ကြွက်ကိုက်ခံရလို့ ကြွက်ကို ပြန်ကိုက်သတ်ခဲ့တဲ့ တရုတ်ကျောင်းသူ

International News
ကြွက်ကိုက်ခံရလို့ ကြွက်ကို ပြန်ကိုက်သတ်ခဲ့တဲ့ တရုတ်ကျောင်းသူ

သူ့လက်ကို လာကိုက်တဲ့ကြွက်ကို ဖမ်းပြီး ပြန်ကိုက်သတ်ခဲ့တဲ့ တရုတ်ကျောင်းသူတစ်ဦးရဲ့ လုပ်ရပ်က လူမှုကွန်ရက်မှာ လူပြောများခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျင်းဆုပြည်နယ်၊ တက္ကသိုလ်ကျောင်းသူအဆောင်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ် ကျောင်းသူဟာ သူ့လက်မကို လာကိုက်တဲ့ ကြွက်ကို ဖမ်းညှစ်ပြီး ကြွက်လည်ပင်းကို ပြန်ကိုက်သတ်ခဲ့တာပါ။ ကြွက်ကို ကိုက်သတ်ပြီးနောက် နှုတ်ခမ်းဒဏ်ရာ ရသွားတဲ့ ကျောင်းသူဟာ ဆေးရုံမှာ ကုသမှု ခံယူခဲ့ပြီး ဒီဖြစ်ရပ်ကို အခန်းဖော်တစ်ယောက်က လူမှုကွန်ရက်ပေါ် တင်လိုက်လို့ သတင်းပျံ့နှံ့သွားခဲ့တာပါ။

” ဆရာဝန်ကလည်း ဒီလိုဖြစ်ရပ်မျိုး တစ်ခါမျှ မကြားဖူးတော့ ဆေးမှတ်တမ်းထဲမှာ ဘယ်လိုရေးပေးရမလဲဆိုတာ တော်တော်ကြာကြာ စဉ်းစားခဲ့ရတယ်”လို့ အခန်းဖော်က ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အသုံးပြုသူတွေက ” သွားတစ်ချောင်းအတွက် သွားတစ်ချောင်း”၊ ” ၂၀၂၃ ခုနှစ်ရဲ့ သည်းထိတ်ရင်ဖို အကောင်းဆုံးဖြစ်ရပ်”၊ ” တရုတ်ရာသီခွင်ထဲက ကြောင်နှစ်ဖွား” အစရှိတဲ့ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

ကြွက်ကိုက်ခံရပြီး ဘက်တီးရီးယားကူးစက်ခံရရင် ရောဂါပြင်းထန်စွာ ခံစားရနိုင်ပြီး စောစောစီးစီး မကုသရင် အသက်အန္တရာယ်စိုးရိမ်ရနိုင်တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေးသားသူ –yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။