ဆီးရောဂါအတွက် ကတက်ရွက်

Health Knowledge
ဆီးရောဂါအတွက် ကတက်ရွက်

၁။ အရွက်ကိုကြိတ်၍ ရေနှင့်ဖျော်ပြီး မီးဖြင့် နွေးအောင်ပြု၍ ကိုက်ခဲနာကျင်ရာ၌ လိမ်းသော် အကိုက်အခဲများ ပျောက်၏။

၂။ ရွက်ကြိတ်ညှစ်ရေနှင့် ကွမ်းရွက်ကြိတ်ညှစ်ရေ ဆတူယူ၍ ထောပတ်နှင့်ရောသောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။

၃။ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။

အခေါက်အသုံးပြုပုံ

၁။သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။

အမြစ်အသုံးပြုပုံ

၁။အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို ၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော် ဆီးအိမ်ရောင်ရောဂါနှင့် ကျောက်တည်ရောဂါ ပျောက်၏။

၂။အမြစ်ကို အပြင်းဖျား ရောဂါကုဆေး၌လည်း ထည့်သွင်းအသုံးပြု၏။

ရှေးသမားတော်ကြီးများက ခံတောက်ခေါက်ကို ညောင်းညာကိုက်ခဲခြင်း၊ ထုံနာကျင်နာ တို့ကိုအထူး သက်သာစေတဲ့အတွက် အကြောအရိုးအဆစ် ကုသဆေးများတွင်ဖော်စပ်အသုံးပြုကြသည်။

အားလုံးကျန်းမာကြပါစေ။

credit

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။