နဂါးသိုက်ကလာတဲ့သူတွေရှောင်ရန်ဆောင်ရန်များ

Astrology
နဂါးသိုက်ကလာတဲ့သူတွေရှောင်ရန်ဆောင်ရန်များ

သူတို့ဟာ မိဘနဲ့ ပတ်သက်ပြီး ကံကောင်းကြတဲ့သူ နည်းတယ် ။
မိဘနှစ်ယောက်ထဲက တစ်ယောက်ဟာ ကိုယ်ငယ်စဉ်ဘ၀မှာတင် ကွယ်လွန်သွားတာမျိုးတွေ ရှိတတ်သလိုကိုယ့်မိဘဟာ ကိုယ့်အပေါ် ကြင်နာယုယစွာနဲ့ ဆက်ဆံတာလည်းနည်းကြတယ် ။လူတိုင်း ဒေါသထွက်တတ်ကြပေမယ့် သူတို့ကတော့ တခြားသူတွေထက် ပိုကို ပိုတယ် ။
ဒေါသအပြင် လက်စားချေချင်စိတ်လည်း ကြီးမားကြပြန်တယ်။
ကျေးဇူးနဲ့ဒေါသကိုလည်း ခွဲခြားနိုင်ကြပြန်တယ် ။

ဒါပေမဲ့ ဒီဒေါသဟာ သူတို့ရဲ့ ဘ၀ကို ပြန်ဆုတ်မရတဲ့အမှားတွေ ကျူးလွန်မိစေတတ်တယ် ။
ဒါကြောင့် …. ဒေါသကို လျှော့ပါ ။ ခွင့်လွတ်စိတ် မွေးပါ ။ လက်စားချေချင်စိတ်ကို လျှော့ပါ ။

သူတို့ဟာ ကိုယ့်ဒေါသကို ကိုယ်ပြန်ထိန်းချုပ်နိုင်အောင် အောက်ပါ အစီအမံတွေ ထားရှိသင့်ပါတယ် ။

၁ ။ ကိုယ့်အိမ် ၊ အလုပ်ပတ်၀န်းကျင်မှာ အစိမ်းရောင် များများသုံးပါ ။

၂ ။ နံရံကို အစိမ်းရောင်သုတ်တာမျိုး၊ သစ်ပင် ပန်းပင် စိုက်ထားတာမျိုး လုပ်ပေးပါ။

၃ ။ အစိမ်းရောင်ကျောက် ခရစ္စတယ်လေးတွေကို ဆောင်ပါ ။ ဒီနိုင်ငံမှာတော့ ဒီကျောက်တွေက ရှားပေမယ့် ဗိုလ်ချုပ်စျေးမှာတော့ ရတယ်လို့ ကြားတယ် ။

၄ ။ တစ်နေ့ကို ဆယ်မိနစ်ခန့် တရားထိုင်ပေးပါ ။
(၃)ရက်လောက် ပုံမှန်ထိုင်လိုက်တာနဲ့ သင့်ဦးနှောက်ဟာ ပိုပြီး စူးစိုက်မှုအား ပိုကောင်းသွားပါလိမ့်မယ် ။ စိတ်ဖိစီးမှုတွေလည်း လျှော့သွားပါလိမ့်မယ် ။
(၄)ပတ်အကြာရင်တော့ သင့်ဦးနှောက်ရဲ့ pattern ဟာ ရာသက်ပန် ပြောင်းသွားပြီး ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရာသက်ပန် ရရှိသွားပါလိမ့်မယ် ။

၅ ။ ငယ်ငယ်နဲ့ အိမ်ထောင်ကျတတ်တာမို့ ငယ်ရွယ်စဉ် အိမ်ထောင်မကျမိအောင် သတိထားပါ ။ ကျမိရင် အကြောင်းအမျိုးမျိုးကြောင့် မမြဲတတ်တာမို့ပါ ။

၆ ။ အိမ်မွေးတိရစ္ဆာန် ကြောင် (သို့) ခွေး မွေးပါ ။

၇ ။ ငွေကြေးအခက်အခဲဖြစ်လာရင် တိုင်တည်ဆုတောင်းတာတွေ ပြုနိုင်ပါတယ် ။ ဒါပေမဲ့ ငွေကြေးရလာတဲ့အခါကျရင် ပြန်ပြီး ကုသိုလ်ပြု အမျှဝေပေးပါ ။

၈ ။ အရင်ဘ၀ကို စွဲလန်းလို့ အရင်ဘ၀ကိုပဲ ပြန်သွားချင်တယ်ဆိုရင် ဒါနတွေပဲ လုပ်သွားပါ ။ ရခဲတဲ့ လူ့ဘ၀မှာ အကျိုးရှိရှိ အသုံးချသွားချင်တယ်ဆိုရင်တော့ ဘာ၀နာကို ပုံမှန်အားထုတ်သွားပါ ။

၉ ။ သူတို့မှာ ထူးခြားတဲ့အိပ်မက်တွေ မက်တာတွေ ရှိသေးတယ် ။ အဲဒီ အိပ်မက်တွေကို ဘာသာပြန်နိုင်အောင် ကြိုးစားပါ ။ အဲဒီအိပ်မက်တွေက ကိုယ့်ကို မက်ဆေ့ဂ်ျတစ်ခုခု ပြောပြနေပါလိမ့်မယ် ။

၁၀ ။ ခေါင်းမာလွန်းတဲ့သူတွေ ဖြစ်တာမို့ဘ၀လမ်းခရီးမှာ ဆရာကောင်း ၊ သမားကောင်းတွေရဲ့ဆုံးမလမ်းပြမှုကို လိုက်နာခံယူပါ ။

၁၁။ တဇွတ်ထိုးလုပ်တတ်တဲ့စိတ်လေးကို လျှော့ပါ ။

၁၂ ။ ဒေါသထွက်လာရင် အသက်ကို ချက်ခြင်းအောင့်လိုက်ပါ ။ အသက်ကို အောင့်တဲ့ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးထားပါ ။ ဒါမှ ဒေါသထွက်တဲ့အခါ ဘရိတ်က ဖမ်းလို့ ရမှာ ဖြစ်ပါတယ် ။ နို့မို့ဆို အလေ့အကျင့် မရှိရင် ဘရိတ်ဖမ်းလို့ လွယ်မှာ မဟုတ်ပါဘူး ။

၁၃ ။ လာသူတွေဟာ အဟောင်းချည်းစားဖို့ အားမသန်ပါနဲ့ ။ ကံသစ်ကံကောင်းတွေလည်း စိုက်သွားကြပါ ။

၁၄ ။ နေ့စဉ် ဒါန သီလ ဘာ၀နာ ပညာ ကုသိုလ် တစ်ခုခု ရအောင် ယူပါ ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။