စားသုံးသူတွေ အနံ့စွဲမနေအောင် စားသောက်ပြီးရင် ခေါင်းလျှော်ပေးဦးမယ့် ဟော့ပေါ့ဆိုင်

International News
စားသုံးသူတွေ အနံ့စွဲမနေအောင် စားသောက်ပြီးရင် ခေါင်းလျှော်ပေးဦးမယ့် ဟော့ပေါ့ဆိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စားသုံးသူတွေ အနံ့စွဲမနေအောင် စားသောက်ပြီးရင် ခေါင်းလျှော်ပေးဦးမယ့် ဟော့ပေါ့ဆိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စားသုံးသူတွေ အနံ့စွဲမနေအောင် စားသောက်ပြီးရင် ခေါင်းလျှော်ပေးဦးမယ့် ဟော့ပေါ့ဆိုင်

တချို့တွေက ဟော့ပေါ့ စားရတာကြိုက်ပေမဲ့ ဟော့ပေါ့ဆိုင်ကထွက်လာရင် အနံ့အသက် စွဲနေတာကို မနှစ်မြို့ကြပါဘူး။ ဆံပင်တွေမှာ စွဲနေတဲ့ အဲဒီအနံ့အသက်ဟာ နာရီပေါင်းများစွာ တစ်ခါတလေ နောက်နေ့ကူးသွားတဲ့အထိ စွဲနေတတ်ပါတယ်။

တရုတ်နိုင်ငံ ဝူရှီမြို့မှာရှိတဲ့ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ကတော့ သူတို့ရဲ့ ပင်တိုင်စားသုံးသူတွေအတွက် ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုကိုပါ စတင်လိုက်ပါပြီ။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ရဲ့ ခေါင်းလျှော်စင်က နာမည်ကြီးဗျူတီးဆလွန်းတွေကို ယှဉ်နိုင်စွမ်းရှိပြီး စိတ်ကျေနပ်စရာ ဝန်ဆောင်မှုမျိုးရတယ်လို့ ခေါင်းလျှော်ခွင့်ရသူတွေက ဆိုပါတယ်။

ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ရဲ့ ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုရဖို့ဆိုရင် loyalty point ၂၀၀ ရှိဖို့ လိုပါတယ်။ ဟိုင်တီလောင် ဆိုင်တွေမှာ စားတဲ့အခါ ကျသင့်ငွေ ၁ ယွမ်ကို loyalty point ၁ ပွိုင့် သတ်မှတ်ပေးမှာပါ။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဟော့ပေါ့ဆိုင် လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။

ခေါင်းလျှော်ပေးတဲ့ ဝန်ဆောင်မှုဟာ လက်ရှိအချိန်မှာတော့ စမ်းသပ်ဆဲကာလပဲ ရှိသေးပြီး အောင်မြင်မှုရခဲ့မယ်ဆိုရင် အနယ်နယ်အရပ်ရပ်က ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ခွဲတွေမှာပါ ဝန်ဆောင်မှုပေးသွားဖို့ ရှိပါတယ်။ ဟိုင်တီလောင် ဟော့ပေါ့ဆိုင်ဟာ အရင်ကလည်း ပင်တိုင်စားသုံးသူတွေကို လက်သည်း၊ ခြေသည်းပြင်တာ၊ မိတ်ကပ်လိမ်းပေးတာ အစရှိတဲ့ ဝန်ဆောင်မှုတွေ ပေးခဲ့ဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။