စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာတွေကို သက်သာသွားဖို့ဆိုရင်

Health Knowledge
စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာတွေကို သက်သာသွားဖို့ဆိုရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာတွေကို သက်သာသွားဖို့ဆိုရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာတွေကို သက်သာသွားဖို့ဆိုရင်

သင်ဟာ ဆံပင်ကျွတ်တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင် သင်မှာကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင်ဖို့ အခွင့်အရေးများပါတယ်နော်။ စိတ်ဖိစီးတာက မျိုးရိုးကြောင့် ဆံပင်ကျွတ်တာပြီးရင် ဒုတိယအကြီးမားဆုံးဆံပင်ကျွတ်ခြင်းအကြောင်းအရင်းပါပဲ။ တစ်နေ့ကို ရိုးရိုးသာမန်ဆံပင်ကျွတ်တာက ကိစ္စမရှိပေမဲ့ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာကတော့ မကောင်းပါဘူး။ အဲဒီလိုပြောလို့ မစိုးရိမ်ပါနဲ့နော်။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာကို ကုသဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲက တချို့ကို ဒီဆောင်းပါးကနေတဆင့် မျှဝေဖော်ပြပေးလိုက်ရပါတယ်။

တရားထိုင်တာ၊ အသက်ရှုထုတ်တာတွေ လုပ်ပေးပါ

ဆံပင်ကျွတ်တာတွေမဖြစ်ဖို့ စိတ်ဖိစီးတာတွေကို ထိန်းပေးဖို့ လိုပါတယ်။ သင် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် သင်လုပ်နိုင်တာတွေကို လုပ်ပါ။ စိတ်အေးချမ်းသွားဖို့အတွက် (၁၀) မိနစ်လောက် တရားထိုင်တာ (သို့) အသက်ရှုလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီနည်းတွေကို အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုကို လျော့ချတဲ့နေရာမှာ အကူအညီဖြစ်ပါလိမ့်မယ်။

ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပါ

ဆူညံ၊ ညစ်ပတ်ပြီး လေထု ညစ်ညမ်းတဲ့ပတ်ဝန်းကျင်က သင့်ရဲ့စိတ်ကျန်းမာရေးအတွက် အကူအညီမဖြစ်စေနိုင်ပါဘူး။ လက်ရှိအချိန်မှာ လူတော်တော်များများက အိမ်ကနေအလုပ်လုပ်နေရတဲ့အတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖို့ အရေးကြီးပါတယ်။ အိမ်မှာ သင် အလုပ်လုပ်နေတဲ့နေရာကို သန့်ရှင်းသပ်ရပ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးလိုက်ပါ။ သင့်စိတ်ကျန်းမာရေးအတွက် အထောက်အပံံ့ဖြစ်စေပါလိမ့်မယ်။

ဦးရေပြားကို သွေးလည်ပတ်မှုကောင်းအောင်လုပ်ပေးပါ

ဦးရေပြားကို နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့အပြင် မွေးညင်းပေါက်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းအောင်လုပ်ပေးရင်းနဲ့ ဦးရေပြားကို သန့်စင်တဲ့နေရာမှာ အကူအညီပေးတဲ့ ဆံသားလိမ်းဆီကို အသုံးပြုပေးသင့်ပါတယ်။
စိတ်ပင်ပန်းမှု၊ စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုလျော့ချပေးရမလဲဆိုတာ သင်ယူပါ

စိုးရိမ်ပူပန်လာတဲ့အခါ သင့်ခန္ဓာကိုယ်မှာ တင်းမာလာတာကို လျော့ချပစ်ဖို့အတွက် ကြွက်သားလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လိုပါတယ်။ သင့်စိုးရိမ်ပူပန်တဲ့အခါမှာရော သင် စိတ်လန်းဆန်းလာသလို ခံစားရတဲ့အခါမှာပါ သင့်ခန္ဓာကိုယ်က သင် ဘယ်လိုခံစားနေရလဲဆိုတာကို သိပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေကို လျော့ချဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးပြီး မကောင်းတဲ့အတွေးတွေကို ကောင်းတဲ့အတွေးတွေအဖြစ် ပြောင်းလဲပစ်သင့်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကို စားပါ

တစ်နေ့တာကို ကျန်းမာရေးနဲ့ညီညွှတ်စွာစားပေးတာကလည်း ဆံသားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သံဓာတ်၊ ဗီတာမင် ဒီ၊ ဇင့်ဓာတ်တွေရဖို့လည်း လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ဖြည့်စွက်စာတွေကလည်း အကူအညီဖြစ်စေနိုင်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။