ပရိသတ်တွေ အိမ်ပြန်လို့ရအောင် မြေအောက်ရထား အချိန်ပိုပြေးဆွဲပေးဖို့ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့တဲ့ ဘီယွန်းဆေး

Celebrity International News
ပရိသတ်တွေ အိမ်ပြန်လို့ရအောင် မြေအောက်ရထား အချိန်ပိုပြေးဆွဲပေးဖို့ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့တဲ့ ဘီယွန်းဆေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်တွေ အိမ်ပြန်လို့ရအောင် မြေအောက်ရထား အချိန်ပိုပြေးဆွဲပေးဖို့ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့တဲ့ ဘီယွန်းဆေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အိမ်ပြန်လို့ရအောင် မြေအောက်ရထား အချိန်ပိုပြေးဆွဲပေးဖို့ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့တဲ့ ဘီယွန်းဆေး

ကမ္ဘာကျော်အဆိုတော်ဘီယွန်းစေးဟာ ဆိုးရွားတဲ့ရာသီဥတုကြောင့် သူ့ရဲ့ဖျော်ဖြေပွဲစတင်ဖို့ နောက်ကျသွားခဲ့ပြီးနောက် ပရိသတ်တွေ အိမ်ပြန်လို့ရအောင် ဝါရှင်တန်ဒီစီရဲ့ မြေအောက်ရထားကို တစ်နာရီလောက် ထပ်ပြီး ပြေးဆွဲပေးဖို့ ငွေပေးကာ စီစဉ်ပေးခဲ့ပါတယ်။

ဩဂုတ် ၆ ရက်နေ့က ဘီယွန်းစေးဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအနေနဲ့ မေရီလန်းပြည်နယ်က FedExField အားကစားကွင်းမှာ ဒုတိယမြောက်ညဖျော်ဖြေခဲ့တာပါ။ ဒါပေမဲ့ ဖျော်ဖြေပွဲမစခင် တစ်နာရီအလိုမှာ အားကစားကွင်းက ပရိသတ်တွေအတွက် “ဧရိယာအတွင်း မိုးကြိုးကြောင့် အမိုးအကာတွေရှိတဲ့အောက်မှာ ရှိနေကြပါ”ဆိုတဲ့ သတိပေးချက်ကို တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။

ဂိတ်အပြင်ဘက်နဲ့ ကားရပ်နားရာနေရာတွေက ပရိသတ်တွေကို သူတို့ရဲ့ကားဆီ ပြန်သွားကြဖို့၊ အားကစားကွင်းအတွင်းက ပရိသတ်တွေကို အမိုးကာပါတဲ့ နားနေဆောင်တွေနဲ့ ချဉ်းကပ်လမ်းတွေအောက်မှာ နေကြဖို့ တောင်းဆိုခဲ့တာပါ။

အဲ့ဒီအခြေအနေတွေကြောင့် ဖျော်ဖြေပွဲက သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျသွားခဲ့ပါတယ်။ ရာသီဥတုအဆင်ပြေသွားတဲ့အချိန်ကျတော့ ပရိသတ်တွေက အားကစားကွင်းရှိ ထိုင်ခုံတွေဆီ ပြန်လာခဲ့ကြရပါတယ်။

တစ်ချိန်တည်းမှာပဲ ဝါရှင်တန်မြို့တော်နယ်မြေ ဖြတ်သန်းသွားလာရေးအာဏာပိုင်အဖွဲ့က Silver Line Train က နောက်ဆုံးရထားကို အချိန်ပိုတစ်နာရီထပ်တိုးပေးသွားမယ်ဆိုတာကိုလည်း ကြေညာခဲ့ပါတယ်။ ပရိသတ်တွေ ပြန်ထွက်ခွာလို့ရအောင် ရထားဘူတာ ၉၈ ခုလုံးကို ဖွင့်ထားဖို့အတွက် အချိန်ပိုတစ်နာရီကို ဘီယွန်းစေးနဲ့သူ့ရဲ့အဖွဲ့သားတွေက ရန်ပုံငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။
ဘီယွန်းစေးရဲ့ The Renaissance World Tour က မြောက်အမေရိကမှာ ပြုလုပ်နေဆဲပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။