နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ

International News
နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ

GPS၊ ရေဒါစနစ်နဲ့ အခြားနည်းပညာတွေ အသုံးမပြုခင် Florida Keys သန္တာကျောက်တန်းတွေတစ်လျှောက် သင်္ဘောတွေကို လမ်းပြပေးခဲ့တဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ မီးပြတိုက် Alligator Reef မီးပြတိုက်ဟာ ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်ပြီး မီးလင်းထိန်နိုင်ခဲ့ပါပြီ။ ဒီသမိုင်းဝင်မီးပြတိုက်တွေကို ကယ်တင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် အခုလို ပြန်ပြီးမီးလင်းထိန်ခဲ့ရတာပါ။

Islamorada Community Group ဟာ ၁၈၂၂ ခုနှစ်မှာ သန္တာကျောက်တန်းပေါ် သောင်တင်ခဲ့တဲ့ ရေတပ်သင်္ဘော USS Alligator ကို အစွဲပြုပြီးအမည်ပေးထားတဲ့ Alligator Reef မီးပြတိုက်ကို ပြန်လည်ပြင်ဆင်ဖို့ ဒေါ်လာ ၆ သန်းအကုန်အကျခံနေပါတယ်။ စနေနေ့က Alligator Reef မီးပြတိုက်က နေရောင်ခြည်စွမ်းအင်သုံးမီးလုံးအသစ်တွေနဲ့ လင်းထိန်ခဲ့ရပါတယ်။ Alligator မီးပြတိုက်က ၁၈၇၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောကအထိ မီးလင်းထိန်ခဲ့ပေမဲ့ အဲဒီနောက် ၁၀ ကြာအထိ မှောင်မိုက်နေခဲ့တယ်လို့ သိရပါတယ်။

Alligator Reef မီးပြတိုက်နဲ့ပတ်သက်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာလေ့လာချက်တွေ အသေးစိတ်လုပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ မီးပြတိုက်ကို ပြန်လည်ပြုပြင်ဖို့ အချိန် ၆ နှစ် ကြာပြီးဒေါ်လာ ၅ သန်းကနေ ၆ သန်းအထိ ကုန်ကျမယ်ဆိုတာကို သိခဲ့ရပါတယ်။ “Save Alligator Lighthouse” ပရောဂျက်က မပြီးသေးတဲ့အတွက် ရန်ပုံငွေရှာနေရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။