အပူဒဏ် ခံနိုင်စေသောနည်း

Health Knowledge
အပူဒဏ် ခံနိုင်စေသောနည်း

(အခုချိန် အရမ်း လိုအပ်တယ် နော်)ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့
ပူပြင်းလာပါပြီ။ မိုးရိပ်လေရိပ်လည်း မမြင်၊
စင်တီဂရိတ် (၄၃-၄၅)လောက် နီးပါးလောက်ကို တက်နေတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူတွေ တဖြုတ်ဖြုတ်နဲ့ ကွယ်လွန်နေကြကြောင်း သတင်းကြားရတာ စိတ်မကောင်းစရာဘဲဗျာ။

အခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အပူဒဏ်မခံနိုင် သူများအတွက် နည်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။ဒီနည်းလေးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့စာရေး ဆရာသာဂဒိုး ရဲ့ နည်းလေးပါ။
ကျန်းမာတဲ့ လူတွေ အတွက်တော့ သိပ်မသိသာပေမယ့် မကျန်းမာသူ ၊ အသက်ကြီးသူများအတွက်တော့ အလွန်သိသာပါတယ်။

ဆေးနည်းလေးက –

ကျွန်တော်တို့ နေ့စဉ်သောက်နေတဲ့ “ရေနွေးကြမ်း” ပါဘဲ။ မနက်စောစောကတည်းက ရေနွေးကြမ်းကို ကျကျလေးနှပ်၊ ပြီးရင် လုံးဝအေးသွားတဲ့အထိ အအေးခံထား။ နေ့လည်လောက်ဆို သောက်လို့ရပြီ။

နေ့လည် အပူချိန်တက်နေတဲ့ အချိန်မှာ ရိုးရိုးရေမသောက်ဘဲ အဲဒီ ရေနွေးကြမ်းအအေးကိုသာ သောက်နေ။ တကယ် အပူဒဏ် ခံနိုင်တယ်။

နေပူထဲမှာ ကားမောင်းနေရတဲ့ ဒရိုင်ဘာတွေလည်း မနက်ကတည်းက ဒီလို ရေနွေးကြမ်းအအေးကို ရေသန့်ဗူးလေးနဲ့ (၂)ဗူး (၃)ဗူးလောက် ထည့်ထား။ ရိုးရိုးရေအစား အဲဒါဘဲသောက်ကြည့်။ ခါတိုင်းနေ့တွေလောက် အပူဒဏ်ကို မခံရတာ သတိထားမိပါလိမ့်မယ်။

တစ်ခုသတိထားရမှာတော့ လက်ဖက်ခြောက်ကိုတော့ သိပ်အပေါစား အညံ့စားကြီး မသုံးနဲ့ပေါ့ဗျာ။ တော်ကြာ ဆိုးဆေးတွေထပ်ဆိုးပြီး အကြံအဖန်လုပ်ထားတဲ့
လက်ဖက်ခြောက် အတုတွေနဲ့ တွေ့သွားပြီး ဆေးမဖြစ်ဘဲ၊ ဘေးလည်းဖြစ်သွားဦးမယ်။
ဒီရာသီမှာ လုံးလုံးရှောင်သင့်တာကတော့ ရေခဲရေပါဘဲ။ သောက်လိုက်တဲ့ ခဏတော့ အေးသွားသလို ရှိပေမယ့် နောက်ပိုင်း ရင်တွေပူလာ၊ ရေပို ငတ်လာ ၊ အဆင်မသင့်ရင် ဆီးဝမ်းပါ ချုပ်ပြီး ၊ ဆီးပူဆီးအောင့်ပါ ဖြစ်လာမယ်။

လည်ချောင်းတွေ နာလာမယ်။ အာသီးတွေ ရောင်လာမယ်။ ချောင်းတွေ ဆိုးလာမယ်။ မျက်စေ့တွေ ဝေလာမယ်။ အသက်ငယ်သူတွေ၊ ကျန်းမာရေး ကောင်းသူတွေတော့ မပြောတတ်ဘူး။ အသက်ကြီးသူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေအတွက်တော့ ဒီလောက်ပူပြင်းတဲ့ ရာသီမှာ ရေခဲရေဟာ သိပ်အန္တရာယ် ကြီးပါတယ်။

နောက်ထပ် အပူငြိမ်းစေတဲ့ အစားအစာတစ်ခုလည်း တင်ပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာ့ရိုးရာ စားစရာ ထန်းလျှက်ပါ။ ထန်းလျှက် ဟာ အခုလို ပူပြင်းတဲ့ ရာသီမှာ တကယ်စားသင့်တဲ့ အစာတစ်ခုပါ။ ထန်းလျှက်ဟာ ကိုယ်ခန္ဓာရဲ့ သက်စောင့်ဓာတ်ဖြစ်တဲ့ ဝမ်းမီးကို အလွန်မှန်စေပါတယ်။ ချိုတာခြင်း တူပေမယ့် သကြား၊ ကြံသကာ တွေနဲ့ မတူပါဘူး။

ကျွန်တော်တို့ အဖိုးအဖွားတွေ ရှိတုန်းကတော့ နေပူထဲက ပြန်လာရင် ရေမသောက်ခင် ထန်းလျှက် တစ်လုံးနှစ်လုံးကို အရင်စားခိုင်းပြီးမှ ရေသောက်ခိုင်းလေ့ ရှိပါတယ်။
ထန်းလျှက်ဟာ ကိုယ်တွင်း အပူမီးကို ငြိမ်းစေတာကြောင့် အပူနဲ့ အအေးတွေ့ပြီး ဒုက္ခရောက်တာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။

အပူလျှပ်ပြီး ဖျားတာမျိုး မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီခေတ်မှာကလည်း ထန်းလျှက်ဆိုတာ ကလေးတွေ မစားကြတော့ဘူးခင်ဗျ။
“ထန်းလျှက်”မှာလည်း အရောင်ဖြူနေတဲ့ ထန်းလျှက်တွေဟာ အာနိသင် သိပ်မရှိဘူး။ အနီရောင် ရင့်ရင့်ရှိတဲ့ ထန်းလျှက်မျိုးမှ အာနိသင် ရှိပါတယ်။

ဒါကြောင့်ချစ်မိတ်ဆွေအားလုံးအပူဒဏ်ကိုခံနိုင်ရည်ရှိစွာတုန့်ပြန်နိုင်ပါစေ။
(ဒေါက်တာတင်ဘို၏ကျန်းမာရေးဆောင်းပါးမှထုတ်နုတ်၍ရေးသားတင်ပြပေးခြင်းဖြစ်ပါသည်”

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။