နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ မြင်းခြေရိုး ရေခဲပြင်စကိတ်ပြားကို တူးဖော်တွေ့ရှိ

International News
နှစ် ၁၀၀၀ သက်တမ်းရှိတဲ့ မြင်းခြေရိုး ရေခဲပြင်စကိတ်ပြားကို တူးဖော်တွေ့ရှိ

1,000-year-old bone skate found in Přerov

မြင်းခြေရိုးနဲ့ လုပ်ထားတဲ့ နှစ် ၁၀၀၀ သက်တမ်းရှိ ရေခဲပြင်စကိတ်ပြားကို ချက်သမ္မတနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ပရီရော့ဗ်မြို့မှ မြေအောက်ခန်းကို တူးဖော်ရှာဖွေရာမှာ မြင်းခြေရိုး ရေခဲပြင်စကိတ်ပြားကို တွေ့ရှိခဲ့တာပါ။ မြင်းခြေရိုးကို အောက်ခံပြားအဖြစ် အသုံးပြုပြီး သားရေကြိုးတွေနဲ့ ရစ်သိုင်းထားတဲ့ပုံစံမျိုး ဖြစ်ပါတယ်။

ပရီရော့ဗ်ရဲတိုက်ဟာ သမိုင်းအလယ်ခေတ် အစပိုင်းတုန်းက ဘက်ဗာမြစ်ရဲ့ ဘယ်ဘက်ကမ်းပါးပေါ်မှာ တည်ရှိပြီး အရပ် ၄ မျက်နှာကို ချိတ်ဆက်ထားတဲ့ ခရီးရှည် ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆုံစည်းရာ အဓိကဗဟိုချက်မတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဆောင်းရာသီကာလတွေမှာ ရေခဲနေတဲ့မြစ်ပြင်ကျယ်ကို ဖြတ်သန်းဖို့ ဒေသခံတွေက တိရစ္ဆာန်အရိုးတွေကိုသုံးပြီး ရေခဲပြင်စကိတ်တွေ ဖန်တီးခဲ့ကြဖွယ် ရှိပါတယ်။
ဒေသခံတွေဟာ ကျွဲ၊ နွား၊ မြင်းတွေရဲ့ ခြေထောက်ရိုးတွေကို သုံးပြီး စကိတ်တွေ ဖန်တီးလေ့ရှိတယ်လို့ ပရီရော့ဗ်မြို့ ကွန်မီနီယက်စ်ပြတိုက်မှ ရှေးဟောင်းပညာရှင် ဇီနက်ရှန့်ခ်က ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ စကိတ်စီးတဲ့ ပုံစံမျိုးမဟုတ်ဘဲ သစ်သားတုတ်တွေကိုသုံးပြီး တရွေ့ရွေ့ချင်း သွားကြတာဖြစ်မယ်လို့ ဇီနက်ရှန့်ခ်က ယုံကြည်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။