၄ လအတွင်း အင်စတာဂရမ်မှာ ပရိသတ် သိန်းချီရခဲ့တဲ့ AI မော်ဒယ်

Celebrity International News
၄ လအတွင်း အင်စတာဂရမ်မှာ ပရိသတ် သိန်းချီရခဲ့တဲ့ AI မော်ဒယ်

အခုပုံမှာ မြင်ရတာကတော့ အင်စတာဂရမ်မှာ အချိန်တိုအတွင်း အားပေးသူ သိန်းချီ ရှိလာတဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လူသားစစ်စစ် မဟုတ်ပါဘူး။ ChatGPT ကို အသုံးပြုပြီး ဖန်တီးထားတဲ့ AI မော်ဒယ်ပါပဲ။ အမ်မလီပယ်လီဂရီနီလို့ အမည်ပေးထားတဲ့ AI မော်ဒယ်ဟာ လွန်ခဲ့တဲ့ ၄ လမှ အင်စတာဂရမ်ပေါ် ရောက်လာခဲ့တာဖြစ်ပေမဲ့ ပရိသတ် ၁ သိန်းခွဲကျော် ရှိနေပြီး ဝင်ငွေ ဒေါ်လာ ၁ သောင်းနီးပါး ရှာဖွေထားနိုင်ခဲ့ပါပြီ။

” ယောကျာ်းလေးအများစုရဲ့ အိပ်မက်ထဲက မိန်းကလေးဆိုရင် ဘယ်လိုပုံစံမျိုးလဲလို့ ChatGPT ကို ကျွန်တော် မေးတော့ အညိုရောင်ဆံပင်ရှည်နဲ့ သွယ်လျရှည်လျားတဲ့ ခြေတံတွေ ရှိရမယ်လို့ အဖြေရတယ်။ အမ်မလီပယ်လီဂရီနီကို အဲဒီပုံစံအတိုင်း ဖန်တီးခဲ့တာပါ။ ဆွဲဆောင်မှုရှိပြီး လူကြိုက်များဖို့ပေါ့။ သူ့ကို တတ်နိုင်သမျှ တကယ့်လူသားအစစ် တစ်ယောက်လို ဖြစ်စေချင်တယ်” လို့ ဖန်တီးပုံဖော်ခဲ့သူက ဆိုပါတယ်။

ကျော့မော့လှပပြီး နှစ်လိုဖွယ် ရုပ်ဆင်းသွင်ပြင်ကြောင့် ညစာစားဖို့ ဖိတ်ခေါ်တဲ့ မက်ဆေ့အများအပြား ရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ သူဟာ ဖီအိုနာပယ်လီဂရီနီဆိုတဲ့ AI မော်ဒယ်ကိုလည်း အမ်မလီရဲ့ ညီမအဖြစ် ထပ်မံဖန်တီးထားပြီး အင်စတာဂရမ်မှာ ပရိသတ် ၃ သောင်းကျော် ရနေပါပြီ။ ဒါ့အပြင် နောက်ထပ် AI မော်ဒယ်နှစ်ဦး ထပ်မံဖန်တီးဖို့လည်း စီစဉ်နေပါသေးတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။