မျက်လုံးအုပ်ပြီး စစ်တုရင်ခုံမှာ စစ်တုရင်ရုပ်တွေကို စီပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး

International News
မျက်လုံးအုပ်ပြီး စစ်တုရင်ခုံမှာ စစ်တုရင်ရုပ်တွေကို စီပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်လုံးအုပ်ပြီး စစ်တုရင်ခုံမှာ စစ်တုရင်ရုပ်တွေကို စီပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်လုံးအုပ်ပြီး စစ်တုရင်ခုံမှာ စစ်တုရင်ရုပ်တွေကို စီပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး

မလေးရှားနိုင်ငံက အသက် ၁၀ နှစ်အရွယ် စစ်တုရင်ဝါသနာရှင်ကလေးမလေးဟာ မျက်လုံးအုပ်ပြီး ၄၅.၇၂ စက္ကန့်အတွင်း စစ်တုရင်ရုပ်တွေ စီပြနိုင်ခဲ့လို့ ကမ္ဘာဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ပူနီသာမလာ ရာဂျရှီကာ ဆိုတဲ့ အဲဒီကလေးမလေးက သူ့ရဲ့ကျောင်းမှာ ဒီစံချိန်ကို ချိုးပြခဲ့တာပါ။ ကျောင်းရဲ့မိဘဆရာအသင်းအဖွဲ့ဝင်တွေ မျက်မြင်တွေ့ခဲ့ရပါတယ်။

ရာဂျရှီကာက စစ်တုရင်နဲ့ပတ်သက်ပြီး သူ့အဖေက သူ့ရဲ့နည်းပြဖြစ်ပြီး နေ့တိုင်းလိုလို အတူတူကစားဖြစ်တယ်လို့ ပြောပါတယ်။ သူက ဒီစံချိန်ကို ချိုးခဲ့တာနဲ့ပတ်သက်ပြီး ဂုဏ်ယူခဲ့တဲ့အပြင် သူ့ရဲ့ဒီအောင်မြင်မှုက အခြားသူတွေကို သူတို့ရဲ့ထူးခြားတဲ့အရာတွေကို အကောင်အထည်ဖော်ဖို့ လှုံ့ဆော်ပေးမယ်လို့လည်း မျှော်လင့်ထားပါတယ်။

ရာဂျရှီကာက ထူးထူးခြားခြားအောင်မြင်မှုတွေအကြောင်းရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရင်း ဒီစံချိန်ကို ချိုးဖို့ စိတ်ကူးရခဲ့တာပါ။ သူက Kids Got Talent လို ပွဲအမျိုးမျိုးမှာ ပါဝင်ခဲ့ဖူးပြီး ဒီထက်ပိုပြီး အသိအမှတ်ပြုမှုတွေရရှိချင်ခဲ့ပါတယ်။ သူ့အဖေက ဝါသနာပါရာကို လုပ်ဖို့ အကြံပြုခဲ့တာကြောင့် ဒီစံချိန်ကို ချိုးဖို့ လုပ်ခဲ့ပါတယ်။

သူ အကြိုက်ဆုံးဘာသာရပ်က သင်္ချာဘာသာရပ်ဖြစ်ပြီး သူ ကြီးလာရင် အာကာသပညာရှင်တစ်ဦးဖြစ်လာဖို့ ဆန္ဒပြင်းပြနေပါတယ်။ သူက စစ်တုရင်ကစားရတာကို ဝါသနာပါတဲ့အပြင် အချက်အလက်တွေနဲ့ ပုံတွေကို မှတ်သားရတာကိုလည်း နှစ်သက်ပါတယ်။ သူ့ရဲ့အရည်အချင်းကို ပြသဖို့ ကျောင်းပြိုင်ပွဲတော်တော်များများမှာလည်း ပါဝင်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။