သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေသုံးပြီး ဖန်တီးထားတဲ့ ရှုခင်းပန်းချီကားများ

International News
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေသုံးပြီး ဖန်တီးထားတဲ့ ရှုခင်းပန်းချီကားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေသုံးပြီး ဖန်တီးထားတဲ့ ရှုခင်းပန်းချီကားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေသုံးပြီး ဖန်တီးထားတဲ့ ရှုခင်းပန်းချီကားများ

အခုမြင်တွေ့ရတဲ့ ရှုခင်းပန်းချီကားတွေကို သြဂဲနစ်သီးနှံတွေနဲ့ ပုံဖော်ထားတာပါ။ ၂၀၂၃ ခုနှစ် တောင်ယာလုပ်ငန်းသိမ်းချိန်ကို ဂုဏ်ပြုသောအားဖြင့် ဝေးလ်နိုင်ငံအခြေစိုက် အနုပညာရှင် နာသန်ဝီဘန်းက Yeo Valley Organic ခြံရဲ့ စားဖိုမှူး အလီပမ်ဖရေးရဲ့ အကူအညီ ရယူပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ အသုံးပြုကာ ရှုခင်းပန်းချီကားတွေ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

နာသန်ဝီဘန်းက စတော်ဘယ်ရီ၊ သကြားမုန်လာ၊ ကိုက်လံစတဲ့ အသီးအရွက်တွေကို အသုံးပြုပြီး ၄၈ နာရီတည်းနဲ့ ဖန်တီးခဲ့တာကတော့ အံ့အားသင့်စရာပါပဲ။ သူဟာ စွပ်ပြုတ်၊ ဒိန်ချဉ်၊ ထောပတ် စတဲ့ စားစရာတွေကိုလည်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ရှုခင်းပန်းချီကားတွေ ဖန်တီးရာမှာ အသုံးပြုခဲ့တဲ့ (သို့မဟုတ်) အသုံးမပြုဘဲ ကျန်နေတဲ့ အစားအစာတွေကို စားဖိုမှူး အလီပမ်ဖရေးက ဟင်းပွဲတွေ ချက်ပြုတ်ပြီး နိုင်ငံတဝန်းက လိုအပ်ချက်ရှိတဲ့ မိသားစုတွေထံ လှူဒါန်းပေးခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။