ဟားမတ်စ် အစ္စရေးအပစ်ရပ်ရေး နီးလာ

International News
ဟားမတ်စ် အစ္စရေးအပစ်ရပ်ရေး နီးလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားမတ်စ် အစ္စရေးအပစ်ရပ်ရေး နီးလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟားမတ်စ် အစ္စရေးအပစ်ရပ်ရေး နီးလာ

လူသားချင်း စာနာတဲ့ အပစ်ရပ်ရေး သဘောတူချက်ရပြီဆိုတာနဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဆောင်ဖို့ အသင့်ပဲလို့ ကုလသမဂ္ဂ ပြော

ဂါဇာဒေသမှာ တိုက်ပွဲတွေ သီတင်း ၆ ပတ်ကျော် ဖြစ်ပွားခဲ့အပြီး ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေက သူ့ရဲ့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး သဘောတူချက်တစ်ခုရဖို့ နီးလာနေပြီလို့ ပြောပါတယ်။

ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးနေတဲ့ ကာတာအစိုးရထံ ဟားမတ်စ်အဖွဲ့က တုံ့ပြန်စာတစ်ခု ပို့ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစ္စရေးအစိုးရကတော့ ဒါနဲ့ ပတ်သက်လို့ ပြောကြားတာမျိုး မရှိသေးပါဘူး။

ဒီသဘောတူချက်အရ အစ္စရေးကနေ ဂါဇာထဲ ဖမ်းဆီးခေါ်ဆောင်သွားသူ ဓားစာခံတချို့ကို ပြန်လွှတ်ပေးဖို့ ရှိပြီး အပြန်အလှန်အားဖြင့် အစ္စရေးဘက်က တိုက်ပွဲတွေ ဆိုင်းငံ့ထားပြီး ပါလက်စတိုင်းအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖွယ် ရှိပါတယ်။

မစ္စတာ ဟာနီယေဟာ ကာတာနိုင်ငံမှာ အခြေချနေထိုင်နေပြီး အဲဒီကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ သွားရောက်နေတဲ့အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရဖို့ နီးလာနေပြီဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်လာနေပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေး စစ်တပ်က ဂါဇာဒေသမြောက်ပိုင်းက ဂျာဘာလီယာမြို့ကို ဝိုင်းဝန်းပိတ်ဆို့ထားမှု အပြီးသွားပြီ ဖြစ်ကြောင်းနဲ့ သေနတ်သမား အများအပြားကို သုတ်သင်ချေမှုန်းနိုင်ခဲ့ပြီး ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက် အခြေခံအဆောက်အအုံကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောပါတယ်။

ပါလက်စတိုင်းတွေဘက်က တင့်ကားပစ် မစ်ဆိုင်းဒုံးတွေ၊ ဖောက်ခွဲပစ္စည်းတွေနဲ့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားဆေးရုံနားတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီဆေးရုံကို အစ္စရေးစစ်တပ်က စီးနင်းဝင်ရောက်ဖို့ လုပ်နေတယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက စွပ်စွဲနေပါတယ်။

တောင်ဘက်စွန်းကျတဲ့ နူဆေရက်မြို့မှာလည်း အစ္စရေး လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း လူ ၁၇ ဦး thayဆုံးခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီက ပြောပါတယ်။

ပါလက်စတိုင်းတွေဘက်ကလည်း အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။