေးချိန်ယူ၍ မှုန့်ညက်အောင်ထောင်းပြီး အနာရှိရာလိမ်းပါက ပျောက်ကင်းစေပါတယ်။

အကျိတ်ရောဂါအတွက် ပင်စိမ်းရွက်၊ ရွေးဖြူရွက်၊ ဗုံလုံခါးရွက်တို့ကို အညီအမျှစီယူ၍ ၎င်းပမာ ဏ၏သုံးဆမျှပိုသော ကြိတ်မှန်ရွက်သတ္တုရည်တွင်ရော၍ ကြိတ်ပြီး အတောင့်လုပ်ထားပါ။ ၎င်းအ တောင့်ကို ဆန်ပုန်းရည်ဖြင့်ရောပြီးလိမ်းပါက အကျိတ်ရောဂါများကို လျက်မြန်စွာ ပျောက်ကင်းနိုင်ပါ တယ်။

နေပူထဲအထွက်များ၍ ခေါင်းအုံး၊ ခေါင်းခဲကိုက်ခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်တွင် ဆိတ်နို့ကိုဆတူယူရောပြီး နေရောင်အောက်တွင် လှမ်းပါ။ ပူနွေးနွေးရှိလာသောအခါ ရှူရှိုက်ပေးပါက ထိုရောဂါပျောက်ကင်းစေပါတယ်။

အသားဝါရောဂါအတွက် ကြိတ်မှန်ရွက် သတ္တုရည်ကို ငြုပ်ကောင်းမှုန့်ရော၍ နံနက်စောစော တွင် ဒိန်ရည်ဖြင့်သောက်ပါ။ ခုနှစ်ရက်တိတိဆက်သောက်ပါက ပျောက်ကင်းသွားပါလိမ့်မယ်။ (သို့) အသည်းရောင်အသားဝါနှင့် အသည်းကြီးခြင်းအတွက်ကိုလည်း ကြိတ်မှန်ပင်ကို ကြိတ်၍ရလာသော သတ္တုရည် စားပွဲတင်ဇွန်းနှစ်ဇွန်းကို နေ့စဉ်မှန်မှန်သောက်ပေးခြင်းဖြင့် အသက်ချမ်းသာရာရစေပါတယ်။

ပြဒါးအဆိပ်သင့်ရောဂါအတွက် ကြိတ်မှန်ရွက်သတ္တုရည်၊ ပေါက်ပန်းဖြူရွက်သတ္တုရည်၊ ဆော်ဒါ မှုန့်တို့ကို ဆန်ပုန်းရည်ဖြင့်ရောပြီး တစ်နေ့သုံးကျပ်သားခန့် သောက်ပေးပါက ပြဒါးများသည် ကျင်ငယ် (ဆီး) မှ သက်ဆင်းပျောက်ကင်းပါမယ်။

အဝလွန်၊ အဆီပိုနေသူများအတွက် နေ့စဉ် ညအိပ်ရာဝင်ချိန်တွင် ကြိတ်မှန်ရွက်သတ္တုရည်ဖြင့် ခန္ဓာကိုယ်ကို လိမ်းပေးပါ။

ခြောက်လတိုင်အောင် ဇွဲရှိရှိဖြင့်ပြုလုပ်ပေးခြင်းဖြင့် များပြားနေသောအဆီ များ လျော့ပါးသွားပြီး အဆီကျိတ်များလည်း ပျောက်ကင်းနိုင်ပါတယ်။

ကလေးငယ်များ စအိုဝတွင် တုတ်ယားယံခြင်းအတွက် ကြိတ်မှန်ရွက်သတ္တုရည်ကို စအိုဝ၌ သုံးကြိမ် (သို့) လေးကြိမ်လူးပေးပါက ပိုးများကျဆင်းလာပါလိမ့်မယ်။

ကြိတ်မှန်ပင်တစ်ပင်လုံးကိုယူ၍ အရိပ်တွင်သွေ့စေကာ အမှုန့်ပြု၍ ထိုအမှုန့်ဖြင့် အလေးချိန်တူ တြိဖလအမှုန့်ရောစပ်ပါ။ ထိုနှစ်မျိုးလုံး၏အလေးချိန်ဖြင့်ညီမျှသော သကြားအလေးချိန်ကိုယူပြီး အမှုန့် ပြုရောစပ်၍ ၎င်းအမှုန့် သုံးမတ်သားကို မှီဝဲစားသုံးခြင်းဖြင့် အစာမကျေရင်ပြည့်ရင်ကယ်ခြင်းနှင့် သွေး အားနည်းရောဂါတို့ ပျောက်ကင်းလာပါလိမ့်မယ်။

နိုင်ငံတကာ သုတေသနစမ်းသပ်ချက်အရ ကြိတ်မှန်ပင်ဟာ ဗီတာမင်ကေ၏ အစွမ်းသတ္တိနှင့် တူညီပြီးသွေးတွင်းရှိ prothrob-obin ဓာတ်ကို မြှင့်တင်ပေးသဖြင့် သွေးတိတ်စေကြောင်း၊ ပိုးသတ် ဆေးအာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒါကြောင့်လည်း ကြိတ်မှန်ပင်များကို မီးဖွားသည့် ကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ခွဲစိတ်ရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြပါ တယ်။ ဒါ့အပြင် ချောင်းဆိုးသွေးပါ၊ ဝမ်းကိုက်သွေးပါ၊ မီးယပ်သွေးများခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ လိပ်ခေါင်းသွေးယိုခြင်း၊ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဒဏ်ရာသွေးထွက်ခြင်းတို့အတွက်လည်း ကြိတ်မှန်ပင်ကို သုံးနိုင်ပါတယ်။

ကြိတ်မှန်ရွက်ကို ရေနွေးဖြောပြီး ပါးပါးလှီးကာ ကြက်သွန်နီဆီချက်၊ နှမ်းမှုန့်၊ ပဲမှုန့်အကျက်၊ မန်ကျည်းမှည့် (သို့) ရှောက် (သို့) သံပရာရည်၊ ငံပြာရည်တို့ဖြင့် သုပ်စားပေးခြင်းဖြင့် အသားအရည် ကြည်လင်စိုပြည်လာပြီး ဝက်ခြံများလည်းပျောက်ကင်းစေပါလိမ့်မယ်။ အမျိုးသမီးများနှင့် အထူးသင့် လျော်ပါတယ်။

ဆင်ခြေထောက်ရောဂါအတွက် ကြိတ်မှန်တစ်ပင်လုံးကိုကြိတ်၍ နှမ်းဆီဖြင့်ရော၍ လိမ်းပေး သင့်ပါတယ်။

ကြိတ်မှန်ပင်အရွက်နှင့် အမြစ်တို့ကို ကြိတ်ချေ၍သောက်ပေးခြင်းဖြင့် သည်းခြေရည်ကောင်းစွာ ထွက်ရှိစေပါတယ်။

ဆေးဖက်ဝင် ကြိတ်မှန်ရွက်ယိုထိုးနည်း ကြိတ်မှန်ရွက် ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီးသား ၂၅ ကျပ်သား၊ ထန်းလျက်သန့်သန့် ၁၀ ကျပ်သား၊ အရည်ညှစ်ပြီးသား ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ကြက်သွန်နီ ပါးပါးလှီးပြီးသား ၁၀ ကျပ်သား၊ စမုန်ျ မျိုးငါးပါး (ဇီယာ-စမုံစပါး-စမွတ်-စမံဖြူ-စမုံဖွဲ) အမှုန့်နှစ်ပဲသားစီ လိုအပ်ပါတယ်။ ၎င်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆားသင့်ရုံနှင့် ရေသင့်ရုံထည့်ပါ။ ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။

ယို အဖြစ်သို့ရောက်လာပါက အအေးခံ၍သန့်စင်သောဘူးသစ်တွင်ထည့်ပြီး အစာနှင့်ဝေးချိန် နံနက်အိပ် ရာထ၊ နေ့လည်-ညအိပ်ရာဝင် တစ်နေ့သုံးကြိမ်စားပေးပါ။

ကြိတ်မှန်ရွက်ယိုဖြင့် ပျောက်ကင်းနိုင်သောရောဂါများမှာ ခံတွင်းပျက်၊ ကိုယ်လက်ဖောရောင်၊ ကိုယ်ဝန် ရှိ ပျို့အန်နာ၊ ကိုယ်ဝန်ပျက်၊ ကြက်မျက်သင့်၊ ချောင်းဆိုးပန်းနာ၊ ခြေတုန်လက်တုန်၊ တစ်ကိုယ်လုံး ယားနာ၊ နှလုံးတုန်ရင်ခုန်၊ နှလုံးရောဂါ၊ ပွေးဝဲနှင်းခူ၊ ဖိုမအင်္ဂါစပ်ရောင်ရောဂါ၊ ဗရင်ဂျီနာ၊ မီးယပ်ကွက်၊ မီးယပ်ခေါင်းကိုက်၊ မီးယပ်ထုံကျင်၊ မေထုံလွန်၊ မျက်စိမှုန်၊ သည်းခြေပျက်၍ ယောင်ပြီးလန့်အော်သော ရောဂါ၊ လေနာ၊ ဝမ်းကိုက်၊ ဝမ်းချုပ်လွန်၊ ဝမ်းသက်လွန်၊ သလိပ်နာ၊ သားအိမ်ကိုက်ခဲ၊ သွေးပုပ်၊ သွေး ဆုံး၊ သွေးလွန်၊ သွေးအားနည်း စသည့်ရောဂါများအတွက် လွန်စွာထိရောက်ပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။