ဟားမတ်စ်ကို အပြီးသတ်ချေမှုန်းမယ့် အစ္စရေးအစီအစဉ် အောင်မြင်သလား

International News
ဟားမတ်စ်ကို အပြီးသတ်ချေမှုန်းမယ့် အစ္စရေးအစီအစဉ် အောင်မြင်သလား

ခန်ယွန်းနစ်ကနေ ထွက်ပြေးလာတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေကို စောင့်ကြည့်နေတဲ့ အစ္စရေးတင့်ကားတစ်စီးကို ဇန်နဝါရီ ၃၀ ရက်မှာတွေ့ရစဉ်

ကုလအချက်အလက်တွေအရ တိုက်ပွဲတွေကြောင့် ဂါဇာဒေသခံလေးပုံသုံးပုံ နေရပ်စွန့်ခွာခဲ့ရပါပြီ

ဂါဇာမှာ အစ္စရေးရဲ့ ရည်ရွယ်ချက်က “ဟားမတ်စ်ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်ဆီးဖို့” လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟုက ပြောသလို သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဟားမတ်စ်ကို အပြီးသတ်ချေမှုန်းဖို့ဖြစ်တယ်ဆိုတာကို ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ငါးလနီးပါးကာလအတွင်း ပါလက်စတိုင်း သုံးသောင်းနီးပါး thayဆုံးခဲ့ရပြီလို့ ဂါဇာက ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပြီး အစ္စရေးကတော့ အခုဆို သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုရခဲ့ပြီဖြစ်တဲ့အတွက် “အလုံးစုံအောင်ပွဲ” ရဖို့ မဖြစ်မနေ ဆက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ဆိုတာဟာ စစ်တပ်စွမ်းရည်ထက်ပိုပြီးသာလွန်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ အယူဝါဒရေး နဲ့ လူမှုရေးလှုပ်ရှားမှုတွေပါ ရှိပါတယ်။ ဒီတော့ အစ္စရေးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဟားမတ်စ်ကို အပြီးသတ်ချေမှုန်းရေးက လက်တွေ့ဘယ်လောက်ဖြစ်နိုင်မလဲ၊ ဖြစ်နိုင်ခြေရော ရှိရဲ့လား။

မြေပြင်မှာဘာတွေဖြစ်နေလဲ

ဂါဇာမှာရှိတဲ့ ဟားမတ်စ်တပ်ရင်း ၂၄ ရင်းထဲက ၁၈ ရင်းကို ဖျက်ဆီးထားနိုင်တာကြောင့် “ဂါဇာကမ်းမြောင် မြောက်ပိုင်း က ဟားမတ်စ်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းတည်ရှိမှုကို ဖြိုခွဲနိုင်ပြီ” လို့ အစ္စရေး က ပြောပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးကို ဟားမတ်စ်တွေဝင်တိုက်ခဲ့တဲ့ အချိန်က ဟားမတ်စ်မှာတိုက်ခိုက်ရေးသမား သုံးသောင်းလောက်ရှိတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကပြောပါတယ်။ အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုမှာ လူပေါင်း ၁၂၀၀ ကျော်ကို thetဖြတ်ခဲ့ပြီး အယောက် ၂၅၀ နီးပါးလည်း ဓားစာခံအဖြစ်ခေါ်ဆောင်သွားခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမား တစ်သောင်းသုံးထောင်လောက်ကို thetဖြတ်ချေမှုန်းထားနိုင်ပြီဖြစ်တယ်လို့ IDF က ပြောထားပြီး ဝန်ကြီးချုပ် နက်တန်ညာဟုကလည်း “အစ္စရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် thayဆုံး၊ ဒဏ်ရာရ နဲ့ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမား နှစ်သောင်းကျော် ရှိတယ်။ ဒါဟာ ဟားမတ်စ် တိုက်ခိုက်ရေးအင်အားရဲ့ တဝက်ကျော်ရှိတယ်” လို့ ဖေဖော်ဝါရီလအစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြု နိုင်သေးသလို စာရင်းအချက်အလက် အသေးစိတ်နဲ့ပတ်သက်ပြီး IDF ဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့ တုံ့ပြန် ဖြေကြားတာ မရှိသေးပါဘူး။

ဂါဇာက thayဆုံးသူတွေထဲမှာ အရွယ်ရောက်အမျိုးသား ၉၀၀၀ ဝန်းကျင်သာ ရှိပြီး အရပ်သားတွေလည်းပါဝင်တယ်လို့ ဟားမတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားတာကြောင့် အစ္စရေးနဲ့ ဂါဇာက ထုတ်ပြောကြတဲ့ အချက်အလက်တွေဟာ သိသိသာသာ ကွာဟနေပါတယ်။

အစ္စရေးရဲ့ ပြောဆိုချက်တွေကို ပယ်ချကြောင်း ဟားမတ်စ်နိုင်ငံရေးရုံးက ဘီဘီစီကိုပြောပြီး ဂါဇာရဲ့ နေရာအကုန်လုံးမှာ အင်အားကောင်းကောင်းနဲ့ စစ်တပ်ကဖြန့်ကြက်ဆောင်ရွက်နေဆဲလို့ တုံ့ပြန်ပါတယ်။ တချိန်တည်းမှာပဲ ဟားမတ်စ်ဟာ တပ်ရင်းအချို့ကို ပြန်လည်အားဖြည့်နေရာချထားနေပြီလို့ အစ္စရေးသတင်းစာ Haaretz ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

စစ်ရေးသတင်းတွေဖော်ပြတဲ့ Jane’s Defence Weekly အပတ်စဉ်ထုတ်မဂ္ဂဇင်းရဲ့ အရှေ့အလယ်ပိုင်း အယ်ဒီတာ ဂျယ်ရမီ ဘင်နီ ကတော့ ဟားမတ်စ်အနေနဲ့ “တိုက်ခိုက်ရေးသမားအသစ်တွေကို ခပ်မြန်မြန် စုဆောင်းနိုင်နေတယ်ဆိုတော့ အခုပြောတဲ့ အရေအတွက်ကိန်းဂဏန်းတွေကို သိပ်အရေးတကြီး ကြည့်ဖို့တော့ မလိုပါဘူး” လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်‌ရေးတပ်ဖွဲ့တွေက “ဟားမတ်စ်တပ်မှူးတွေကို သုတ်သင်၊ Lat Nat သိုလှောင်ခန်းတွေကို ရှာဖွေဖော်ထုတ်ခဲ့ပြီး မြေအောက်အကြမ်းဖက်စနစ်ကိုလည်း နည်းလမ်းတကျ ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့တယ်” လို့ အစ္စရေး၊ Reichman တက္ကသိုလ် မှာရှိတဲ့ အကြမ်းဖက်မှုတန်ပြန်ရေးနိုင်ငံတကာအင်စတီကျူက အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မီရီ အီစင်က ဟားမတ်စ်တွေရဲ့ ဥမင်လိုဏ်ခေါင်း စနစ်ကို ရည်ညွှန်းပြီး ပြောပါတယ်။

ဒါပေမဲ့ လိုဏ်ခေါင်းစနစ်ဟာ အရင်မှန်းထားတာထက် ပိုပြီးကြီးမားတယ်လို့ မစ္စတာ ဘင်နီက ပြောပြီး ဓားစာခံတွေကို အဲဒီမှာချုပ်နှောင်ထားနိုင်ခြေရှိတာကြောင့် အစ္စရေးအနေနဲ့ လိုဏ်ခေါင်းတွေကိုဖျက်ဆီးဖို့ဆို အများကြီး လုပ်ရလိမ့်ဦးမယ်လို့ ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းမှာဆို အစ္စရေးတွေဘက်က သူတို့ရဲ့စစ်ဆင်ရေးဟာ ဟားမတ်စ်ကို လုံးဝအပြုတ်တိုက်ရေးထက် အဆုံးမရှိတဲ့ စစ်ပွဲကြီးနွှဲနေသလိုမျိုး တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေသလို လူမျိုးသုဉ်းthetဖြတ်မှုမြောက်တယ်လို့ နိုင်ငံတကာ တရားရုံး ICJ မှာ တိုင်ကြားမှုတွေရှိနေပေမဲ့ ဒါတွေဟာ “အလွန်အမင်း ပုံဖျက်ထားတဲ့စွပ်စွဲချက်တွေ” လို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟု က ပြောပြီး အစ္စရေးအနေနဲ့ ဟားမတ်စ်ရဲ့ ကျန်နေသေးတဲ့ တပ်ရင်းတွေကို ဆက်ပြီး ချေမှုန်းသွားရမယ်လို့ ဆိုပါတယ်။

အယူဝါဒကို အပြီးသတ် ချေမှုန်းနိုင်သလား

အနောက်အုပ်စုအတွက် ဟားမတ်စ်ဟာ အကြမ်းဖက်အုပ်စုဖြစ်ပြီး အစ္စရေးကို ဖျက်ဆီးမယ့်အဖွဲ့လို့ ရှုမြင်ကြပေမဲ့ အာရပ်ကမ္ဘာကတချို့အတွက်တော့ ခုခံရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ပြိုင်ဖက်ဖာတာကို အကြမ်းဖက် ဖယ်ရှားပြီး ၂၀၀၇ ခုနှစ်ကစလို့ ဂါဇာကမ်းမြောင်ဒေသကို ဟားမတ်စ်တို့အုပ်ချုပ်ခဲ့ကြတာပါ။

လုံခြုံရေးအကြောင်းပြချက်နဲ့ အစ္စရေးရော အီဂျစ်နိုင်ငံကပါ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုအတွင်း ပါလက်စတိုင်းအုပ်စုတွေဟာ ဂါဇာကနေ အစ္စရေးထဲကို ဒုံးပျံထောင်နဲ့ချီ ပစ်လွှတ်ခဲ့ပါတယ်။ တခါတလေမှာတော့ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်ပါဝင်တဲ့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့အတွက် ပစ်ခတ်လေ့ရှိပါတယ်။

၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဂါဇာမှာ ပြုလုပ်ခဲ့တဲ့ ဟားမတ်စ်ထောက်ခံသူတွေစုဝေးပွဲမှာ thayနတ်ကိုင်မြှောက်ထားတဲ့ ပါလက်စတိုင်းလူမျိုး ဟားမတ်စ်တပ်ဖွဲ့ဝင်တစ်ဦး မြင်ကွင်း

၂၀၀၇ ခုနှစ်ကစလို့ ဂါဇာကို ဟားမတ်စ်တို့ အုပ်ချုပ်နေပြီး အဲဒီနှစ်မှာပဲ ဟားမတ်စ် နှစ် ၂၀ ပြည့်အထိမ်းအမှတ် လူစုလူဝေးပြုလုပ်နေကြစဉ်

“ဒါဟာ စစ်တပ်လှုပ်ရှားမှုသက်သက်၊ နိုင်ငံရေးလှုပ်ရှားမှုသက်သက်မဟုတ်ဘူး။ အယူဝါဒဖြစ်တယ်” လို့ ဥရောပကောင်စီ၊ နိုင်ငံတကာဆက်ဆံရေး က အကြီးတန်းအရာရှိလည်းဖြစ် အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ မစ္စတာ ဟျူး လောဗတ်က ပြောပါတယ်။

“အစ္စရေးက lat nat အားကိုးပြီးလည်း ဒီအယူဝါဒကို အမြစ်ဖြတ်မချေမှုန်းနိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

အထူးသဖြင့်အခုချိန်မှာ အစ္စရေးကိုlat nat ကိုင်တော်လှန်ဖို့အတွက် ဟားမတ်စ်ထောက်ခံ သူတွေက ပဲ့တင်ထပ်အောင်ပြောနေပြီး ပါလက်စတိုင်းတွေအတွက်လက်ရှိအချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို ဖြည့်ဆည်းနိုင်ဖို့ နိုင်ငံရေးလမ်းကြောင်းမရှိတော့ဘူးလို့ ခံစားနေကြပါတယ်။

“သူတို့ရဲ့ အနာဂတ်တွေကို မမြင်ရတော့လို့ ပါလက်စတိုင်းအများစုက ဟားမတ်စ်ကို ထောက်ခံကြတယ်” လို့ အနောက်ဘက်ကမ်းမှာရှိတဲ့ Arab American တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနက နည်းပြတစ်ဦးဖြစ်တဲ့ ဒေါက်တာ အာမက် အဘူ အယ်လ် အက်ဇီ က ‌ထောက်ပြပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟု ကတော့ သူ့ရဲ့ သက်တမ်းတလျှောက်လုံးနီးပါး ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့ကို ကန့်ကွက်ခဲ့ပါတယ်။ ဒါဟာ တည်နေရာအနေအထားကြောင့် လုံခြုံရေးစိုးရိမ်ချက်ရှိတာ၊ ဟားမတ်စ်အနေနဲ့ အစ္စရေးကို အသိအမှတ်မပြုတာကြောင့်လို့ ဝန်ကြီးချုပ်က ပြောနေပေမဲ့ အစိုးရထဲမှာရှိတဲ့ သူ့ရဲ့ လီကွတ်ပါတီနဲ့ လက်ယာယိမ်းမဟာမိတ်တွေက တော့ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ဟာ အစ္စရေးအပိုင်အဖြစ် ရှုမြင်ကြပါတယ်။

မနှစ်ကဆိုရင် အနောက်ဘက်ကမ်းမှာအခြေချနေထိုင်ဖို့အတွက် အစ္စရေးအစိုးရကနေ အိမ်ဆောက်ခွင့်ပြုတဲ့ အရေအတွက် စံချိန်တင်များခဲ့တာကို အစ္စရေးတက်ကြွလှုပ်ရှားရေးအဖွဲ့ Peace Now ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အနောက်ဘက်ကမ်းက ပါလက်စတိုင်း ၅၀၇ ယောက်ဟာ အစ္စရေးတပ်ဖွဲ့နဲ့ အစ္စရေးအခြေချနေထိုင်လာသူတွေ thetဖြတ်တာခံခဲ့ရပြီး ကလေးငယ် ၈၁ ဦးအထိပါဝင်တာကို ၂၀၀၅ ခုနှစ်က စတင်မှတ်တမ်းရယူတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ရဲ့ အသေအပျောက်စာရင်းအရ သိရပါတယ်။

ကုလရဲ့ မှတ်တမ်းအရပဲ အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ၃၆ ဦး thayဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် အနောက်ဘက်ကမ်းရဲ့ တချို့နေရာတွေကို အုပ်ချုပ်တဲ့ ၊ ဖာတာတွေက လွှမ်းမိုးထားတဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA ကိုလည်း စိတ်ပျက်နေကြပါပြီ။ ပါလက်စတိုင်းအများစုကတော့ PA ဟာ အကျင့်ပျက်လာဘ်စားသလို အစ္စရေးသိမ်းပိုက်နေမှုတွေကို ရင်ဆိုင်ဖို့ အားနည်းတယ်လို့ မြင်ကြပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မတိုင်ခင်အထိ ပိတ်ဆို့ခံ ဂါဇာမှာနေထိုင်နေရတဲ့ ပါလက်စတိုင်းတွေအတွက် “ထောင်အကြီးစား” တစ်ခုမှာနေရတယ်လို့ ခံစားနေရကြောင်း ဒေါက်တာ အဘူ အယ်လ် အက်ဇီ က ပြောပြီး ဂျူးရွှေ့ပြောင်းအခြေချလာသူတွေရဲ့ တိုက်ခိုက်မှုတွေ၊ မြေယာသိမ်းပိုက်ခံရတာနဲ့ အလုပ်အကိုင်ဆုံးရှုံးရတာ အတွက် အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်းတွေက စိတ်ဆိုးဒေါသထွက်ကြတယ်လို့ သူက ဆက်ရှင်းပြပါတယ်။

ပါလက်စတိုင်းမှာ လူငယ်အရေအတွက် များပြားပေမဲ့ ငြိမ်းချမ်းရေး အဖြေရှာရေးနည်းလမ်းတွေ မရှိတာကြောင့် တခြားပါတီတွေက လူငယ်တွေ စိတ်ဝင်စားအောင် လုပ်နိုင်တာတွေလည်း မရှိပါဘူး။

“ကျူးကျော်သိမ်းပိုက်မှုတွေရှိနေသရွေ့၊ ရက်စက်ကြမ်းကြုတ်မှုတွေရှိနေသရွေ့၊ thetဖြတ်မှုတွေ ရှိနေသရွေ့တော့ လူတွေဟာ ဟားမတ်စ်ပြောတဲ့အတိုင်း လိုက်လုပ်ကြမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က မျှော်လင့်ချက်ကို ရှာဖွေနေကြတာ” လို့ သူက ဒေါက်တာ အဘူ အယ်လ် အက်ဇီ က ဆက်ပြောပါတယ်။

Tel Aviv မြို့ နံရံပေါ်မှာတွေ့ရတဲ့ အစ္စရေးဓားစာခံတွေရဲ့ ပိုစတာတွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တုန်းက ပြည်သူတွေကြည့်ရှုနေကြစဉ်

အောက်တိုဘာ ၇ ရက်နေ့က ဟားမတ်စ်ပြန်ပေးဆွဲခဲ့တဲ့ အစ္စရေးနဲ့ နိုင်ငံခြားသား ၂၅၃ ဦးထဲက အယောက် ၁၃၀ စာရင်းပျောက်ဆုံးနေဆဲ

ဟားမတ်စ်ကို ထောက်ပံ့ဖို့ ဘာတွေဖြစ်နေလဲ

အောက်တိုဘာ ၇ ရက်ဖြစ်ရပ်ကြောင့် ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေဟာ ကြီးမားတဲ့တန်ကြေးတွေနဲ့ ပြန်ပေးဆပ်နေရပေမဲ့ ပါလက်စတိုင်းတွေကြား ဟားမတ်စ်ထောက်ခံမှုမြင့်တက်ခဲ့တာကို ၂၀၂၃ ခုနှစ် နှောင်းပိုင်း စစ်တမ်းတွေအရ တွေ့ရပါတယ်။

အနောက်ဘက်ကမ်းမှာဆိုရင် ဟားမတ်စ်ထောက်ခံသူအရေအတွက်ဟာ စက်တင်ဘာလမှာ ၁၂ ရာခိုင်နှုန်းရှိရာ ကနေ ဒီဇင်ဘာလမှာတော့ ၄၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒါဟာ အနောက်ဘက်ကမ်းမှာရှိတဲ့ ပါလက်စတိုင်း အယောက် ၇၅၀ နဲ့ ဂါဇာက ၄၈၁ ယောက်ကို မေးမြန်းထားတဲ့စစ်တမ်းက အချက်အလက်တွေပါ။

တိုက်ပွဲဖြစ်တဲ့ကာလတွေမှာ ဟားမတ်စ်ကို ထောက်ခံမှုများလာလေ့ရှိပေမဲ့ အခုကတော့ သိသိသာသာများလာ ခဲ့တာလို့ စစ်တမ်းရယူခဲ့တဲ့ အနောက်ဘက်ကမ်းအခြေစိုက် ပါလက်စတိုင်း မူဝါဒနဲ့ သုတေသနစင်တာ က ဒေါက်တာ ခါလီ ရှီကာကီက ပြောပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်အပစ်ရပ်ကာလ အစ္စရေးအကျဉ်းထောင်ကနေ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးငယ် တွေ ပြန်လွတ်မြောက်လာတဲ့ နိုဝင်ဘာလ မှာ အခုလိုစစ်တမ်းကောက်ယူခဲ့တာလို့ သူက မှတ်ချက်ပြုပါတယ်။

ဒါကြောင့် ဟားမတ်စ်အသုံးပြုတဲ့ အကြမ်းဖက်နည်းတွေဟာ ပါလက်စတိုင်းတွေရဲ့ ရည်မှန်းချက်ကို အရယူနိုင်ဖို့အတွက် “အကျိုးသက်ရောက်မှုများတယ်” လို့ အချို့တွေကို ထင်မြင်စေတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

အခြေချနေထိုင်လာသူတွေရဲ့ တိုက်ခိုက်တာနဲ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA ရဲ့ စစ်ပွဲအပေါ် တုံ့ပြန်မှုတွေကို စိတ်ပျက်တာဟာ ဟားမတ်စ်ကို ပိုပြီးထောက်ခံလာစေတယ်လို့ ဒေါက်တာ ရှီကာကီ က ဖြည့်စွက်ပြောပါတယ်။

ဂါဇာမှာကတော့ ဒီပုံနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဟားမတ်စ်ကိုထောက်ခံမှုကတော့ ၃၈ ရာခိုင်နှုန်းကတော့ ၄၂ ရာခိုင်နှုန်းအထိ အနည်းငယ်မြင့်တက်လာတာကို ဇယားရဲ့ အောက်ခြေနားမှာ တွေ့နိုင်ပါတယ်။

ဂါဇာမှတော့ အနောက်ဘက်ကမ်းနဲ့ ယှဥ်ရင် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တိုက်ခိုက်မှုကို မှန်တယ်လို့ ယူဆသူ ပိုနည်းပါတယ်။

အဲဒီတိုက်ခိုက်မှု မှန်တယ်လို့ ယူဆသူ အနောက်ဘက်ကမ်းက ၈၂ ရာခိုင်နှုန်း နဲ့ ဂါဇာမှာ ၅၇ ရာခိုင်နှုန်းရှိပါတယ်။

“ဟားမတ်စ်ရဲ့ ဆုံးဖြတ်ချက် အခုစစ်ပွဲအကျိုးဆက်ကိုခံစားနေကြရသူတွေက ဟားမတ်စ်ကိုပိုပြီးဝေဖန်ကြတယ် ဆိုတာရှင်းပါတယ်” လို့ ဒေါက်တာ ရှီကာကီ က ဆက်ပြောပါတယ်။

ဒီလပိုင်းအတွင်းမှာပဲ ဟားမတ်စ်အပေါ် မကျေနပ်၊ စိတ်ပျက်တဲ့ လက္ခဏာတွေတိုးလာတာကို သတိထားမိတဲ့ အကြောင်း ဂါဇာကနေ သတင်းတင်ဆက်နေတဲ့ ဘီဘီစီသတင်းထောက်က ဖေဖော်လအစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ချစ်ရတဲ့သူတွေ thayဆုံးရတာ၊ အစ္စရေးအဖွဲ့တွေရဲ့ နေအိမ်ဖျက်ဆီးတာကို ကြုံတွေရတာနဲ့ ငတ်မွတ်မှုတွေဟာ ဒေါသထွက်စေတဲ့ အကြောင်းအရာတွေဖြစ်တယ်လို့ ဂါဇာဒေသခံအချို့က ကိုးကားပြီးပြောပါတယ်။

ဟားမတ်စ်တွေကို လူသိရှင်ကြားဝေဖန်တဲ့အတွက်လည်း ဂါဇာဒေသခံအချို့မှာ စိုးရိမ်ချက်ရှိနေတယ်လို့ ဖော်ပြကြပါတယ်။

တိုက်ခိုက်ရေးမျိုးဆက်သစ်တွေလား

အခုဆိုရင် ဂါဇာမှာရှိတဲ့ လူငယ်အများစုဟာ အစ္စရေးကိုမုန်းတီးစိတ်နဲ့ ပြည့်နှက်နေသလို သိမ်းပိုက်တာကိုလည်း ဆန့်ကျင်ကြတယ်လို့ ဒေါက်တာ အဘူး အယ်လ် အက်ဇီက ယုံကြည်ပါတယ်။

“ကျွန်တော့်အထင်တော့ လာမယ့်မျိုးဆက်တွေဟာ လက်တုံ့ပြန်ဖို့အတွက် စစ်တပ်တွေထဲ ဝင်လာကြလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မိသားစုတွေ၊ ကလေးတွေ၊ အမေတွေ၊ သားတွေ နဲ့ မောင်နှမတဝမ်းကွဲတွေကို ဆုံးရှုံးခဲ့ကြတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ဟားမတ်စ်ကိုပိုပြီးထောက်ပံ့လာမလားဆိုတဲ့ စိုးရိမ်ချက်တွေက စစ်တပ်ရဲ့ ရည်မှန်းချက်တွေကို အနှောင့်အယှက်မပေးနိုင်ဘူးလို့ အရာရှိဟောင်း အီစင် က မှတ်ချက်ပြုပါတယ်။

“အစွန်းရောက်၊ ကြောက်မက်ဖွယ်ကောင်း၊ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု” ကို အောက်တိုဘာ ၇ ရက်နေ့က တွေ့မြင်ခဲ့ရပြီးပြီ “သူတို့က အစွန်းရောက်ခဲ့ပြီးပြီ” လို့ မစ္စ အီစင် က ဆက်ပြောပါတယ်။

“ဒီဖြစ်ရပ်အတွက် ကျွန်မတို့ရဲ့တုံ့ပြန်မှုက ဟားမတ်စ်ရဲ့ စွမ်းရည် လုပ်နိုင်စွမ်းတွေကို အပြီးသတ်နှိမ်နင်းဖို့ အရင်ဆုံး လုပ်ရမယ်။ ဒါဟာ ရှိနေပြီးသား အယူဝါဒတွေကို ပိုပြီးဆိုးရွားစေမှာမဟုတ်ဘူး” လို့ သူက ဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့ ဒေါက်တာ ရှီကာကီကတော့ စစ်ပွဲကြီးတွေ နောက်မှာ ငြိမ်းချမ်းရေးပါ ပါလာမယ်ဆိုရင် စစ်ပွဲဆိုတိုင်း လူငယ်တွေကို စစ်ပြင်၊ စစ်တိုက်စရာဖို့ လမ်းပေါ်တင်ပေးလိုက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

နောက်နေ့ ဘာဆက်ဖြစ်မလဲ

ဂါဇာကlat natကိုင် အဖွဲ့တွေကို ဖယ်ရှားပြီးနောက် အစ္စရေးက အုပ်ချုပ်ရမယ်ဆိုရင် စစ်ပွဲအပြီး အစီအစဥ်ကို အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟုက ထုတ်ပြောထားပါတယ်။ အစ္စရေးကိုရန်လိုတဲ့အဖွဲ့တွေနဲ့ အဆက်အဆံမရှိတဲ့ ပါလက်စတိုင်းတွေနဲ့ နယ်မြေကိုလည်ပတ်မယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက အစ္စရေးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ Rafah က အဆောက်အအုံအပျက်တွေမှာ ကလေးငယ်တွေစုဝေးထိုင်နေကြစဉ်

အရပ်သားတွေအပေါ် စစ်ပွဲအကျိုးသက်ရောက်မှုတွေရှိစေခဲ့တဲ့ အစ္စရေးအနေနဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေရင်ဆိုင်နေရ

အရာရှိဟောင်း အီစင် ကတော့ ဟားမတ်စ်တွေဟာ အမြဲတမ်းတစ်ခုခုကို လုပ်ပြလေ့ရှိပေမဲ့ အစ္စရေးက ဟားမတ်စ်အများအပြားနဲ့ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကို အပြီးသတ် ချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

“ဟားမတ်စ်ကို ချိနဲ့အားနည်းလာတာကို လိုချင်တယ်ဆိုရင်၊ ဒီလိုဖြစ်လာစေမယ့် တစ်ခုတည်းသော လမ်းက အောင်မြင်တဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ခုဖန်တီးပေးဖို့လိုတယ်” လို့ အရှေ့အလယ်ပိုင်းအရေး ကျွမ်းကျင်သူ မစ္စတာ လောဗတ် က ပြောပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံတည်ထောင်ရေး လမ်းကြောင်းကတော့ မှေးမှိန်နေဆဲ ဖြစ်ပါတယ်။

“ဂျော်ဒန်အနောက်ဧရိယာတစ်ခုလုံးမှာ အစ္စရေးရဲ့ လုံခြုံရေးအရအပြည့်အဝဆောင်ရွက်မှုတွေကို အလျော့ပေးမှာ မဟုတ်ဘူး။ ဒါဟာ ပါလက်စတိုင်းနိုင်ငံဆိုတာနဲ့ ဆန့်ကျင်နေလိမ့်မယ်” လို့ အစ္စရေးဝန်ကြီးချုပ် နက်တန်ညာဟုက လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ X မှာ ပြောခဲ့ပါတယ်။

ဒါဟာ အစ္စရေးရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက အစ္စရေး – ပါလက်စတိုင်းပဋိပက္ခအတွက် ရေရှည်တည်တံ့မယ့် အဖြေတစ်ခုအဖြစ် ပွင့်ပွင့်လင်းလင်းထုတ်ပြောထားတဲ့ “ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးလမ်းကြောင်းအပါအဝင် ဒေသဆိုင်ရာချဉ်းကပ်မှုတခုတည်းကနေပဲ သွားနိုင်မယ်” ဆိုတဲ့ အချက်နဲ့တော့ ဆန့်ကျင်နေပါတယ်။

အစ္စရေးဟာ ဂါဇာကို အကန့်အသတ်မရှိ မထိန်းချုပ်သင့်ဘူးလို့ ဘိုင်ဒန်အစိုးရက အလေးပေးပြောထားပါတယ်။ တခြားရွေးစရာမရှိရင် အနာဂတ်မှာ အကြမ်းဖက်မှုတွေ ပိုပြီးများလာနိုင်တဲ့အန္တရာယ်ရှိတယ်။

“အစ္စရေးတို့အတွက် အောင်ပွဲခံမယ့်နေ့ ငါမမြင်ဘူး” လို့ မစ္စတာ ဘင်နီက ပြောပါတယ်။

“ဟားမတ်စ်ကို အကြီးအကျယ်ဖြိုခွဲလိုက်နိုင်တယ်ဆိုရင်တောင် အဓိကအချက်က ဟားမတ်စ်နောက်တကြိမ် ပြန်လည်ပေါ်ပေါက်လာနိုင်တာကို ဘယ်လိုတားဆီးမှာလဲ။”

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။