တစ်နေ့ ခြေလှမ်း ၅၀၀၀ ဝန်းကျင် လျှောက်ရုံဖြင့် ကျန်းမာရေးအကျိုးကျေးဇူး သိသိသာသာ ခံစားရနိုင်

Health Knowledge
တစ်နေ့ ခြေလှမ်း ၅၀၀၀ ဝန်းကျင် လျှောက်ရုံဖြင့် ကျန်းမာရေးအကျိုးကျေးဇူး သိသိသာသာ ခံစားရနိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်နေ့ ခြေလှမ်း ၅၀၀၀ ဝန်းကျင် လျှောက်ရုံဖြင့် ကျန်းမာရေးအကျိုးကျေးဇူး သိသိသာသာ ခံစားရနိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်နေ့ ခြေလှမ်း ၅၀၀၀ ဝန်းကျင် လျှောက်ရုံဖြင့် ကျန်းမာရေးအကျိုးကျေးဇူး သိသိသာသာ ခံစားရနိုင်

ကျန်းမာသန်စွမ်းနေအောင် တစ်နေ့ ခြေလှမ်း ၁၀၀၀၀ လျှောက်ပါလို့ ဆိုကြလေ့ရှိပါတယ်။ ဒါပေမဲ့ လေ့လာမှုသစ်တစ်ရပ်အရ တစ်နေ့ကို ခြေလှမ်း ၅၀၀၀ လောက် လျှောက်ရင်လည်း ကျန်းမာရေး အကျိုးကျေးဇူး သိသိသာသာ ခံစားရတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာတစ်ဝန်းက လူ ၂၂၆၀၀၀ ကျော်ကို လေ့လာဆန်းစစ်မှုအရ တစ်နေ့ ခြေလှမ်း ၄၀၀၀ လျှောက်ရင် အရွယ်မတိုင်ခင်( ရောဂါတစ်ခုခုကြောင့်) thayဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

တစ်နေ့ ခြေလှမ်း ၂၃၀၀ ကျော် လျှောက်ရုံနဲ့ နှလုံးနဲ့ သွေးကြောတွေကို ကောင်းမွန်စေပါတယ်။ လမ်းများများ လျှောက်လေလေ ကျန်းမာရေးအကျိုးကျေးဇူး ပိုရလေလေဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တစ်နေ့ ခြေလှမ်း ၄၀၀၀ လျှောက်သူဟာ နောက်ထပ် ခြေလှမ်း ၁၀၀၀ ပိုလျှောက်လေလေ အရွယ်မတိုင်ခင် thayဆုံးနိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချနိုင်လေလေ ဖြစ်ပါတယ်။

ပိုလန်နိုင်ငံ လော့ဇ်ဆေးတက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်မှ သုတေသနအဖွဲ့ရဲ့ တွေ့ရှိချက်အရ လမ်းလျှောက်ခြင်းဟာ အသက်အရွယ်မရွေး၊ ကျားမမရွေး၊ တည်နေရာမရွေး ကျန်းမာရေး အကျိုးကျေးဇူးရှိစေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသက် ၆၀ မပြည့်သေးသူတွေအတွက် အကျိုးကျေးဇူးအများဆုံး ဖြစ်တာ တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်စဉ်နှစ်တိုင်း ကိုယ်လက်လှုပ်ရှားမှု နည်းပါးလို့ thayဆုံးသူ ၃.၂ သန်းအထိ ရှိနေပြီး ကမ္ဘာတစ်ဝန်းမှာ စတုတ္ထမြောက် လူthayဆုံးမှုအများဆုံး အကြောင်းရင်းတစ်ရပ်အဖြစ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။