Miss Universe Mandalay 2024 ပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်သွားမဲ့ မင်းသမီး ပိုးကြာဖြူခင်

Celebrity Local News
Miss Universe Mandalay 2024 ပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်အဖြစ်ပါဝင်သွားမဲ့ မင်းသမီး ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ မင်းသမီးချော ပိုးကြာဖြူခင်က မိုးကောင်းကင်အိမ်မက် ဇတ်လမ်းတွဲထဲက ဆိုင်းမိုင်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ကျော်ကြား ခဲ့တဲ့မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်ကလည်းပြည့်ဝလွန်းလှတာကြောင့် ပရိသတ်များစွာကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ ။

ပိုးကြာဖြူခင်က လက်ရှိမှာ သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကိုမွေးဖွားထားရတာမို့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပြီး သူမရဲ့ ခင်ပွန်းနဲ့ အတူတူ စိန်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ဦးစီးနေတာပဲဖြစ်ပါတယ်။မကြာသေးခင်ကမှ သူမဟာ ရတနာPK ထွန်းဆိုတဲ့ စိန်ဆိုင်ကြီးတစ်ခု ဖွင့်လှစ်ထားတာလည်း ပရိသတ်တွေသိမှာပါ။.. ပိုးကြာဖြူခင်ကတော့သူမ ရဲ့ ဆိုင်နဲ့ ပက်သက်တဲ့ ဗီဒီယိုလေးတွေကို လူမူ့ကွန်ယက်စာမျက်နှာထက် မှာ တင်ပေးလေ့ရှိတာလည်းတွေ့ရပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ သူမရဲ့ ဆိုင်ကို တကူးတက လာရောက်အားပေးကျလို့ သူမ ပြန်လည် မေတ္တာရပ်ခံတဲ့ အထိဖြစ်ခဲ့တာတွေ့ရပါတယ်။

အခုတစ်ခါမှာတော့ ပိုးကြာဖြူခင်က “Hello Judge ရွှေမန္တလေးရဲ့ တခုတည်းသော မန်းရွှေမြို့တော်ကိုယ်စားပြုဖြစ်ခွင့် Miss Universe Mandalay 2024 ရွေးချယ်ပွဲကြီးအတွက် Judge တဦး အဖြစ် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ပိုးကြာဖြူခင် (ရတနာ PK Htun စိန်ရွှေရတနာဆိုင်)မှ ပါဝင်သွားမည်ဖြစ်ပါသည်
Judge အဖြစ် ပါဝင်ပေးပါသော ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ပိုးကြာဖြူခင် (ရတနာ PK Htun စိန်ရွှေရတနာဆိုင်) အား Miss Universe Mandalay Organization မှ ဂုဏ်ယူစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်
Miss Universe Mandalay ” ဆိုပြီး သူမဒိုင်အဖြစ်ပါဝင်သွားမဲ့ Miss Universe Mandalay 2024 ပြိုင်ပွဲအကြောင်း ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။