ဘုမ္မိကြီးအကြောင်းသိကောင်းစရာ

Astrology
ဘုမ္မိကြီးအကြောင်းသိကောင်းစရာ

ဘုမ္မိကြီးဆိုတာ ကျမ်းရင်းလင်္ကာအရ ပြောရရင် ဆိုင်ရာနေ့ သားသမီးတွေအနေနဲ့ ကိုယ့်မွေးနေ့ကနေ စတင်ရေတွက်လို့ လေးခွင်မြောက်ဂြိုဟ်မှာ ဂြိုလ်အိပ်ပြီး ခုနှစ်ခွင်မြောက်ဂြိုဟ်မှာသက်ရောက်နေရင် “ဘုမ္မိကြီး” လို့ခေါ်ပါတယ် ။ လေးခွင်မြောက်ဂြိုဟ်ကော ခုနစ်ခွင်မြောက်ဂြို်ဟ်ကော ဘုမ္မိဂြိုဟ်တွေ ဖြစ်ပါတယ် ။ မိမိမွေးနာမ်ဂြိုဟ်ကနေ ရေတွက်ကြည့်ရင် လေးခုမြောက်ဂြိုဟ်ကို ဘုမ္မိ ၊ မိမိမွေးနာမ်ဂြိုဟ်ကနေ ရေတွက်ရင် ခုနစ်ခုမြောက်ဂြိုဟ်ကို “ဘုမ္မိလေး” ဆိုပြီး တစ်ချို့သူတွေက ခွဲခြားပြောဆိုကြပါတယ် ။

ဒါပေမယ့်လည်း လောကဓံ (၈)ပါး သက္ခတ်ပညာခန်းကြီးမှာ “ဘုမ္မိကြီးဆိုတာ လေးခွင်မြောက်ဂြိုဟ်မှာ ဂြိုလ်အိပ်ပြီး အယသော ၊ ဒုက္ခံ ၊ နိန္နာ ၊ အလာဘောကို သက်ရောက်နေတဲ့ ကာလတွေကို ခေါ်တယ် ။ အဝရွာ ၊ ကြာတောသူ ဘုမ္မိကြီးဟာ တစ်နှစ်သာ ခံရပါတယ် ။ ပြင်းထန်တယ် ။ မြန်တယ် ။ ရောဂါမဖြစ်ပဲ ခေါက်ကနဲ thayတတ်တယ် ။
လောကီ အပျော်အပါးနယ် ကောင်းသောဂြိုဟ် လေးခွင်၌ကျသော ဘုမ္မိကြီး ဖြစ်တယ်လို့ ဆိုထားပါတယ် ။

“(၇)ရက်သားသမီးများ၏ ဘုမ္မိများ”

(၁)တနင်္ဂနွေသားသမီး အသက် ၃၅နှစ် ၊ ၃၆နှစ် ၊ ၃၇နှစ် ၊ ၃၈နှစ် ၊ ၄၃နှစ် ၊ ၄၄နှစ် ၊ ၄၅နှစ် ၊ ၄၆နှစ် ။

(၂)တနင်္လာသားသမီး အသက် ၄၂နှစ် ၊ ၄၃နှစ် ၊ ၄၄နှစ် ၊ ၄၅နှစ် ၊ ၅၀နှစ် ၊ ၅၁နှစ် ၊ ၅၂နှစ် ၊ ၅၃နှစ် ။

(၃)အင်္ဂါသားသမီး အသက် ၃၅နှစ် ၊ ၄၁နှစ် ၊၄၂နှစ် ၊ ၄၃နှစ် ၊ ၄၄နှစ် ၊ ၄၉နှစ် ၊ ၅၀နှစ် ၊ ၅၁နှစ် ၊ ၅၂နှစ်။

(၄)ဗုဒ္ဓဟူးသားသမီး အသက် ၄၈နှစ် ၊ ၄၉နှစ် ၊၅၀နှစ် ၊ ၅၁နှစ် ၊ ၅၆နှစ် ၊ ၅၇နှစ် ၊ ၅၈နှစ် ၊ ၅၉နှစ် ။.

(၅)ကြာသပတေးသားသမီး အသက် ၅၄နှစ် ၊၅၅နှစ် ၊ ၅၅နှစ် ၊ ၅၆နှစ် ၊ ၅၇နှစ်

(၆)သောကြာသားသမီး အသက်၄၄နှစ် ၊ ၄၅နှစ် ၊ ၄၆နှစ် ၊ ၄၇နှစ် ၊ ၅၂နှစ် ၊ ၅၃နှစ် ၊ ၅၄နှစ် ၊ ၅၅နှစ် ။

(၇)စနေသားသမီး အသက် ၄၇နှစ် ၊ ၄၈နှစ် ၊၄၉နှစ် ၊ ၅၀နှစ် ၊ ၅၅နှစ် ၊ ၅၆နှစ် ၊ ၅၇နှစ် ၊ ၅၈နှစ် တွေဟာ ဘုမ္မိကြီးကြုံနေတဲ့ နှစ်များဖြစ်တယ်ဆိုတာကို သိထားရပါမယ်။

ဘုမ္မိကြီး၏ အဓိပ္ပါယ်

ဘုမ္မိကြီးကာလကို ဖြတ်သန်းနေချိန်ဟာ ဘဝတစ်လျှောက်လုံး အဆိုးဆုံးဖြစ်တတ်ပါတယ် ။ လူthayရင် thay ၊ မthayရင် ဘဝthay ရတတ်ပါတယ် ။ ကိုယ် စိတ် နှလုံး သုံးပါးစလုံး အကျဉ်းအကြပ် အခက်အခဲမျိုးစုံ ဖြစ်ရတတ်ပါတယ် ။ ရှိသမျှ စည်းစိမ်ဥစ္စာတွေ ရန်သူမျိုးငါးပါးကြောင့် ကုန်ဆုံးရတတ်ပြန်ပါတယ် ။ အလွန်ကုသရခက်ခဲတဲ့ ပြင်းထန်တဲ့့ရောဂါမျိုးစုံ ဖြစ်တတ်ကြပါတယ် ။ ရုတ်တရက် ဘေးအန္တရာယ်တွေ ကြုံတွေ့ရတတ်ပါတယ် ။

ထိခိုက်ဒဏ်ရာ ၊ အနာတရ ခွဲစိတ်မှု စတဲ့ ခန္ဓာကိုယ်သွေးခြည် သွေးပေါက်ထွက်တဲ့ ဥပါဒ်ဘေးတွေ ဖြစ်ရတတ်ပါတယ် ။ အမှုအခင်းဖြစ် ၊ အချုပ်ထောင်ကျ ၊ အလုပ်ပြုတ် ၊ ပြောင်းရွှေ့ရတာတွေ ဖြစ်တတ်ပါတယ် ။ အတူနေအုပ်စုတွေ ကွဲကွာ ခွဲခွာ ရတတ်ပါတယ် ။ ဂုဏ်သိက္ခာတွေ ကျဆင်းရတတ်ပါတယ် ။ အရှက်တွေ ကွဲရတတ်ပါတယ် ။ဘဝရဲ့ အဆိုးဆုံး အချိန်တွေဖြစ်လို့ ဘုမ္မိကြီး ကာလကို ဖြတ်ကျော်ပြီးတဲ့ လူတစ်ယောက်အနေနဲ့ အတွေးအမြင်များ ပြောင်းလဲပြီး လူသစ် စိတ်သစ် ၊ အတွေးအခေါ် အယူအဆသစ်တွေနဲ့ အသစ်တဖန် မွေးဖွားလာပါတယ် ။ ဘဝအသစ် မွေးဖွားလာလို့ တစ်သက်မှာ နှစ်ဘဝလို့ ခေါ်ရမှာ ဖြစ်ပါတယ် ။

ကြာသပတေးသားသမီးတွေကတော့ ဘုမ္မိကြီး တစ်ခါပဲ ကြုံရတတ်ကြပါတယ် ။ ဒါပေမယ့်် တစ်ကြိမ်ပဲ ကြုံလို့ တခြားနေ့သားသမီးတွေထက် ပိုလို့ ပြင်းထန်တတ်ပါတယ် ။ ပိုခံရ တတ်ပါတယ် ။ ဘာသာရေး စွဲစွဲမြဲမြဲ လုပ်ပေးသင့်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။