အမည်လေးပါးတွက်နည်း

Astrology
အမည်လေးပါးတွက်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမည်လေးပါးတွက်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမည်လေးပါးတွက်နည်း

တောင်းဆိုလာကြ၍ အမည်လေးပါးတွက်နည်းကို အလင်းပြပေးပါမည်
အမည်လေးပါးတွင်-

၁ကြွင်း တံခွန်
၂ကြွင်း အခိုး
၃ကြွင်း ခြေင်္သေ့
၄ကြွင်း ကျား
၅ကြွင်း နွား
၆ကြွင်း မြင်း
၇ကြွင်း ဆင်
၈ကြွင်း သို့မဟုတ် ၀ကြွင်း လင်းတ ဠင်းတ ဟုခေါ်သည်

အမည်လေးပါးတွင် တံခွန် အခိုး ခြေင်္သေ့ ဆင် ကိုတာယူသည် ကျန် ကျား နွား မြင်း လင်းတ ကို နာမည်လေးပါးတွင် မယူပါ

အမည်လေးပါး တွက်ပုံမှာ……ဗျည်းအက္ခရာကိုယ်စား
ပြု ဂဏန်းများကို ပေါင်းပြီး ၈နဲ့စား စားကြွင်း သည် အမည်လေးပါးဖြစ်သည်

က.ခ.ဂ.ဃ.င.၅.ဂဏာန်း
စ.ဆ.ဇ.ဈ.ည.၆ ဂဏာန်း
ဋ.ဌ.ဍ.ဎ.ဏ.၄ ဂဏာန်း
တ.ထ.ဒ.ဓ.န.၇ ဂဏာန်း
ပ.ဖ.ဗ.ဘ.မ.၁.ဂဏာန်း
ယ.ရ.လ.ဝ.ဠ. ျ.ယပင်း ြ ရရစ် – ွ ဝဆွဲ.၃.ဂဏာန်း
သ.ဟ – ှ ဟထိုး ၂.ဂဏာန်း
အ.ဣ.ဥ.ဧ.သြ.- ါ.ရေးချ – ိ လုံးကြီးတင် – ီ လုံးကြီးတင်စံခတ်
– ု တစ်ချောင်းငင် – ူ နှစ်ချောင်းငင် ေ.တဝေထိုး – ဲ နောက်ပြစ်
-့ အောက်ကမြင် – ် အသက် -ံ သေးသေးတင်
– း ဝတ်စနှစ်လုံးပေါက် တို့သည်. ၈.ဂဏာန်းဖြစ်သည်

ထိုထို ကိုယ်စားပြု ဗျည်းဂဏာန်း တန်ဖိုးများကို ပေါင်းယူပြီး၈နဲ့စား အကြွင်း အမည်လေးပါး ဖြစ်သည်သို့သော် နာမည်တွင် တစ်လုံးတည်း နာမည်များကိုတစ်လုံးထဲ တွက်ယူလို့မရပါ ဥပမာ လှ ကို ကိုသော်၎င်း မောင်သော်၎င်း ဦးသော်၎င်း ဘသော်၎င်း နှစ်လုံးတွဲပေါင်းယူပေးရပါတယ် သို့သော်လဲ နာမည်တစ်လုံးတည်းခုခေါတ်တွင် ရှားပါးသည် သဘောတရားအရ ပြောပြခြင်းပါနာမည် နှစ်လုံးသုံးလုံးလေးလုံး စသည်ဖြင့် များကို ဦး ကို ဒေါ်ထည့်မပေါင်းရပါ

နာမည်နှစ်လုံး ဥပမာ ကျော်ဟိန်း ကို အမည်လေးပါး
တွက်စစ်ကြည့်လျင်

ေ …. ၈
က. ..၅
…..၃ ….. ယပင်း ရှေ့မှာ ရေးမရ၍…….. ျ
ာ.. ..၈
်…..၈
ဟ….၂
ိ…..၈
န…..၇
်.. ..၈
း… ..၈
၈+၅+၃+၈+၈+၂+၈+၇+၈+၈=၆၅ ရသည်
၈ ÷ [ ၆၅
၆၄
——–
၁ ကြွင်း တံခွန် နာမည်ဖြစ်သည် စသည်ဖြင့် အခြား ဗျည်းအက္ခရာ ပေါင်းခြင်းများကိုလဲ အထက်နည်းတိုင်း ပေါင်းယူ၍ ၈စား.အကြွင်း ၁ကြွင်း ၂ကြွင်း ၃ကြွင်း ၄ ကြွင်း အမည်လေးပါးဖြစ်သည် ကျန် ၄ကြွင်း ၅ကြွင်း ၆ကြွင်း ၀ကြွင်းသို့မဟုတ် ၈ကြွင်း များသည် အမည်လေးပါးထဲမပါဝင်ပါ

မှတ်ချက် ၈ နဲ့စား၍ ၈ မကြွင်းပါ ၀ကြွင်းလျင် ၈ဟုတ်မှတ်
အောက်တွင် အမည်လေးပါး အကျိုးအပြစ်နှင့်ကျန် အကြွင်းများ အကျိုးအပြစ်ကြည့်ပါ

၁- တံခွန်အမည်

အကျိုးပေး အောင်မြင်ကျော်ကြားမည်။
လူတွေအံ့ဩလောက်အောင် ကြီးပွားအောင်မြင်မည်။
အုပ်ချုပ်သူ ခေါင်းဆောင်အဖြစ် ရောက်ရှိပြီးလုပ်ငန်းများ
တိုးတက်လိမ့်မည်။ နာမည်ကောင်းကျန်ရစ်သော လုပ်ငန်းများ
ဦးဆောင် လုပ်ကိုင်ရတတ်မည်။

၂ -အခိုးအမည်

အကျိုးပေးဩဇာတည်တံ့မည်။
တိုးတက်ကြီးပွားမည်။ လိုချင်သည့်ဆန္ဒကိုမရမကလုပ်ဆောင်
သဖြင့်အထွဋ်အထိပ်ရောက်ရှိမည်။ အများတကာကြားကိုစိမ်ဝင်ပြန့်နှံ့လွယ်ပြီး ချမ်းသာကြွယ်ဝမည်။

၃ -ခြင်္သေ့အမည်

အကျိုးပေးလူသိများလိမ့်မည်။နေရာမရ ရအောင်ကြိုးစားတတ်သည်။
ထင်ပေါ်ကျော်ကြားပြီး အာဏာ တန်ခိုးကြီးမားတတ်သည်။
ထိပ်ဆုံးရောက်မည်။ရဲရင့်ပြတ်သားတတ်ပြီး မာနကြီးတတ် သည်။

၄ -ကျားနာမည်

ကျားနာမည်သည်အကျိုးပေး ကျားသတ္တဝါတို့သည်လောဘဒေါသ အားကြီးသည် မသနား မကြင်နာ မစာနာတက်သော သားစားသတ္တဝါဖြစ်သည် ကျားသည် ရဲစွမ်းသတ္တိ
ရှိသည် သတ္တိရှိသည် အကွက်လှလှတွေ ဖြင့် အမြဲတစေစောင့်ဆိုင်းတက်ပြီး လက်စားချေတက်သည် ရဲစွမသတ္တိတစ်မျိုးကလွဲ၍ တစ်ကိုယ်ကောင်းဆန်တက်ခြင်း ကြောင့်ဆင်းရဲဒုက္ခရောက်တက်သောနာမည်ဖြစ်သည် သို့သော်လဲ၄ကြွင်း သူတိုင်း ကျားစိတ် သဘောတရား အပြည့်ရှိလိမ့်မည်ဟုမဆိုလိုပါ ကျား၏သဘောတက်ရောက်သွားသဖြင့် ထိုနာမည်များတွင် အတ္တကို ရှေ့တမ်းမတင် ကိုာ်ချင်းစာတရားရှိကအောင်မြင်ထွန်းပေါက်နိုင်လိမ့်မည်

၅ -နွားနာမည်

အကျိုးပေး နွားသည် လယ်ယာကိုင်းကျွန်း
နေပူမိုးရွာမရှောင် လုပ်ကိုင်ရတက်ပြီး ဆင်းရဲဒုက္ခများသည်
အခိုင်းအစေဘဝဖြင့် ကျွေးမှစား ပေးမှရ တဲ့ သနားစရာ
အနိမ်ခံဘဝ ကိုရည်ညွန်းသည် ထိုတို့ နွားများသည် တာဝန်
ဝဋ်တရားအရ ကျေပွန်အောင် လုပ်ကိုင်ရသော် အတိုချုပ်
အရ အခိုင်းအစေဘဝ ကျွန်ဘဝက ရုန်းမထွက်နိုင်ခြင်း
စေတနာထားလုပ်သလောက် အကောင်းအမြင်မခံရခြင်းများ.
နွားကြွင်းနာမည်များသည် အသုံးချတက်တက် သဘောသက်ရောက်သည်

၆ -မြင်းနာမည်

အကျိုးပေး မြင်းသည် လျင်မြန်သည် သွက်လတ်သည်
ဖျတ်လတ်နိုးကြားသည် သို့သော်လဲ နွားနဲ့ ထူးမခြားနားပင် သူတစ်ပါး
အကျိုးဆောင်ရွက်ရသည် အနစ်နာခံရသည် ပေးဆပ်ရသည် မြင်းများသည်လဲ
အသုံးချ ကျွန်ဘဝရောက်တက်သောနာမည် ဖြစ်သည်

၇ ဆင်အမည်

အကျိုးပေး ရေရှည်လုပ်ငန်း၊စီမံကိန်းလုပ်ငန်း၊ခိုင်မာသောလုပ်ငန်းများတွင်
ကံကောင်းလိမ့် မည်။ဖြေးဖြေးမှန်မှန်လုပ်ရသော လုပ်ငန်းတွေနဲ့
အောင်မြင်သူအဖြစ် ထင်ပေါ်ကျော်ကြား တတ်သည်။တည်ကြည်
လေးနက်စွာ ပြုမူ နေထိုင်တတ်သည်။ဝန်ထုပ်ဝန်ပိုး တာဝန်များဖြင့်
လုပ်ငန်းမှာရုန်းကန်ရသော်လည်း ဆင်သွားလျှင်လမ်းဖြစ်မည်။

၀ ကြွင်း လင်းတ

နာမည် လင်းတ များသည်မကောင်းသောအညစ်ကြေးများကို ကြိုက်နှစ်သက်သည် အပုတ်ကောင် များကိုထိုးဆွ စားသောက်ကြသည် အပုတ်တက အပုတ်မှာ လူပုတ်လူthayကို အရမ်း ကြိုက်နှစ်သက်သည်

ထိုထိုသဘောသည်လူသားစားသတ္တဝါဟု သတ်မှတ်သည် ထို့ကြောင့် လင်းတကို
လတ ဟု အတိုကောက်ခေါ်နေကြသည် အမှန် ဠင်းတဖြစ်သည်အထက်တွင် ဆိုခဲ့သော ကျား နွား မြင်း လင်းတအမည် များ အကြွင်းအရ ယေဘုံယ ဆန်ဆန်သဘောဖြစ်သည် တစ်ထစ်ချ အတုံးလိုက်အတစ်လိုက်မယူဆအပ်ပေ မိမိတို့ မူလ မဟာဘုတ်
ဆန်း နာမက္ခတိုင် အင်္ဂဝိဇ္ဖာတိုင် စသည်များ ကောင်းမကောင်း ဇာတာကောင်းမကောင်းနက္ခတ်ကောင်းမကောင်း အဖတ်ဖတ်က တိုက်စစ်ဆေးပြီးမှသာ ဆုံးဖြတ်သင့်သည် လူသဘာဝသည်အကောင်းမြင်ရင် သဘောကျ အဆိုးမြင်ရင်ရန်လုပ်တက်တာကြောင့် ရှင်းပြရခြင်းဖြစ်ပါတယ်

ရေးသားသူ –နက္ခတ္တဗေဒဆရာလှိုင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။