Paris Fashion Week မှာ မြင်တွေ့ခဲ့ရတဲ့ လိပ်ပြာအရှင်တွေပါတဲ့ မီးအိမ်ဝတ်စုံ

International News
Paris Fashion Week မှာ မြင်တွေ့ခဲ့ရတဲ့ လိပ်ပြာအရှင်တွေပါတဲ့ မီးအိမ်ဝတ်စုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Paris Fashion Week မှာ မြင်တွေ့ခဲ့ရတဲ့ လိပ်ပြာအရှင်တွေပါတဲ့ မီးအိမ်ဝတ်စုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Paris Fashion Week မှာ မြင်တွေ့ခဲ့ရတဲ့ လိပ်ပြာအရှင်တွေပါတဲ့ မီးအိမ်ဝတ်စုံ

Spring/Summer collection တွေကို ပြသတဲ့ ဖက်ရှင်ပြပွဲတစ်ခုဖြစ်တဲ့ Paris Fashion Week ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စပြီးကျင်းပခဲ့ပါတယ်။ ၃ ရက်မြောက်နေ့မှာတော့ Undercover ဖက်ရှင်အမှတ်တံဆိပ်ရဲ့ Deep Mist အမည်ရဲ့ 2024 Spring-Summer women’s collection ကို ပြသခဲ့တာပါ။

ဒီဇိုင်နာ ဂျွန် တာကာဟာရှီက သူ ဖန်တီးထားတဲ့လက်ရာတွေကို ချပြခဲ့ပါတယ်။ လိပ်ပြာအရှင်တွေနဲ့ ပန်းတွေပါဝင်တဲ့ မီးအိမ်ဝတ်စုံတွေပါပဲ။ ဒီဝတ်စုံတွေကို မော်ဒယ်တွေက ဝတ်ဆင်ပြသခဲ့ပါတယ်။ ပြပွဲက အဲဒီဝတ်စုံဝတ်ဆင်ထားတဲ့မော်ဒယ်တွေရဲ့ပုံတွေက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကောင်းတဲ့သုံးသပ်ချက်တွေရော ဝေဖန်ပြောဆိုတဲ့သုံးသပ်ချက်တွေပါ ရခဲ့တာပါ။

လူမှုကွန်ယက်အသုံးပြုသူတချို့က ဒီဝတ်စုံဖန်တီးမှုကို ချီးကျူးခဲ့ကြပြီး အိပ်မက်ဆန်တယ်၊ မှော်ဆန်တယ်လို့ ပြောခဲ့ကြပေမဲ့ တချို့ကတော့ တိရစ္ဆာန်တွေက အရာဝတ္ထုမဟုတ်ဘူး၊ ဒီဖက်ရှင်စုစည်းမှုက စာနာစိတ်ကင်းမဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။