တစ်မြို့လုံး မီးလောင်ပြာကျပေမဲ့ မီးလောင်မခံရဘဲ အကောင်းအတိုင်း ဆက်ရှိနေတဲ့ စံအိမ်

International News
တစ်မြို့လုံး မီးလောင်ပြာကျပေမဲ့ မီးလောင်မခံရဘဲ အကောင်းအတိုင်း ဆက်ရှိနေတဲ့ စံအိမ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်မြို့လုံး မီးလောင်ပြာကျပေမဲ့ မီးလောင်မခံရဘဲ အကောင်းအတိုင်း ဆက်ရှိနေတဲ့ စံအိမ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်မြို့လုံး မီးလောင်ပြာကျပေမဲ့ မီးလောင်မခံရဘဲ အကောင်းအတိုင်း ဆက်ရှိနေတဲ့ စံအိမ်

မာဝီကျွန်းမှာ တောမီးလောင်ကျွမ်းမှု အကြီးအကျယ် ကြုံခဲ့ရပြီး လာဟိုင်နာတစ်မြို့လုံး မီးလောင်ပြာကျခဲ့ပေမဲ့ မြစ်ကမ်းဘေးမှာရှိတဲ့ နေအိမ်တစ်လုံးကတော့ ထိခိုက်ပျက်စီးမှုမရှိဘဲ အကောင်းအတိုင်း ဆက်ရှိခဲ့ပါတယ်။ လာဟိုင်နာမြို့ကို ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် အပျက်အစီး အပိုင်းအစတွေကြားမှာ ခေါင်မိုးအနီရောင်နဲ့ အဖြူရောင်အိမ်ကြီးတစ်လုံးကို တွေ့ရမှာပါ။

အမေရိကန်ဒေါ်လာ ၄ သန်းတန်ကြေးရှိတဲ့ နေအိမ်ကို သိပ်မကြာသေးခင်ကမှ ပြင်ဆင်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး မီးဘေးဒဏ်ခံနိုင်အောင် ရည်ရွယ်ပြင်ဆင်ခဲ့တာပါ။ အိမ်ပိုင်ရှင်တွေကတော့ ဒိုရာနဲ့ ဒပ်ဒလေတို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။

” တစ်အိမ်လုံးကို သစ်သားတွေနဲ့ပဲ ဆောက်ထားတာပါ။ ကျွန်မတို့သာ မီးဘေးဒဏ်ခံနိုင်အောင် မလုပ်ထားဘူးဆိုရင် မီးထဲ ပါသွားမှာပါ” လို့ ဒိုရာက ဆိုပါတယ်။ သူတို့ဟာ အုတ်ကြွပ်ခေါင်မိုးအစား သံမဏိခေါင်မိုး ပြောင်းလဲတပ်ဆင်ခဲ့သလို မီးကူးစက်မှု မရှိအောင် အိမ်ဘေးပတ်လည်က သစ်ပင် အကိုင်းအခတ်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းထားခဲ့တာပါ။

ခေါင်မိုးတွေဟာ အိမ်တစ်လုံးရဲ့ အကြီးမားဆုံး မျက်နှာပြင်ဖြစ်ပြီး မီးဘေး ကြုံတဲ့အခါ မီးစွဲနေတဲ့ သစ်သားအပိုင်းအစတွေ လာကျနိုင်တာကြောင့် မီးကူးစက်စေတဲ့ အဓိကနေရာတစ်ခု ဖြစ်ပါတယ်။ ဒိုရာနဲ့ ဒပ်ဒလေတို့ ဇနီးမောင်နှံဟာ တောမီးလောင်ကျွမ်းချိန်မှာ မက်ဆာချူးဆက်ပြည်နယ်က မိသားစုတွေထံ သွားရောက်လည်ပတ်နေကြလို့ မီးဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ မာဝီကျွန်း တောမီးလောင်ကျွမ်းမှုမှာ thayဆုံးသူ ၁၁၂ ဦးအထိ ရှိခဲ့ပြီး ပျောက်ဆုံးသူတွေ ရှိနေတာကြောင့် thayဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။