ငါးမျက်စေ့(သို့)အသားမာ(Corn)အတွက်ဆေးနည်းတိုများ

Health Knowledge
ငါးမျက်စေ့(သို့)အသားမာ(Corn)အတွက်ဆေးနည်းတိုများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငါးမျက်စေ့(သို့)အသားမာ(Corn)အတွက်ဆေးနည်းတိုများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငါးမျက်စေ့(သို့)အသားမာ(Corn)အတွက်ဆေးနည်းတိုများ

ဒီရောဂါဟာလည်း လူနှင့် တိရိစ္ဆာန်များ၌ ဖြစ်တတ်ပြီး ခံစားရခက်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။အမှန်တကယ်တော့ ဒီရောဂါဟာ အမြစ်တွယ်တတ်တဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။

ဒီလိုရောဂါဖြစ်ပြီဆိုတာနဲ့ အချို့ဆိုရင် ဆရာဝန်တွေနဲ့ပြသ၍ ခွဲထုတ်ပစ်ကြပြီး ပျောက်ကင်းသွားတဲ့လူ ရှိသလို မပျောက်ကင်းတဲ့လူလည်းရှိပါတယ်။

အခု ကျွန်တော် ပြောပြမှာက အိမ်တွင်းကုထုံးဖြင့် လွယ်ကူစွာ လုံးဝပျောက်ကင်းသွားအောင် ကုသတဲ့နည်း ဖြစ်ပါတယ်။

ပုံမှာပြသထားတဲ့အပင်ရဲ့အမည်က အင်္ဂလိပ်လို(Calotropis Procera)လို့ခေါ်ပါတယ်…မြန်မာလိုဆိုရင်တော့ မုရိုးပင်(သို့)ငဖြူကြီးပင်ဟု ခေါ်ဆိုပါတယ်။ဒေသအလိုက် အမည်နာမ ကွဲလွဲနိုင်ပါတယ်။

အပွင့်မှာအဖြူပွင့်ပင်ရှိသလို ပန်းရောင်ပွင့်အနီရောင်ပွင့်အပင်လည်းရှိပါတယ်…ဒါပေမဲ့ အပင်အားလုံးဆေးဖက်ဝင်ပါတယ်၊အသုံးပြုလို့ရပါတယ်။

အသုံးပြုပုံ

မိမိ၏ ခြေ/လက်မှ ငါးမျက်စေ့(သို့)အသားမာရဲ့အမြစ်ကို သွေးထွက်အောင် ထိုးဆွပြီး မုရိုးပင်(သို့)ငဖြူကြီးပင်မှ ထွက်ရှိသော အဖြူရောင် အစေး(milky-white sap)ကို အသားမာရဲ့အမြစ်အတွင်းထဲသို့ စိမ့်ဝင်သွားအောင် ထည့်ပြီး ဝါဂွမ်းစလေးဖြင့် ပိတ်၍ လေလုံအောင် စည်းပေးထားလိုက်ပါ။နေ့စဉ် မနက်/ည ဂရုတစိုက် ပြုလုပ်ပေးပါက တစ်ပတ်အတွင်း အမြစ်ပြတ် ပျောက်ကင်းသွားစေရမည်။

မုရိုးပင်ဟာ ဘယ်လောက်အထိ့ ဆေးဖက်ဝင်သလဲဆိုရင် အရွက်ကို ဆုံထဲ၌ထည့်ထောင်း၍ အရိုးအက် /အရိုးကျိုးတဲ့နေရာများ၌ အုံ၍ ကြပ်စည်းပေးထားပါက အရိုးကိုပြန်ဆက်စေပါတယ်။အရွက်ကို ပြုတ်စား သုပ်စား လို့လည်းရပါတယ်။

ငါးမျက်စေ့(သို့)အသားမာကို ပျောက်ကင်းအောင် အခြားသောနည်းလမ်းများဖြင့် ကုသလို့ရပါသေးတယ်

(1)ကြက်သွန်နီ(Onion)

ကြက်သွန်နီဥကို အခွံခွာ၍ ညက်သွားအောင်ထောင်းပြီး ငါးမျက်စေ့ပေါ်သို့ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(2)ကြက်သွန်ဖြူ (garlic)

ကြက်သွန်အဖြူကိုလည်း ထောင်း၍ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(3)သင်္ဘောသီး (papaya)

လတ်ဆတ်သော သင်္ဘောသီးအစိမ်းတစ်လုံးကို ထက်ခြမ်းခွဲ၍ ထွက်ရှိလာသော အစေးကို ငါးမျက်စေ့အနာထဲသို့ စိမ့်ဝင်အောင်ထည့်ပေးပြီး ဂွမ်းစဖြင့် ပိတ်၍ စည်းထားပေးပါ။

(4)ကြက်ဆူဆီ(Castro oil)

ကြက်ဆူဆီကို ထည့်ပေးရင်ဖြင့် ငါးမျက်စေ့အနာကို ပျောက်ကင်းစေပါတယ်။

(5)Vitamin E(Oil)

ဆံပင်သန်မာအောင်လိမ်းတဲ့ Vitamin E လို့ခေါ်တဲ့ ဆီကို ထည့်ပေးပါကလည်း ပျောက်ကင်းပါတယ်။

(5)ရှာလကာရည်(Vinegar)

ရှာလကာရည် ကို ထည့်ပေးခြင်းဖြင့်ပျောက်ကင်းစေပါတယ်။

(6)သံပရာရည်(Lemon)

သံပရာရည်ထည့်ပေးလည်း ပျောက်ကင်းပါတယ်။

(7)နနွင်း(ခေါ်)ဆနွင်း(turmeric)

နနွင်း(ခေါ်)ဆနွင်းအမှုန့်ကို ထည့်သိပ်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(8)ဆား(salt)

ရေနွေးပူပူထဲသို့ ဆားများများထည့်၍ ငါးမျက်စေ့သွေးထွက်လာသည့်အထိ့ဆွကာ အနာကို ရေစိမ့်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(9)နာနတ်သီး (pineapple)

နာနတ်သီးအမှည့်ကိုကွင်းလှီးပြီး ကပ်ပေးထားခြင်းဖြင့်ပျောက်ကင်းသက်သာစေပါတယ်။

(10)ဆိုဒါ(soda)

ငါးမျက်စေ့အသားမာကို သွေးထွက်အောင်အမြစ်များကုတ်ထုတ်၍ ဆိုဒါအမှုန့်ကို သိပ်ထည့်ပေးပါက ပျောက်ကင်းစေပါတယ်။

(11)နွယ်ချို(liquorice)

နွယ်ချိုအမြစ်ကို ထောင်း၍ အနာပေါ်သို့ အုံပေးထားခြင်းဖြင့်လည်း ငါးမျက်စေ့(သို့)အသားမာရောဂါကို ပျောက်ကင်းစေပါကြောင်း ကျွန်တော် ဘဝခါးခါးက ဖော်ပြပေးလိုက်ပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။