“ သူခိုး၊ဓားပြတွေရဲ့ ပြန်ပေးဆွဲရန် ကြံစည်ခြင်းခံခဲ့ရတဲ့ Neymar Jr မိသားစု ”

Celebrity International News
“ သူခိုး၊ဓားပြတွေရဲ့ ပြန်ပေးဆွဲရန် ကြံစည်ခြင်းခံခဲ့ရတဲ့ Neymar Jr မိသားစု ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ သူခိုး၊ဓားပြတွေရဲ့ ပြန်ပေးဆွဲရန် ကြံစည်ခြင်းခံခဲ့ရတဲ့ Neymar Jr မိသားစု ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ သူခိုး၊ဓားပြတွေရဲ့ ပြန်ပေးဆွဲရန် ကြံစည်ခြင်းခံခဲ့ရတဲ့ Neymar Jr မိသားစု ”

မနေ့က ကမ္ဘာ‌ကျော် ဘရာဇီး‌ ဘောလုံးစတား တစ်ယောက်ဖြစ်တဲ့ Neymar Jr ကောင်မလေး ရဲ့ မိသားစု၀င်တွေ တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
Neymar Jr ရဲ့ လက်ရှိကောင်မလေးဖြစ်တဲ့ Bruna Biancardi နဲ့အတူ ရရှိထားတဲ့ လသားအရွယ် ကလေးနဲ့ Burna တို့ကို ယမန်နေ့က ဘရာဇီးက ဆော်ပိုလိုပြည်နယ်၊ကိုတီးယား မြို့ရဲ့ ကွန်ဒို တိုက်ခန်းအတွင်း သို့ ရာဇ၀တ် ဂိုဏ်းအဖွဲ့ မှ အိမ်အတွင်း ၀င်ရောက်အကြမ်းဖက် ပြန်ပေးဆွဲကာ Neymar Jr ကို ငွေညှစ်ဖို့ ကြံစည် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

သိုပေမယ့် ထိုအချိန်က Neymar- Bruna နှင့် ၎င်းတို့ရဲ့ ကလေးငယ်တို့မှာ နေအိမ်၌ မရှိခဲ့ကြဘဲ Neymar ကောင်မလေးရဲ့ မိဘတွေကို ကြိုးဖြင့်တုပ်ကာ နေအိမ်အတွင်းမှ တန်ဖိုးကြီး ပစ္စည်းများ၊လက်၀တ်ရတနာ များနှင့် ငွေပမာဏ အများအပြားကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။အခင်းမဖြစ်ပွားခင် နာရီပိုင်းအလိုကပင် Neymar ဟာ သူ့သမီးလေးကို ရင်ဘတ်ပေါ်တင်ထားတဲ့ ပုံကို Instagram မှာ တင်ထားခဲ့ပြီး အခုလို ဖြစ်ရပ်ကြောင့် သူအနေနဲ့ ကြီးမားတဲ့ ထိတ်လန့်တုန်လူပ်မူရှိခဲ့ ကြောင်းသိရပါတယ်။

လက်ရှိမှာ သံသယ ရှိသူ အချို့ကို ဖမ်းဆီးရမိ ထားပြီး ဘရာဇီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမူတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ တပတ်ခန့်ကလည်း ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မူး လူးဝစ် ဒီးယက််စ် ရဲ့ မိသားစုကို ထိုနိုင်ငံမှ ဂိုဏ်းအဖွဲ့၏ ပြန်ပေးဆွဲမူခံခဲ့ရပြီး ၎င်း၏ ဖခင်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။