အကျပ်အတည်းများတွက် ဓါတ်ဆင်မယ်….

Astrology
အကျပ်အတည်းများတွက် ဓါတ်ဆင်မယ်….

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကျပ်အတည်းများတွက် ဓါတ်ဆင်မယ်…. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကျပ်အတည်းများတွက် ဓါတ်ဆင်မယ်….

ဒီလိုခက်ခဲ ကျပ်တည်းလှတဲ့ ခေတ်ကာလမှာ လူတိုင်းမှာ အခက်အခဲ အနည်းနှင့်အများ ကြုံတွေ့နေကြရပါတယ်။ လုပ်ငန်းထဲမှာ ငွေကြေးဆုံးရှုံးမှုများခြင်း ၊ ချေးထားသောငွေကြေးများ ပြန်လည်မရရှိခြင်း ၊ ချေးထားသော ငွေကြေးများပြန်လည် မဆပ်နိ်ုင်အောင် ဒုက္ခရောက်ခြင်း ၊ငွေကြေးမချောင်လည်တော့ အိမ်တွင်းရေးတွေလည်း မသာယာချင်း ၊လုပ်ငန်းတွေလည်း အလွဲလွဲအချော်ချော်နှင့် ပြိုကွဲမလိုဖြစ်ချင်း စသော စသော အခက်အခဲပေါင်းများစွာကို လူတိုင်းအိမ်တိုင်း ခံစားကြရပါတယ်။ဒီလိုအခက်အခဲများတွက် အောက်ပါယတြာလေးကို ပြုလုပ်ဆောင်ရွက်ကြည့်ပါ။ မိမိရဲ့ဓါတ်ပုံလေး တစ်ပုံကို ဓါတ်ဘူးထဲထည့်ပါ။

ပြီးတော့ မိမိတွင် ဖြစ်ပေါ်နေသော အခက်အခဲ အကျပ်အတည်းများကို စာရွက်ဖြူတရွက်မှာရေးပြီး ဆုတောင်းစာကို ဓါတ်ဘူးထဲ ထပ်ထည့်ပါ။ ထို့နောက် ဓါတ်ဘူးလေးကို အဖုံးပိတ် ပြီး ၊အဖုံးအပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းညှိပြီး ပူဇော်ပါ။ ၉ရက်တိတိ အချိန်မှန် နေရာမှန် ထွန်းညှိပူဇော်ပါ။

အဆိုပါ ၉ရက်အတွင်းမှာ မိမိရဲ့အခက်များ ပြန်လည်ဓါတ်မှန်လာပြီး အဆင်ပြေချောမွေ့စေတတ်သည် ။ ၉ရက်နားပြီး နောက်ထပ် ၉ရက် ဆက်ထွန်းညှိပူဇော်လည်း ရပါသည်။ အရေးကြီးတာ တစ်ခုက စတီးဓါတ်ဘူးများမရပါဘူး ။ဓါတ်သားနဲ့ပြုလုပ်ထားတဲ့ ဓါတ်ဘူးမှသာ အခက်အခဲများကို အတားအဆီးမရှိ အောင်မြင်မည်ဖြစ်ပါသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။