ဘယ်တော့မှမလုပ်မိစေနဲ့

Astrology
ဘယ်တော့မှမလုပ်မိစေနဲ့

အင်္ကျီတွေ ဘယ်လောက်ပဲစုတ်စုတ် ပုဆိုးတွေဘယ်လောက်ပဲစုတ်စုတ်အိမ်ထောင်ဦးစီးရဲ့ဟာဆိုရင်ကြမ်းတိုက်ဝတ် လက်နှီးစုတ်ဝတ် ဘယ်တော့မှမလုပ်မိစေနဲ့ ။

မီးသွေးဝယ်မယ် ထင်းဝယ်မယ်အိမ်သာသုံး တစ်ရူးဝယ်မယ် ။အမျိုးသမီးလစဉ်သုံးပစ္စည်းဝယ်မယ်ဆိုရင် မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့စျေးဦးပေါက် ပိုက်ဆံနဲ့ဝယ်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့ ။

မနက်စောစောစီးစီးရန်ဖြစ်ခြင်း ၊စကားများခြင်း၊ဆဲဆိုခြင်း၊အိမ်ပူအိမ်ဆူဖြစ်ခြင်းအရက်သေစာသောက်စားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့ ။

အကြီးအကဲ ၊ လူကြီးမိဘ၊ဆရာသမားတို့အားဦးဦးဖျားဖျားထမင်း၊ဟင်းများကို
ဦးမချပဲ စားသောက်ခြင်းကိုဘယ်တော့မှမလုပ်မိစေနဲ့။

ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားများကိုမကန်တော့ပဲ အိပ်ရာဝင်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊မီးလုံးအကျွမ်း၊မီးချောင်းအကျွမ်းများ၊စက်ပစ္စည်းအစုတ်များကိုစွန့်ပစ်ခြင်းမပြုပဲ ကာလကြာရှည်စွာသိမ်းထားခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

မိဘဓာတ်ပုံမချိတ်ပဲ သားသမီးဓာတ်ပုံကိုအိမ်ခေါင်းရင်းမှာချိတ်ခြင်း၊ဧည့်ခန်းမှာချိတ်ခြင်း၊အမြင့်မှာချိတ်ခြင်းကို ဘယ်တော့မှမလုပ်မိစေနဲ့။

ကြွက်ကိုက်ထားသော၊ခွေးကိုက်ထားသော အင်္ကျီ၊ ပုဆိုး၊ ထဘီများဝတ်ခြင်းကို
ဘယ်တော့ မှမလုပ်မိစေနဲ့။

လူတွေ့တိုင်း ညီးညူသောစကား၊နိမိတ်မရှိ နမာမရှိသောစကား၊ အာကြမ်းရှာကြမ်း ပြောဆိုခြင်းများကိုဘယ်တော့မှ မလုပ်မိစေနဲ ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။