မတော်တဆမှုအတွင်း ကားတစ်စီး လေပေါ်လွှင့်ထွက်သွားပြီး အိမ်တစ်အိမ်ရဲ့ဒုတိယအထပ်ပေါ်ရောက်သွားခဲ့တဲ့ ဖြစ်ရပ်

International News
မတော်တဆမှုအတွင်း ကားတစ်စီး လေပေါ်လွှင့်ထွက်သွားပြီး အိမ်တစ်အိမ်ရဲ့ဒုတိယအထပ်ပေါ်ရောက်သွားခဲ့တဲ့ ဖြစ်ရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မတော်တဆမှုအတွင်း ကားတစ်စီး လေပေါ်လွှင့်ထွက်သွားပြီး အိမ်တစ်အိမ်ရဲ့ဒုတိယအထပ်ပေါ်ရောက်သွားခဲ့တဲ့ ဖြစ်ရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မတော်တဆမှုအတွင်း ကားတစ်စီး လေပေါ်လွှင့်ထွက်သွားပြီး အိမ်တစ်အိမ်ရဲ့ဒုတိယအထပ်ပေါ်ရောက်သွားခဲ့တဲ့ ဖြစ်ရပ်

ဆယ်ဗေးနီးယားပြည်နယ်အလယ်ပိုင်းမှာ ကားတစ်စီး လေပေါ် လွှင့်ထွက်သွားပြီး အိမ်တစ်အိမ်ပေါ် ရောက်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ် ၆ ရက်နေ့က ကားမတော်တဆမှုဖြစ်တယ်ဆိုတဲ့ သတင်းပို့မှုကို Junction Fire Company နဲ့ Decatur Volunteer Fire Company တွေက လက်ခံရရှိခဲ့ပါတယ်။ Decatur Volunteer Fire Company ရဲ့ခေါင်းဆောင်က အခင်းဖြစ်ပွားတဲ့နေရာကို နာရီပိုင်းအတွက် ရောက်သွားတဲ့အချိန်မှာ ကားက အိမ်တစ်အိမ်ရဲ့ဒုတိယထပ်ထဲ ဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။

ကားသမားနဲ့ ကားပေါ်ပါလာတဲ့သူတွေကတော့ ကားအတွင်းကနေ ထွက်ပြီးသွားပါပြီ။ သူတို့ကို Geisinger Lewistown Hospital ကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက သူတို့ရဲ့အခြေအနေကို မသိခဲ့ရပါဘူး။ မတော်တဆဖြစ်တဲ့အချိန်မှာ အိမ်ထဲမှာ လူ ၃ ဦးရှိပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သူတို့တွေကို ဆေးဘက်ဆိုင်ရာအဖွဲ့က ကြည့်ရှုကုသပေးခဲ့တဲ့အတွက် ဆေးရုံကို မပို့ဆောင်ခဲ့ရပါဘူး။

ကားက နေအိမ်ရဲ့ကားလမ်းဘေးရှိ ရေမြောင်းငယ်ကို ဝင်တိုက်မိခဲ့တယ်။ အခုလိုတိုက်မိခဲ့တာက ကားကို လေထဲ ပျံတက်သွားစေခဲ့ပြီး အိမ်ရဲ့ဒုတိယထပ်ကို သွားတိုက်မိစေခဲ့တယ်လို့ မီးသတ်ကုမ္ပဏီက ယုံကြည်ထားပါတယ်။ အိမ်ရဲ့ဒုတိယထပ်ကနေ ကားကို ဖယ်ရှားဖို့ အရေးပေါ်အဖွဲ့က အချိန် ၃ နာရီယူခဲ့ရပါတယ်။

ယာဉ်မတော်တဆမှုက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုတစ်ခုဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပြီး အခုအချိန်မှာ စွဲချက်တင်ဖို့ စောင့်ဆိုင်းနေပါတယ်။ အိမ်ကို ပြုပြင်ဖို့ ကုန်ကျစရိတ်ကတော့ မခန့်မှန်းနိုင်သေးပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။