Box Office မှာ နံပါတ် ၁ ချိတ်နေတဲ့ နာမည်ကြီး anime ဇာတ်ကားဖန်တီးရှင် မီရာဇာခီရဲ့ဇာတ်ကားသစ်

Celebrity International News
Box Office မှာ နံပါတ် ၁ ချိတ်နေတဲ့ နာမည်ကြီး anime ဇာတ်ကားဖန်တီးရှင် မီရာဇာခီရဲ့ဇာတ်ကားသစ်

ဂျပန်နာမည်ကြီး anime ဇာတ်ကားတွေကို ဆယ်စုနှစ်များစွာ ဖန်တီးလာခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် ဂျပန် anime မာစတာကြီး ဒါရိုက်တာ ဟာရာအို မီရာဇာခီရဲ့ဇာတ်ကားသစ် The Boy and the Heron” ဟာ မြောက်အမေရိက Box Office မှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ မြောက်အမေရိက Box Office မှာ နံပါတ် ၁ ဖြစ်တာဟာ သူ့သက်တမ်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ပါပဲ။ ဒီ anime ဇာတ်ကားသစ်က ဒေါ်လာ ၁၂.၈ သန်းနဲ့ အဖွင့်လှခဲ့ပါတယ်။

မီရာဇာခီက နာမည်ကြီး anime ဇာတ်ကားတွေဖြစ်တဲ့ “Spirited Away”၊ “My Neighbor Totoro” နဲ့ အခြားanime ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခု ရုံတင်ပြသနေတဲ့ “The Boy and the Heron” ဟာ သူ့ဆီက ကာလရှည်ကြာ လူအများစောင့်ဆိုင်းနေရတဲ့ ဇာတ်ကားပါ။ အမေရိကန်နဲ့ ကနေဒါရုပ်ရှင်ရုံတွေရဲ့ Box Office မှာ ထိပ်ဆုံးရောက်ရှိတဲ့ တတိယမြောက် anime ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို စာတန်းထိုးနဲ့ရော အသံသွင်းဗားရှင်း ၂ မျိုးနဲ့ပြသတာပါ။

မီရာဇာခီရဲ့ဇာတ်ကားတွေဟာ ဂျပန်နဲ့ အာရှနိုင်ငံတွေမှာ နာမည်ကြီးပေမဲ့ မြောက်အမေရိကရုပ်ရှင်ရုံတွေမှာတော့ အသိအမှတ်ပြုမှု အားနည်းခဲ့တာပါ။ အခု “The Boy and the Heron” က တစ်နှစ်တာအကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ အင်္ဂလိပ်အသံသရုပ်ဆောင်ထားတာကတော့ ရောဘတ်ပက်တင်ဆန်၊ ခရစ်ရှန်ဘေးလ်၊ ဒေ့ဗ် ဘော်တစ်စတာ၊ မက်ခ် ဟာမေးလ်တို့ ပါဝင်ထားပြီး Mahito Maki လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က မျှော်စင်အဟောင်းကြီးတစ်ခုကိုရောက်ခဲ့တာကတစ်ဆင့် စကားပြောတတ်တဲ့ ဗျိုင်းနဲ့အတူ စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားတဲ့အကြောင်းရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကို “How Do You Live?” လို့လည်း သိကြပါတယ်။

The Boy and the Heron ဟာ July လတုန်းက Japan မှာ ရုံတင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ပရိုမိုးရှင်းမလုပ်ခဲ့ပေမဲ့ ဂျပန်နိုင်ငံတစ်ခုတည်းမှာတင် ရုံတင်ငွေ ဒေါ်လာ ၅၆ သန်းရခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။