၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( September 11 to 17 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ကျန်းမာရေးနှင့်အညီ အသီးအနှံများကို ပုံမှန် စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်းတိုင်း လမ်းလျှောက်ပေးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ တိုးတက်မှုနှင့် အတူ အပိုဝင်ငွေများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက ကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူပေးပါ။ ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် မငြိမ်သက်နိုင်ပေ။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စကားအခြေအတင် ပြောဆိုနေရတတ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( September 11 to 17 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် လုံလုံလောက်လောက် အနားယူပေး ရပါလိမ့်မယ်။ မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စိတ်ပိုင်းဆိုင်ရာအားဖြင့် အနည်းငယ် အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ အားပေးထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ ဝင်ငွေ‌ တိုးတက်မှုအပြင် ဆိုင်းငံ့ထားသော ငွေကြေး ကိစ္စရပ်များကိုပါ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါမယ်။ သို့သော် ငွေကြေး ချေးငှားခြင်းမှ ဆုံးရှုံးနိုင်ခြေ ရှိနေသောကြောင့် သတိထားပေး ရပါမယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။ မိသားစုဝင်များ အကြား နားလည်မှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ပေးပါ။

မေထုန်ရာသီခွင် – Gemini ( September 11 to 17 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် ယခင်ထက် ပိုမိုကောင်းမွန်နေပါမယ်။ ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် စိတ်ဖိစီးမှု၏ လွှမ်းမိုးချုပ်ချယ်မှုကို မခံရ‌ပါစေနှင့်။ မဟုတ်ပါက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေးအတွက် စနစ်တကျဖြင့် ပြုမှုနေထိုင်ပေးပါ။

ငွေရေးကြေးရေးအရ တိုးတက်ကောင်းမွန်နေသော်လည်း ရရှိလာသော ငွေကြေးသည် မတည်မြဲနိုင်ပေ။ အကြောင်းတစ်ခုခုကြောင့် ငွေကြေး ကုန်ဆုံးရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း ကိုယ်ရေးကိုယ်တာ အခက်အခဲတို့ကြောင့် မိသားစုအတွင်း ပျော်ရွှင်မှုသည် ပျောက်ဆုံးနေရတတ်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( September 11 to 17 )
========================================

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။

အိမ်ငှားနေထိုင်ကြသူများ အနေနှင့် ယခုအပတ်တွင် ဘဏ္ဍာရေး အခြေအနေသည် အနည်းငယ် ဆိုးဝါးနေနိုင်ပါတယ်။ အိမ်ပြုပြင်ရခြင်း စသော အပိုကုန်ကျစရိတ်များ ရှိနေတတ်ပါတယ်။ မိမိ၏ ငွေကြေး အခြေအနေကို စီမံခန့်ခွဲပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေးသည် မငြိမ်သက်နိုင်ပေ။ အတိတ်ကာလ ကိစ္စရပ် အချို့ကြောင့် စကားအခြေအတင် ပြောဆိုနေရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( September 11 to 17 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် အသေးအမွှား ရောဂါ ဝေဒနာများ ခံစားရတတ်ပါတယ်။ ကိုယ်ခံအား ကောင်းမွန်စေရန် အပြည့်အဝ အနားယူပေးပါ။

ငွေရေးကြေးရေးအရ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိလာပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် အမြတ်အစွန်းများနှင့် အတူ လုပ်ငန်းခွင် တိုးချဲ့မှုများပါ လုပ်ဆောင်နိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်အကြား ပျော်ရွှင်မှုများ ရှိနေပါမယ်။ အကယ်၍ မိသားစုဝင် တစ်ဦးသည် ကျန်းမာရေး ဝေဒနာ ခံစားနေရပါက တိုးတက်မှုများ ရှိလာနိုင်ပါမယ်။ သို့သော် ဆေးကုသမှု မှန်မှန်ကန်ကန် ခံယူပေးရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( September 11 to 17 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ယခင် ခံစားနေရသော ဝေဒနာများမှ သက်သာရာ ရရှိနိုင်ပါမယ်။ နံနက်ခင်းတွင် တတ်နိုင်သမျှ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးပါ။

ငွေရေးကြေးရေးအရ ကောင်းမွန်သော အခွင့်အလမ်းများ ပေါ်ပေါက်လာတတ်ပါတယ်။ ဝင်ငွေ‌ တိုးတက်မှုနှင့် အတူ စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။ ဒါအပြင် ငွေကြေး ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ မိသားစုအတွင်း အေချမ်းမှုနှင့် အတူ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။

တူရာသီခွင် – Libra ( September 11 to 17 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိစွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။

ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် ဤကာလအတွင်း သတိထားပေး ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခြင်းကို ရှောင်ကြဉ်ပါ။ ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( September 11 to 17 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပင်းပန်းနွမ်းနယ် နေနိုင်ပါမယ်။ အရာရာကို အလိုမကျကာ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် အလုံအလောက် အနားယူခြင်း၊ တရားထိုင်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ယခင်ထက် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်းသစ်များ စတင် လုပ်ဆောင်ရန် လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။

ဤကာလအတွင်း မိသားစုဘဝတွင် အေးချမ်းမှု ရရှိအောင် ကြိုးစားပေးရပါမယ်။ မိသားစုဝင်များနှင့် အငြင်းအခုံဖြစ်ခြင်းတို့ကို ရှောင်ကြဥ် ပေးရပါမယ်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာပါ။ အသက်မွေးဝမ်းကြောင်းနှင့် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( September 11 to 17 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် ကျန်မာရေး ကောင်းမွန်စေရန် မိမိကိုယ်တိုင် ကြိုးစားပေးရပါမယ်။ အလုံအလောက် အနားယူပေးပါ။ ကျန်းမာရေးနှင့်အညီ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အားနည်းနေတတ်ပါတယ်။ ငွေ‌ကြေး ဆုံးရှုံးနိုင်ခြေ ပိုများသောကြောင့် ငွေပေးငွေယူ အမျိုးအစားတိုင်းနှင့် သက်ဆိုင်သည့် ကိစ္စများတွင် အတတ်နိုင်ဆုံး သတိထားပါ။ စီးပွာရေး လုပ်ငန်းရှင်များ အနေနှင့်လည်း မိမိ ရည်မှန်းထားသည့်အတိုင်း အမြတ်အစွန်း မရရှိနိုင်ပေ။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

ဤကာလအတောအတွင်း နိုင်ငံရပ်ခြားသို့ သွားလိုသော Sagittarius ရာသီခွင်များ သို့မဟုတ် မိသားစုဝင်များအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ၏ အိပ်မက်ကို အထောင်အထည် ဖော်ဆောင်ရန် အစွမ်းကုန် ကြိုးစားပေးပါ။

မကာရရာသီခွင် – Capricorn ( September 11 to 17 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ရပ်ဝေးဒေသတွင် ရောက်ရှိနေကြသော ရာသိခွင်များ အနေနဲ့ အထီးကျန်မှုနှင့် အတူ စိုးရိမ်ပူပန်မှုများ ခံစားနေရတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ဘာသာရေးဆိုင်ရာ သို့မဟုတ် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( September 11 to 17 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် လုပ်ငန်းခွင် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး အတက်အကျများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်စေရန် အလုံအလောက် အနားယူပေးပါ။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ ခရီးသွားလာရသလို ‌မိမိနေအိမ်သို့ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ပါတယ်။

မိန်ရာသီခွင် – Pisces ( September 11 to 17 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ ‌

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Pisces ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။