အိမ်ထောင်ပြုတာက အရမ်းအလုပ်ရှုပ်တဲ့ ကိစ္စပါအခုကလွတ်လွတ်လပ်လပ်နေတယ်ဆိုတဲ့ ရာဇာနေဝင်း

Celebrity Local News
အိမ်ထောင်ပြုတာက အရမ်းအလုပ်ရှုပ်တဲ့ ကိစ္စပါအခုကလွတ်လွတ်လပ်လပ်နေတယ်ဆိုတဲ့ ရာဇာနေဝင်း

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ကြေငြာတွေနဲ ဗီဒီယိုလောကမှာ အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ လူငယ်တွေ အတုခိုးလောက်တဲ့ အထိအောင်မြင်ကျော်ကြားခဲ့တဲ့
ရာဇာနေ၀င်းကို သိမယ်လို့ထင်ပါတယ်နော်။အဆိုတော်ဟေမာနေ၀င်း ရဲ့ အကိုဖြစ်ပီး တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေထိုင်နေတဲ့ ကိုရာဇာက အခုလတ်တလာမှာ အနုပညာအလုပ်ကို ပြန်လည်လုပ်ကိုင်နေတာတွေ့ရပါတယ်။

ကိုရာဇာကတော့ မောင်နှမတွေရဲ့ အကြောင်းနဲ့ ပက်သက်ပြီး အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ် ရာဇာနေ၀င်းက “အခု ရိုက်ကူးရေးပြန်စတာက ဟေမာက ပဲ အကုန်စီစဉ်တာလေ..သူက ဘယ်ပွဲမှာဘာဝတ် ဘယ်ချိန်အရောက်လာနဲ့ လုပ်ခိုင်းတာ…သူ့ကိုကြောက်လားဆိုကြောက်တာမဟုတ်ဘူးလေ…သူလက်ခံတဲ့အနုပညာကြေးက ပိုပြီးရတယ်လေ..သူပဲရွေး သူပဲအကုန်လုံးတာဝန်ယူနေတာဆိုတော့ မလုပ်ချင်ဘူးမရိုက်ချင်ဘူးဆို ကိုငတ်သွားမှာပေါ့..မဟုတ်ဘူးလား မောင်နှမတွေ‌လေ”

“အိမ်ထောင်ပြုတာက အရမ်း အလုပ်ရှုပ်တဲ့ ကိစ္စပါ… အခုက လွတ်လတ်လပ်လပ် နေလို့ရတယ်.. သဘာဝကိုက အာရုံတွေများပြီး အလုပ်ရှုပ်တာကို မကြိုက်ဘူး မနက်ကို စက်ဘီးစီးပြီး တရားတစ်နာရီထိုင်တယ်လေ..ဝင်လေထွက်လေ ပဲ အာရုံရှိတယ်..ကျန်တဲ့ အလုပ်ရှုပ်မဲ့အရာတွေ မကြိုက်ဘူး..တစ်ကိုယ်ကောင်းဆန်တာ၊ အတ္တကြီးတာ၊ အကျင်မကာင်းတာပေါ့…”လို့ ပြော့သွားခဲ့တာပဲဖြစ်ပါတယ်

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။