Social Media တစ်ခုလုံးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ “သူငယ်ချင်း”MVထဲက ငိုမဲ့မဲ့ကောင်မလေး ဆုထက်

Celebrity Local News
Social Media တစ်ခုလုံးကိုလွှမ်းမိုးနိုင်ခဲ့တဲ့ “သူငယ်ချင်း”MVထဲက ငိုမဲ့မဲ့ကောင်မလေး ဆုထက်

social media ပေါ်က Trend တွေအကုန်လုံးကို ဖုံးလွှမ်းခဲ့ပြီးတော့ နာမည်ကြီးခဲ့တဲ့ ဖြိုးပြည့်စုံရဲ့ သို့/သူငယ်ချင်းဆိုတဲ့ သီချင်းလေးက သီချင်းစာသားနဲ့လိုက်ဖက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဒီသီချင်းလေးကို နာမည်ကြီးတေးရေးဆရာ ဝေကြီးကရေးပေးထားပြီးတော့ အဆိုတော်ဖြိုးပြည့်စုံက ဆိုလိုက်တဲ့အခါမှာတော့ လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်လာခဲ့ရပါတယ်။

အမှန်တကယ်တော့ ဒီသီချင်းက အသည်းကွဲနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ခွန်အားပေးတဲ့ သီချင်းတစ်ပုဒ်လို့ဆိုပေမယ့်လည်း သီချင်းစာသားတစ်ကြောင်းချင်းစီတိုင်းက နားထောင်သူကိုပိုပြီးတော့ ဝမ်းနည်းစေပြီး မျက်ရည်ကျစေခဲ့တဲ့အထိပါပဲ။ဒီသီချင်းကို အသည်းကွဲသီချင်းတွေ ရေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဝေကြီးကရေးပေးထားတာဖြစ်ပြီးတော့ အဆိုတော်ဖြိုးပြည့်စုံရဲ့ ဂရုဏာသံအေးအေးလေးနဲ့ ဆိုလိုက်တဲ့အပြင် သရုပ်ဆောင်ဆုထက်ကပါ ဝမ်းနည်းနေတဲ့ mood အပြည့်နဲ့ ပါဝင်သရုပ်ဆောင်ပေးထားတာကြောင့် ဒီသီချင်းကပိုပြီးတော့ ရုပ်လုံးကြွလာခဲ့ရပါတယ်။

ဒိသီချင်းကို ပါဝင်သရုပ်ဆောင်ပေးထားတဲ့ ဆုထက်က ဇာတ်လမ်းတွဲတွေနဲ့ ပရိတ်သတ်အထိုက်အလျောက်ရရှိထားပေမယ့်လည်း သုံးလေးမိနစ်စာ ဒီသီချင်း vedio လေးက သူမကို ပရိတ်သတ်တွေပိုပြီးတော့ သတိထားမိစေခဲ့ပါတယ်။သရုပ်ဆောင်ဆုထက်မှာ Charater နဲ့တွဲမြင်ကြတဲ့ထိ အောင်မြင်မှုရရှိထားတဲ့ ဇာတ်လမ်းတွဲတွေ ရှိပေမယ့်လည်း သို့/ သူငယ်ချင်း သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်လိုက်တဲ့အခါမှာ သူမရဲ့သရုပ်ဆောင်ချက်တွေကို ပရိတ်သတ်တွေက အသစ်တဖန်ပြန်ပြီးတော့ ချီးကျူးလာခဲ့ကြပါတယ်။

ဆုထက်က CANAL + ရဲ့ “ချိုစိမ့်ခါးသက် အချစ်တစ်ခွက်”ဆိုတဲ့ series မှာလည်း ဂျူလီယာဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးအဖြစ်ပါဝင်ထားပြီးတော့ sigapore နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုပေးပွဲတစ်ခုမှာ nomination ဝင်ခဲ့တဲ့ထိ အောင်မြင်မှုရခဲ့ပါတယ်။ဒါအပြင် မကြာသေးခင်က သူမသရုပ်ဆောင်ခဲ့တဲ့ “She “ဆိုတဲ့ Girl Love series လေးကလည်း ပရိတ်သတ်တွေကြား ရေပန်းစားခဲ့ပါသေးတယ်။

သို့ပေမယ့်လည်း သူမသရုပ်ဆောင်လိုက်တဲ့ သီချင်း MTV ကတော့ သူမအရင်ရခဲ့တဲ့ အောင်မြင်မှုတွေအကုန်လုံးကို ဖုံးလွှမ်းခဲ့ပြီးတော့ အောင်မြင်မှုအသစ်တစ်ခုကို ရယူပေးနိုင်ခဲ့ပါတယ်။သို့/သူငယ်ချင်း သီချင်းလေးကို ပရိတ်သတ်တွေစပြီးတော့ နားထောင်ရချိန်မှာ သီချင်းစာသားနဲ့ သရုပ်ဆောင်မှုတွေက ကွက်တိကျတယ်ဆိုတဲ့ ချီးကျူးသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ဒါကြောင့်လည်း ဒီ MTV ထဲက အဓိကသရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ဆုထက်ကို ပရိတ်သတ်များစွာက ချီးကျူးလာခဲ့ကြရပါတယ်။

အသည်းကွဲတဲ့ အခိုက်အတန့်ကို လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ဒီ MTV ထဲမှာ ဆုထက်သရုပ်ဆောင်ထားတဲ့ အသည်းကွဲနေတဲ့ဇာတ်ဝင်ခန်းလေးတွေတိုင်းက ကိုယ့်ကိုကိုယ်ပြန်ကြည့်နေရသလို ခံစားရစေပြီးတော့ ပရိတ်သတ်တွေကို ဝမ်းနည်းစေခဲ့တာပါပဲ။ဒီMTV လေးထဲမှာ သီချင်းနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်ခဲ့တဲ့ဆုထက်က သူမအရင်ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်အဖြစ် ပရိတ်သတ် အသိအမှတ်ပြုထားရသူပါ။

ဆုထက်ရဲ့ လွမ်းလွမ်းဆွေးဆွေးဒီလို character လေးကို ဖြိုးပြည့်စုံရဲ့ MTV မှာ အပြင် မကြာသေးမီက သူမသရုပ်ဆောင်ထားတဲ့ “ဒီလိုရာသီဥတုမျိုး “ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း ပရိတ်သတ်တွေ မြင်ဖူးကြမှာပါ။လူကောင်သေးသေးလေးနဲ့ characterတစ်ခုကို သဘာဝကျကျလေးပုံဖော်နိုင်တဲ့ ဆုထက်ကို သရုပ်ဆောင်တစ်ယောက်အပြင် Game Streamer တစ်ယောက်အနေနဲ့လည်း ပရိတ်သတ်တွေက သိထားကြပါတယ်။


မင်းသမီးတစ်ယောက်အနေနဲ့လည်း သရုပ်ဆောင်ကောင်းသလို streamer လောကမှာလည်း ပရိတ်သတ်တွေကို အစစ်အမှန်တွေပဲ ပေးတဲ့သူတစ်ယောက်အဖြစ် ချီးကျူးခံထားရတဲ့သူတစ်ဦးပါ

။ဘာကြောင့်လဲဆိုတော့ နာမည်ကြီး Game Streamer တော်တော်များများက သူတို့ရဲ့ပုံရိပ်ကို အသုံးချပြီးတော့ slot game တွေ လောင်းကစားကြော်ငြာတွေဘက်ကို ကူးပြောင်းလာတဲ့အချိန်မှာ ဆုထက်ကတော့ ပရိတ်သတ်တွေဘဝပျက်ပြီးတော့မှ ရလာမယ့်အပူစာတွေကို မစားဘူးလို့ ရဲရဲဝင့်ဝင့်ပြောကာ ငြင်းထားတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ဆုထက်ရဲ့ ဒီလိုချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ်လေးကြောင့်ပဲအခုနောက်ပိုင်းမှာ သူမကိုအားပေးလာတဲ့သူတွေ ပိုများလာခဲ့ပါတယ်။

ဆုထက်က သို့/သူငယ်ချင်း MTV ကိုလည်း သူမအကြိုက်ဆုံးအဆိုတော် ဖြိုးပြည့်စုံရဲ့ သီချင်းဖြစ်တာကြောင့်ပဲ လက်ခံခဲ့တာဖြစ်ပြီးတော့ ကိုယ်အကြိုက်ဆုံးအဆိုတော်ရဲ့ MTV ကို အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ်ဆိုတဲ့စိတ်လေးနဲ့ ကြိုးစားပြီးသရုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။အောင်မြင်ချင်လို့ နာမည်ကြီးချင်လို့မဟုတ်ပဲ သူစေတနာပါပါလုပ်ပေးလိုက်တဲ့ ဒီ MTVလေးက မထင်မှတ်ထားလောက်အောင်ကို အောင်မြင်မှုတွေအများကြီးရခဲ့ပြီးတော့ ဆုထက်ကိုလည်း လူပိုသိစေခဲ့ပါတယ်။

အဆိုတော်ဖြိုးပြည့်စုံရဲ့ သီချင်းတွေတော်တော်များများက မပေါက်တဲ့သီချင်းဆိုတာ မရှိတဲ့အထိကို အောင်မြင်မှုတွေရခဲ့တာ အားလုံးအသိပါပဲ။ဖြိုးပြည့်စုံရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ လရိပ်၊မျှော်နိုင်သမျှ စတဲ့သီချင်းတွေကလည်း အချိန်တစ်ခုအထိ အောင်မြင်မှုတွေ အရယူပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် သို့/သူငယ်ချင်းဆိုတဲ့ ဒီသီချင်းလေးကတော့
စထွက်ကတည်းကနေပြီးတော့ ရက်ပေါင်းအတော်ကြာတဲ့အထိ social media က တစ်ခြားသောအကြောင်းအရာတွေ အားလုံးထက်ကို ကျော်လွန်ဖုံးလွှမ်းပြီးတော့ အောင်မြင်မှုအများကြီးကို ယူပေးနိုင်ခဲ့ပါတယ်။

ဒီသီချင်းကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးဖြစ်တဲ့ မင်းသမီး Davikaကတောင်Tik Tok ဆော့ထားပြီးတော့ Tik Tok ရဲ့ နေရာတိုင်းမှာလည်း ဒီသီချင်းသံတွေကိုသာ ကြားနေရပါတယ်။သီချင်းစာသားနဲ့ သရုပ်ဆောင်တာ ကွက်တိကျလို့ ပရိတ်သတ်တွေကို heart ထိစေခဲ့တဲ ဒီသီချင်းက သရုပ်ဆောင်ဆုထက်ကြောင့်ဆိုတာအပြင် ဒီသီချင်းကို အစအဆုံး ကိုယ်တိုင် edit လုပ်ပြီးတော့ ပုံဖော်ရိုက်ကူးခဲ့တဲ့ director မေဘရဏီကြောင့်လည်း ပါပါတယ်လို့ သရုပ်ဆောင်ဆုထက်က ပြောပြလာပါတယ်။

အရာအားလုံး Trend ဖြစ်မြန်ပြီးတော့ မေ့လွယ်ပျောက်လွယ်ဖြစ်ကြတဲ့ social media ခေတ်ကြီးမှာ ဒီသီချင်လေးကတော့ ထွက်ရှိခဲ့တဲ့နေကစပြီးတော့ အခုချိန်ထိပရိတ်သတ်တွေအတွက်မရိုးနိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်နေပြီးတော့ ဘယ်တော့မှနားထောင်ရတာရိုးသွားမှာမဟုတ်ဘူးလို့ ပြောနေကြပါတယ်။အားပေးတဲ့ version နဲ့တင်ကို ပရိတ်သတ်တွေအတွက် ဝမ်းနည်းစေခဲ့တဲ့ ဒီသီချင်းလေးက အဆွေး version လေးနဲ့ ဒုတိယမြောက်တစ်ခုထွက်ရှိထားပြီးတော့ သီချင်းကိုနားထောင်ပြီး ပရိတ်သတ်တွေ နောက်တစ်ကြိမ် ပြန်ပြီးတော့ အသည်းကွဲနေကြရပါတယ်။

move on လုပ်ဖို့ သို့/သူငယ်ချင်းသီချင်းကို နားထောင်လိုက်ခါမှ ဒုတိယအကြိမ် ထပ်ပြီးအသည်းကွဲရတဲ့အဖြစ်မျိုးကို ဖြိုးပြည့်စုံရဲ့ သီချင်းနဲ့မှသာ ပရိတ်သတ်တွေခံခဲ့ရတာပါ။

ရေးသားသူ –One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။