အမျိုးသားတစ်ဦးရဲ့ အူထဲကနေ ယင်ကောင်အရှင်တစ်ကောင် တွေ့ရှိ

International News
အမျိုးသားတစ်ဦးရဲ့ အူထဲကနေ ယင်ကောင်အရှင်တစ်ကောင် တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသားတစ်ဦးရဲ့ အူထဲကနေ ယင်ကောင်အရှင်တစ်ကောင် တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသားတစ်ဦးရဲ့ အူထဲကနေ ယင်ကောင်အရှင်တစ်ကောင် တွေ့ရှိ

အမျိုးသားတစ်ဦးရဲ့ အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ရင်း သူ့ရဲ့ အူထဲမှာ ယင်ကောင် အရှင်တစ်ကောင် ရှိနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ အသက် ၆၃ နှစ်အရွယ် အမေရိကန် အမျိုးသားတစ်ဦးဟာ ယခုနှစ်အစောပိုင်းမှာ အူမကြီးကင်ဆာ ပုံမှန်စစ်ဆေးမှုလုပ်ဖို့ မစ်ဇူရီပြည်နယ်ဆေးရုံကို လာပြခဲ့ပါတယ်။
ဆရာဝန်တွေက သူ့ရဲ့အူလမ်းကြောင်းထဲကို ကင်မရာထည့်ပြီး စစ်ဆေးမှုလုပ်ရာမှာ အူမကြီးရဲ့ ထိပ် ကန့်လန့် အူမပိုင်းထဲကနေ ယင်ကောင် အရှင်တစ်ကောင် ရှိနေတာ တွေ့ရှိခဲ့တာပါ။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ယင်ကောင်ဖြစ်လာစေမယ့် ပိုးတုံးလုံးတွေ ပါဝင်နေလေ့ရှိပေမဲ့ အူလမ်းကြောင်းကို မှန်ပြောင်းမကြည့်ခင် သူ စားခဲ့တဲ့ အစားအစာတွေထဲမှာ ယင်ကောင် ပါမသွားတာ သေချာတယ်လို့ အဲဒီအမျိုးသားက ဆိုပါတယ်။
အဲဒီယင်ကောင်က အူလမ်းကြောင်းထဲ ဘယ်လောက် ရောက်သွားသလဲဆိုတာနဲ့ အစာအိမ်အက်ဆစ်ရည်တွေ ထွက်နေတဲ့နေရာမှာ ဒီယင်ကောင် ဘယ်လိုအသက်ရှင် နေနိုင်လဲဆိုတာကိုတော့ အဖြေရှာ မရသေးပါဘူး။

” အူထဲကနေ တကယ့်ရှားရှားပါးပါး တွေ့ရှိမှုပါပဲ။ ဒီယင်ကောင်က ကန့်လန့်အူမပိုင်းထဲကို အထိအခိုက်မရှိဘဲ ဘယ်လိုရောက်သွားသလဲဆိုတာ စဉ်းစားရခက်လှပါတယ်”လို့ မှန်ပြောင်းကြည့်တဲ့ ဆရာဝန်တွေက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အမေရိကန်စာစောင်မှာ ရေးသားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။