ဆရာကြီးမင်းသိင်္ခရဲ့ မရမရှိသောအလုပ်ရနည်း

Astrology
ဆရာကြီးမင်းသိင်္ခရဲ့ မရမရှိသောအလုပ်ရနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆရာကြီးမင်းသိင်္ခရဲ့ မရမရှိသောအလုပ်ရနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆရာကြီးမင်းသိင်္ခရဲ့ မရမရှိသောအလုပ်ရနည်း

တစ်နေ့သောအခါ ကျွန်ုပ်နှင့်သိကျွမ်းသည့် “မောင်မောင်ဘဘ” ဆိုတဲ့သူရောက်လာသည် ။ သူသည် ကျွန်ုပ်နှင့် တွေ့လျှင် တွေ့ချင်း “အဘကျွန်တော်အိမ်ထောင်ကျသွားပြီ မိဘဆီကလည်းလက်ဖြန့်မတောင်းချင်ဘူး ၊ ကိုယ့်အလုပ်နဲ့ကိုယ် ရှာဖွေပြီး စားချင်တယ် ၊ ကျွန်တော်အလုပ်သွားလျှောက်တာလည်း အဆင်မပြေဘူးဖြစ်နေတယ် ကျွန်တော့်ကိုအဆင်ပြေအောင်ကူညီပေးပါအုန်း အဘ” ဟုပြောလေသည် ။

“ဒီလိုလုပ်ကွာ. . . ၊ မင်းသူဌေးဦးသိန်းထိုက်ရုံးခန်းကို မြင်လောက်တဲ့နေရာကို သွား. . . ၊ အဲဒီနေရာက မြေကြီး လက်တစ်ဆုပ်ယူလာခဲ့. . . ၊ စာအိတ်နဲ့ထည့်ထား၊ မင်းကို အဲဒီသူဌေးက ပိုက်ဆံထုတ်ပေးရင် ဘဏ်တိုက်က ထုတ်ပေးမှာ. . . ၊ အဲဒီ ဘဏ်တိုက်ကို မြင်လောက်တဲ့နေရာက မြေကြီးလက်တစ်ဆုပ် ယူလာခဲ့. . . ၊ သူဌေးဆီက ငွေတွေ ရရင် မင်းက စတိုးဆိုင်က မင်းလိုချင်တဲ့ ပစ္စည်းတွေတက်ပြီး ဝယ်မှာ. . . ၊ အဲဒီတော့ စတိုးဆိုင်ကြီးတစ်ဆိုင်ကို မြင်လောက် တဲ့နေရာသွားပြီး မြေကြီး လက်တစ်ဆုပ်ယူလာခဲ့၊ ပြီးတော့ တောင်မြောက်တန်းနေတဲ့ ရထားလမ်းက မြေကြီး လက်တစ်ဆုပ် ယူလာခဲ့. . . ၊ အဲဒီ မြေကြီး(၄)မျိုးကို ရောပစ်လိုက်၊ ပြီးတော့ စားပွဲပေါ်မှာ အဲဒီမြေကြီးတွေကို စက်ဝိုင်း သဏ္ဌာန်ပုံလိုက်. . . ၊ အဲဒီစက်ဝိုင်းရဲ့ အလယ်ခေါင်တည့် တည့်မှာဖယောင်းတိုင်တစ် တိုင်ထွန်းလိုက် ၊ ပြီးတော့ အဲဒီသူဌေးဆီက အလုပ်ရပြီလို အာရုံပြုပြီး…..

“အ-အာ-၏-ဤ-အု-အူ-အေ-အဲ-အော့-အော်- အံ-အား” ဆိုတဲ့ သရ (၁၂) လုံးကို (၂၇) ကြိမ်ရွတ်လိုက်၊ ပြီးရင် ထွန်းထားတဲ့ ဖယောင်းတိုင်ကို လက်နှစ်ဖက်နဲ့ ‘အလုပ်ရပြီ’ ဆိုပြီး ရိုက်သတ်လိုက် ၊ ပြီးတော့ မြေကြီးတွေကို ပြန်စုပြီး စာအိတ်ကြီး တစ်အိတ်ထဲကိုထည့်,,,၊ ပြီးတော့ အဲဒီစာအိတ် ကို မင်းရဲ့ လွယ်အိတ်ထဲထည့်. . . ၊ သူဌေး ဦးသိန်းထိုက်နဲ့ မတွေ့တွေ့အောင် ကြိုးစားပြီး အလုပ် လိုချင်တဲ့အကြောင်း ပြောပြ. . . . ၊ ဒီနည်းဟာ မရမရှိတဲ့ အလုပ်ရနည်းပဲကွ. . ပြောတဲ့အတိုင်း သေချာလုပ်..”ဟု ကျွန်ုပ်က ပြောပြလိုက်လေ၏။

မောင်မောင်ဘဘလည်း ကျွန်ုပ်၏ ဆေးလိပ်ဗူးအတွင်းမှ ဆေးလိပ်တစ်လိပ်ကို ယူသောက်ပြီးလျှင် ပြန်သွားလေတော့၏ ။ တစ်လခန့်ကြာသောအခါ၌ ၎င်းသည် ကျွန်ုပ်ထံသို ရင်ကြပ်စေတတ်သည့် အချိုရည်ဗူးများ၊ စားပြီးလျှင် အစာမကြေဖြစ်မည့် ပေါင်မုန့်များ၊ ရောဂါဖြင့်သေသည့် ကြက်ဖြင့် ချက်ထားသည့် ဒံပေါက်များ ဝယ်ကာ ရောက်ရှိ လာလေတော့၏ ။ ပြီးလျှင်-

“ကျွန်တော်အလုပ်ရသွားပြီ. . . ၊ အဲဒါ အဘကို လာကန်တော့တာ”ဟု ပြောလေတော့၏။
“ပြီးခဲ့တဲ့လက အလုပ်ရတာ အဘ. . . ၊ အဘပြောတဲ့ အတိုင်း လုပ်ပြီးတာနဲ့ ကျွန်တော် သူ့ကို သွားပြီးတွေ့တာ၊ ကျွန်တော့် စကားဆုံးတာနဲ့ အလုပ်တန်းပြီး ခန့်လိုက်တာပဲ၊ တစ်လသုံးသောင်းနဲ့ ဒီနေ့လခထုတ်တယ်လေ အဘရဲ့ အဲဒါကြောင့် အဘကို လာပြီး ကန်တော့တာ . . .”

ဟု ပြောကာ ကျွန်ုပ်၏ စီးကရက်ဘူးအတွင်းမှ စီးကရက် တစ်လိပ်ကို နှိက်ကာ ရှိက်ဖွာပြီးလျှင် ပျော်ရွှင်မြူးတူးစွာ ပြန်သွားလေတော့သတည်း။

ရေးသားသူ –မင်းသိင်္ခဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။