ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး thayဆုံး

International News
ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး thayဆုံး

ချီလီနိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုကြောင့် လူ ၁၁၂ ဦး thayသေဆုံးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက အတည်ပြုပါတယ်။ ချီလီနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ဗယ်ပါရိုင်ဆိုမြို့မှာ တောမီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ချီလီနိုင်ငံရဲ့ လူသေဆုံးမှု အများဆုံး တောမီးလောင်ကျွမ်းမှုလည်း ဖြစ်ပါတယ်။

ချီလီသမ္မတ ဂါဘရီယယ်ဘောရစ်က အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားပြီး လိုအပ်တဲ့ လူအင်အား၊ ရန်ပုံငွေအင်အား အားလုံးကို ထုတ်သုံးသွားမယ်လို့ ဆိုပါတယ်။ တောမီးလောင်ကျွမ်းမှုမှာ thayဆုံးသူ တော်တော်များများဟာ နွေရာသီ အားလပ်ရက်မှာ ဗယ်ပါရိုင်ဆိုမြို့ကို သွားရောက်လည်ပတ်သူတွေ ဖြစ်ပါတယ်။

အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိတဲ့ ခွဲစိတ်ကုသမှုအားလုံးကို ဆိုင်းငံ့ထားပြီး တောမီးလောင်ကျွမ်းမှုမှာ ဒဏ်ရာရသူတွေကို ကုသပေးဖို့ ယာယီဆေးရုံတွေ ဖွင့်လှစ်သွားဖို့ ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဘွဲ့ယူခါနီး ဆေးကျောင်းသားတွေအနေနဲ့လည်း ဆေးကုသမှုလုပ်ငန်းတွေမှာ ပါဝင်ကူညီကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။