၆လအတွင်း ၃၅ပေါင်ကျအောင်ချခဲ့ရတဲ့ ရည်ရွယ်ချက်ကိုပြောပြလာတဲ့ Mi Sandi

Celebrity Local News
၆လအတွင်း ၃၅ပေါင်ကျအောင်ချခဲ့ရတဲ့ ရည်ရွယ်ချက်ကိုပြောပြလာတဲ့ Mi Sandi

အဆိုတော်mi Sandi ကတော့ အခုအချိန်မှာ ပရိတ်သတ်‌ေတွရှေ့ကို မိမိုက်နေတဲ့ အမိုက်စားbody လေးနဲ့ပြန်ရောက်လာခဲ့ပါပြီ‌။ပရိတ်သတ်‌ေတွက ‌ေတာ့မိစန္ဒီဆိုတာနဲ့ ပါးဖောင်းဖောင်း၊လုံးလုံးကစ်ကစ်ပုံစံလေးမျိုးမြင်ယောင်မိခဲ့ကြမှာပါ။အရွယ်‌ေရာက်ကတည်းက တစ်ခါမှလည်း ပေါင်120 မရှိဘူးတဲ့ Mi sandi တစ်‌ယောက် အခုအချိန်မှာ ပေါင် 120ကျော်ဘဲ ရှိအောင်ဝိတ်ချခဲ့တာလည်းဖြစ်ပါတယ်။

အရင်ကလည်း တစ်ခါမှာ ဝိတ်မကျခဲ့ဘူးဘဲ တစ်ဖြည်းဖြည်းနဲ့ သာတတ်နေခဲ့တာပါ။Covid နောက်ပိုင်း အသွားအလာနည်းပါးပြီး အလုပ်တွေမရှိတဲ့ အချိန်ကစပြီး ဝိတ်တတ်လာခဲ့တာ ပေါင်160လောက်ထိ ရောက်ခဲ့တဲ့အထိပါဘဲ။Mi sandiတစ်ယောက်ဝိတ်ချဖို့ စိတ်ကူးမရှိပေမယ့် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ နီနီခင်ဇော်ဝိတ်ချဖို့ မြူစွယ်တာနဲ့ ဝိတ်ချခဲ့တာလည်းဖြစ်ပါတယ်။

နီနီနဲ့ Mi Sandi တို့ရဲ့ ချစ်စရာကောင်းတဲ့ relationship ကိုတော့ ပရိတ်သတ်တွေက သဘောကျ‌ ‌ေနခဲ့ကြပါတယ်။သူတို့သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး သီဆိုထားတဲ့ အချစ်ရဲ့ကျေးကျွန်သီချင်းကလည်း ပရိတ်သတ်တွေကြားရေပန်းစားပြီးလူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ပရိတ်သတ်တော်တော်များများကတော့ Mi Sandi ကို ရေခဲရိုက်အပြုံးနဲ့ တွဲမိခဲ့ကြတာပါ။

Mi Sandi သီဆိုဖျော်ဖြေခဲ့တဲ့ ရေခဲရိုက်အပြုံးကလည်း ပရိတ်သတ်တေ‌ွကြား‌ေရပန်းစားပြီး လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။Mi Sandi ကတော့ သီချင်းသီဆိုတဲ့နေရာမှာဘဲ ထူးချွန်တာမဟုတ်ဘဲ သီချင်းရေးတဲ့ နေရာမှာပါ ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ထွက်သမျှသီချင်းတိုင်းက ပရိတ်သတ်တွေအကြိုက်တွေ့စေသလို လိုက်ဆိုရလွယ်တဲ့ သီချင်းစာသားလေးတွေနဲ့ ဖန်တီးထားတာကြောင့် ပရိတ်သတ်တွေပါးစပ်ဖျားရေပန်းစားနေခဲ့ပါတယ်။

အချစ်သီချင်းလေးတွေသီဆိုတတ်တဲ့ Mi Sandi တစ်ယောက် 2022 ခုနှစ်မှာ ချစ်သူ‌နဲ့ရွှေလက်တွဲခဲ့တာလည်းဖြစ်ပါတယ်။Mi Sandi ရဲ့အမျိုး
သားကမလေးရှားနိုင်ငံသားဖြစ်ပေမယ့် နားလည်မှုရှိပြီး mi Sandi အပေါ်အချစ်စစ်နဲ့ ချစ်သလို အနွံတာခံတာကြောင့် mi Sandi တစ်ယောက် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပေမယ့် ကောက်ခါငင်ကာ လက်ထပ်ခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးတဲ့ အချိန်မှာလည်း အမျိုးသားရဲ့ အချစ်တွေအပြင် ယောက္ခမ တွေရဲ့ အချစ်ကိုရထားတဲ့ Mi Sandi အတွက်ကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုး
သမီးလို့တောင်ဆိုရမလိုပါဘဲ။အိမ်ထောင်ကျသွားပေမယ့် ချုပ်ခြယ်တာမရှိတဲ့ အမျိုးသားကြောင့်Mi Sandi တစ်ယောက် အပျို‌ေလးတစ်ယောက်လို ချောမောလှပနေဆဲပါဘဲ။

အိမ်ထောင်ကျသွားတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်တာကျဲသွားခဲ့တာကြောင့် ပရိတ်သတ်တွေကတော့ Mi Sandi ရဲ့ သီချင်းအသစ်တွေကို စောင့်မျှော်နေခဲ့ကြပါတယ်။အမျိုးသားဖြစ်သူက သီချင်းမဆိုခိုင်းတာမဟုတ်ဘဲအိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်သွားတာကြောင့် သီချင်းတွေ ဖန်တီးဖို့ သိပ်ပြီး အာရုံမရဖြစ်နေခဲ့တာပါ။

Mi Sandi ကတော့ သီချင်းတွေလည်းမဖန်တီးတော့သလို မိသားစုတွေ ၊အပေါင်းအသင်းတွေနဲ့ သွားလာ စားသောက်နေခဲ့တာကြောင့် ပေါင်
160အထိတောင် ဝိတ်တတ်ခဲ့ပါတယ်။သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ တတ်လာတဲ့ ဝိတ်ကြောင့် သွားလာရတာလေးပင်ပန်းနေသလို ကျီး‌ပေါင်းရောဂါပါ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

Mi Sandi ကတော့ body shaming လုပ်ခံရမှာဆိုးလို့ ဝိတ်ချတာမဟုတ်ဘဲ အနုပညာအလုပ်တွေပြန်လုပ်တော့မှာမို့ ပရိတ်သတ်တွေကို လှပတဲ့ ပံုရိပ်တွေသာပြချင်ခဲ့တာလည်းဖြစ်ပါတယ်။mi Sandi တစ်‌ေယ‌ာက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ပုဂ္ဂလစံအိမ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင် အနေနဲ့ ပါဝင်ရိုက်ကူးခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ ပထမဆုံးပါဝင်သရုပ်‌ေဆာင်ခွင့်ရတဲ့ ဇာတ်ကားမရိုက်ကူးခင်ကတည်းက ဝိတ်ချလာခဲ့တာ အခုဆိုရင် ၃၅ပေါင်တောင် ကျခဲ့ပါပြီ။မိန်းကလေးတစ်ယောက်အတွက် ဝိတ်ချဖို့ဆိုတာတော်ရုံမလွယ်ကူတဲ့ ကိစ္စပေမယ့် mi Sandi ကတော့ ဇွဲရှိရှိနဲ့ ၆လအတွင်းကို ၃၅ပေါင်ကျအောင် ဝိတ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အားကစားတစ်မျိုးတည်းနဲ့ ချလို့အဆင်မပြေဘဲ အစားပါရှောင်ပြီး ဝိတ်ချခဲ့တာကြောင့် အခုတော့ အရင်က မရဘူးတဲ့ ခန္ဓာကိုယ်အမိုက်စားလေးပါရနေခဲ့ပါပြီ။Mi Sandi ကတော့ သီချင်းအသစ်တွေဖန်တီးသွားဖို့ ရှိသလို ၊အရင်လိုမျိုး သီချင်း Album တွေပါ ထွက်ဖို့ စီစဉ်နေပါပြီ။သူ့ရဲ့ အသစ်ထွက်မယ့် Album မှာ သီချင်းဟောင်းတွေမထည့်ဘဲ အတူတွဲမဆိုဘူးတဲ့ လူတွေနဲ့ သီချင်းအသစ် ဖန်တီးသွားမယ်လို့ဆိုပါတယ်။Mi sandiကတော့ သီချင်းတွေနဲ့ ပရိတ်သတ်တွေ ရှေ့ပြန်လာတော့မယ့်အချိန်မှာ အမိုက်စား body လေးနဲ့ ဖျော်‌ေဖြပေးချင်တာကြောင့် အပင်ပန်းခံပြီး ဝိတ်ချခဲ့တာလည်းဖြစ်ပါတယ်။

ရေးသားသူ –One daily channel

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။