အတူတူ Workout လုပ်ပြီး ကျန်းမာနုပျိုနေကြတဲ့ ကိုရီးယားစုံတွဲ

Celebrity International News
အတူတူ Workout လုပ်ပြီး ကျန်းမာနုပျိုနေကြတဲ့ ကိုရီးယားစုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အတူတူ Workout လုပ်ပြီး ကျန်းမာနုပျိုနေကြတဲ့ ကိုရီးယားစုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အတူတူ Workout လုပ်ပြီး ကျန်းမာနုပျိုနေကြတဲ့ ကိုရီးယားစုံတွဲ

ဆိုးလ်က စုံတွဲတစ်တွဲဟာဆိုရင် အတူတူ Workout လုပ်ပြီး ကျန်းမာရေးလိုက်စားတာကြောင့် အသက် ၆၁ နှစ်နဲ့ ၅၆ နှစ်လို့ မထင်ရလောက်အောင် နုပျိုတက်ကြွနေတာပါ။ သူ့ရဲ့တစ်နေ့တာဘဝနဲ့ ကျန်းမာကြံ့ခိုင်တဲ့နေထိုင်မှုပုံစံအကြောင်းပို့စ်တွေကို သူတို့ရဲ့ okdong_fit အင်စတာဂရမ်အကောင့်မှာ တင်ပေးပါတယ်။

အင်စတာဂရမ်ဗီဒီယိုတစ်ခုမှာ သူတို့ရဲ့သမီးဖြစ်သူ ဂရေ့စ်က သူတို့ ကြံ့ခိုင်ကျစ်လျစ်အောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာကို မျှဝေပေးထားပါတယ်။ သူ့အဖေက တောင်ကိုရီးယားမှာ ခေတ်စားနေတဲ့ trend တစ်ခုကြောင့် Workout လုပ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ ၆ လ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပြီး သူတို့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကို လူမှုကွန်ယက်မှာ မျှဝေရမယ်ဆိုတဲ့ trend ပါပဲ။

သူ့ရဲ့အမေ Workout မလုပ်ခင်က ပုံမှန်ထက်ပိုဝပြီး သူ့အဖေကလည်း အပျော်တမ်းလက်ဝှေ့သမားတစ်ယောက်ဖြစ်တာကြောင့် အရမ်းပိန်ခဲ့တယ်လို့ ပြောထားပါတယ်။ သူ့အမေက သားယောကျာ်းလေးမွေးပြီးတဲ့နောက် ၁ နှစ်အကြာမှာ စပြီး ရေကူးခဲ့တယ်။ နောက် ၅ နှစ်အထိ ရေကူးခဲ့တယ်။

ဂရေ့စ်ရဲ့အဖေက လက်ဝှေ့သမားအဖြစ် နှုတ်ထွက်ပြီးနောက် အပတ်တိုင်း ဘောလုံးကန်ဖြစ်ခဲ့တယ်။ ဒါကြောင့် အမြဲတမ်း တက်ကြွနေခဲ့တာပါ။ ဒါပေမဲ့ ဘောလုံးကန်တာက သူ့ကို ဒူးနာတာဖြစ်လာစေခဲ့ပါတယ်။ မိနစ် ၃၀ ထက်ပိုပြီး လမ်းလျှောက်လို့မရနိုင်ဖြစ်စေခဲ့တာပါ။ ဂရေ့စ်ရဲ့အဖေက Workout လုပ်တဲ့ trend ကို စလုပ်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ သူ့အမေကလည်း အတူတူ Workout လုပ်ဖြစ်ခဲ့တယ်။

သူတို့စုံတွဲက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းစလုပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်ခဲ့တယ်။ ၆ လအကြာမှာ သူတို့စုံတွဲရဲ့ပုံစံက ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့က ဒီမှာတင်ရပ်မနေဘဲ ဆက်ပြီး Workout လုပ်ဖြစ်နေပါတယ်။ သူတို့စုံတွဲက Gym ကို နေ့ခင်းဖြစ်ဖြစ်၊ ညနေဖြစ်ဖြစ် နေတိုင်းပုံမှန်သွားဖြစ်ပါတယ်။
သူတို့စုံတွဲက သူတို့ရဲ့သားသမီးတွေရဲ့အဝေးမှာ နေထိုင်ကြတာပါ။ သားအကြီးဆုံးနဲ့ သမီးဖြစ်သူက အမေရိကမှာ နေထိုင်ကြတာပါ။ ဒါပေမဲ့ နွေရာသီ (သို့) ဆောင်းရာသီတိုင်း သူတို့မိသားစုတွေ အတူဆုံပြီး ခရီးထွက်ဖြစ်ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။