မူးယစ်ဆေးသုံးပြီး ဗုဒ္ဓဆင်းတုတော်ကို ဖျက်စီးဖို့ ကြိုးစားခဲ့သူ ရင်ဘတ်ကို ရုပ်တုစိုက်ဝင်ပြီး thayဆုံး

International News
မူးယစ်ဆေးသုံးပြီး ဗုဒ္ဓဆင်းတုတော်ကို ဖျက်စီးဖို့ ကြိုးစားခဲ့သူ ရင်ဘတ်ကို ရုပ်တုစိုက်ဝင်ပြီး thayဆုံး

ထိုင်းနိုင်ငံ ချုံဘူရီပြည်နယ်မှာ ဘုရားကျောင်းအတွင်း မူးယစ်သောင်းကျန်းခဲ့ပြီး ဘုရားဆင်းတုတော်တွေကို ဖျက်စီးဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ရင်ဘတ်ကို ဗုဒ္ဓရုပ်တုစိုက်ပြီး thayဆုံးသွားခဲ့ပါတယ်။

အက်လို့ အမည်ရတဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီလ ၂၇ ရက်က ဘုရားကျောင်းထဲမှာ သူ့သူငယ်ချင်း ဘုန်းကြီးတစ်ပါး(ဘတ်စ်လို့ အမည်ရ)နဲ့အတူ မီသမ်ဖက်တမင်း မူးယစ်ဆေးဝါးအတူ သုံးစွဲခဲ့ကြတယ်လို့ Thaiger သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီနောက်မှာတော့ အက်က ရောင်စုံဖန်ပြောင်းနဲ့ လိုက်ရိုက်လို့ ဘုန်းကြီးဖြစ်သူ ဘတ်စ် ထွက်ပြေးခဲ့ရပါတယ်။ အက်ကတော့ ဘုရားကျောင်းထဲမှာရှိတဲ့ ရုပ်တုတွေကို ရိုက်ချိုးဖျက်စီးခဲ့ပြီး ပင်မဝတ်ပြုဆောင်ထဲကို ပြေးဝင်သွားခဲ့ပါတယ်။

ဘုရားကျောင်းထဲကို ရဲတွေ ရောက်လာချိန်မှာ အက်က တံခါးအားလုံးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားခဲ့ပြီး အထဲမှာ ခိုလှုံနေခဲ့ပါတယ်။ သူ့မှာ lat natရှိနေမယ်ထင်လို့ ရဲတွေကလည်း အထဲကို မဝင်ဘဲ အပြင်မှာ စောင့်ဆိုင်းရင်း lat nat ချဖို့ သူ့ကို ဖျောင်းဖျခဲ့ကြတာပါ။ ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ အက် ထံကနေ တုံ့ပြန်မှုမရတဲ့အတွက် တံခါးကို ချိုးဖျက်ပြီး အထဲ ဝင်သွားချိန်မှာတော့ ရင်ဘတ်မှာ ဗုဒ္ဓရုပ်တုတော် စိုက်ဝင်ပြီး လဲကျthayဆုံးနေတဲ့ အက်ကို တွေ့ရှိခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုတွေအရ အက်ဟာ ပင်မဝတ်ပြုဆောင်ထဲမှ ရုပ်ပွားတော်ကြီးပေါ် တက်ကာ ရိုက်ချိုးဖျက်စီးဖို့ ကြိုးစားနေရင်းကနေ ခြေချော်ပြုတ်ကျခဲ့ပြီး အောက်ဘက်မှာရှိတဲ့ ချွန်ထက်တဲ့ ရုပ်တုတော်က သူ့ရင်ဘတ်ကို စိုက်ဝင်သွားခဲ့တာလို့ ဖော်ပြပါတယ်။ ရုပ်တုတော်က သူ့ရဲ့နှလုံးနဲ့ အဆုတ်ကို ဖောက်ဝင်သွားခဲ့လို့ ပွဲချင်းပြီး thayဆုံးသွားခဲ့တာပါ။

ဒီဖြစ်ရပ်မတိုင်ခင် ရက်အနည်းငယ်ကတည်းက အက်နဲ့ ဘုန်းကြီးဘတ်စ်တို့ ဒီဘုရားကျောင်းမှာ နေခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။ ဘုန်းကြီး ဘတ်စ်ကလည်း အက်နဲ့အတူ မူးယစ်ဆေးဝါး သုံးစွဲခဲ့တယ်လို့ ဝန်ခံခဲ့ပြီး သူ့ရဲ့အမှားအတွက် သိက္ခာချကာ လူဝတ်လဲခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။