ဒိုင်နိုဆောတစ်ကောင်ရဲ့ အရိုးစုအပြည့်အစုံနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရေခွံကို တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိ

International News
ဒိုင်နိုဆောတစ်ကောင်ရဲ့ အရိုးစုအပြည့်အစုံနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရေခွံကို တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒိုင်နိုဆောတစ်ကောင်ရဲ့ အရိုးစုအပြည့်အစုံနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရေခွံကို တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒိုင်နိုဆောတစ်ကောင်ရဲ့ အရိုးစုအပြည့်အစုံနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရေခွံကို တရုတ်နိုင်ငံမှာ တူးဖော်တွေ့ရှိ


ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ ကျက်စားခဲ့ရာ ဗဟိုချက်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာ Stegosaurus မျိုးစိတ် ဒိုင်နိုဆောတစ်ကောင်ရဲ့ အရိုးစုအပြည့်အစုံနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အရေခွံကိုပါ တူးဖော်တွေ့ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေပြည်နယ်၊ ဖုန်းနင်မန်ချူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ Triceratop မျိုးစိတ် ဒိုင်နိုဆောတစ်ကောင်ရဲ့ ရုပ်ကြွင်းနဲ့အတူ Stegosaurus မျိုးစိတ် ဒိုင်နိုဆောရဲ့ ရုပ်ကြွင်းကို တွေ့ရှိခဲ့တာပါ။ ၆ နှစ်ကြာ တူးဖော်ခဲ့ပြီးနောက်မှာတော့ အရိုးစု အပြည့်အစုံနီးပါးကို ရှာဖွေတွေ့ရှိခဲ့တာပါ။

Stegosaurus မျိုးစိတ် ဒိုင်နိုဆောဟာ အလျား ၁၅ ပေနီးပါး ရှည်လျားပါတယ်။ ပုံမှန်အားဖြင့် အရိုး၊ သွား အစရှိတဲ့ မာကျောတဲ့ အစိတ်အပိုင်းတွေဟာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ဖို့ လွယ်ကူပေမဲ့ အရေပြား၊ ကြွက်သားတွေကတော့ ပုပ်ပွပျက်စီးဖို့ လွယ်ကူပါတယ်။ အရေပြားကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် တွေ့ရှိရတဲ့ ဒီဖြစ်ရပ်က ကြုံတောင့်ကြုံခဲပဲလို့ သုတေသနအဖွဲ့ကို ဦးဆောင်သူ လင်ယီတက္ကသိုလ်၊ ဘူမိဗေဒနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သိပ္ပံဌာန ပါမောက္ခ ကျန်းဖူချန်းက ဆိုပါတယ်။

Stegosaurus ရဲ့ အရေခွံမှာ အကြေးခွံတွေပါပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ထိန်းထားနိုင်အောင် အထောက်အပံ့ဖြစ်စေတာကြောင့် ပူပြင်းတဲ့ရာသီဥတုမှာ အသက်ရှင်သန်နိုင်ခဲ့တာလို့ တွဲဖက်ပါမောက္ခ ကောင်းယင်က ဆိုပါတယ်။

သက်တမ်းတွက်ချက်မှုအရ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၃၀ ကျော်က ကမ္ဘာမြေပေါ်မှာ ရှင်သန်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပထမဆုံးတွေ့ရှိရတဲ့ Stegosaurus ရုပ်ကြွင်းဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။