ဇက်ကြောတက်တတ်သူတွေအတွက် အထိရောက်ဆုံး ဇက်ကြောဖြေလျှော့နည်း (၅) မျိုး

Health Knowledge
ဇက်ကြောတက်တတ်သူတွေအတွက် အထိရောက်ဆုံး ဇက်ကြောဖြေလျှော့နည်း (၅) မျိုး

လည်ပင်းရိုးတစ်လျှောက် ညောင်းညာပြီး ဇက်ကြောတက်တာက လူတိုင်းကြုံဖူးတဲ့ အရာတစ်ခုပါ။ မျက်လုံးကို အားစိုက်တာ များသွားတဲ့အခါမျိုး၊ အိပ်ရေးမဝတဲ့ အခါမျိုးတွေမှာ ပိုပြီးတော့ အဖြစ်များပါတယ်။ ဇက်ကြောတတ်တတ်တဲ့သူတွေအတွက် ညအိပ်ခါနီးတိုင်း ပြုလုပ်ပေးနိုင်တဲ့ အထိရောက်ဆုံး ဇက်ကြောဖြေလျော့နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အကြောလျှော့နည်း (၁)

ပုံမှာပြထားတဲ့အတိုင်းကုတင်စောင်း ဒါမှမဟုတ် ခုံစောင်းမှာ ပက်လက်အနေအထားနဲ့နေရာယူလိုက်ပါ။ တဘက်ကိုလိပ်ပြီး လည်ပင်းအောက်မှာထားကာ ၁၀ မိနစ်ခန့်လှဲနေလိုက်ပါ။

အကြောလျှော့နည်း (၂)

ထိုင်ခုံ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်ပြီး အခုဖော်ပြထားတဲ့လက်အနေအထားအတိုင်း ပြုလုပ်ကာ လည်ပင်းနောက်မှာထားလိုက်ပါ။ စက္ကန့် ၃၀ ခန့်ထားပြီးတဖြည်းဖြည်းချင်း လည်ပင်းကိုပြန်မတ်လိုက်ပါ။

အကြောလျှော့နည်း (၃)

ဘယ်ဘက်လက်ကို ညာဖက်နဲ့ဆွဲပြီး လည်ပင်းကို ညာဖက်စောင်းလိုက်ပါ။ စက္ကန့် ၃၀ အကြာမှာ ဘယ်ညာပြောင်းပြီး ပြုလုပ်ပေးပါ။

အကြောလျှော့နည်း (၄)

နံရံမှာ လက်တစ်ဖက်ကိုထောက်ပြီး ကျန်လက်တစ်ဖက်ကို အကြောလျှော့တဲ့နည်းပါ။

ဖော်ပြထားတဲ့ပုံအတိုင်း ကိုယ်နေဟန်ယူရမှာဖြစ်ပါတယ်။ စက္ကန့် ၂၀ ကြာပြုလုပ်ပြီးတဲ့အခါမှာ ဘယ်၊ ညာပြောင်းရမှာဖြစ်ပါတယ်။

အကြောလျှော့နည်း (၅)

တင်ပျဉ်ခွေထိုင်ပြီး ဖော်ပြထားတဲ့အတိုင်းလက်ကိုချိတ်ပြီး အကြောလျှော့ပေးရမှာပါတစ်ဖက်ကို စက္ကန့် ၂၀ နဲ့ တစ်ဖက်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Credit-Antymay

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။