စက်ဘီးစီးလမ်းပြုလုပ်ပါက ထိုလမ်းများတွင် ကားParkingထိုးခြင်းပြဿနာကိုပါ ဖြေရှင်းပါ။

Knowledge

စက်ဘီးလမ်းတွေပေါ်မှာကားတွေရပ်ထားတုန်းဘဲလားရန်ကုန်

အောက်တိုဘာလအတွင်း တောင်ဥက္ကလာပ မြို့နယ်ရှိ အဓိလမ်းမကြီးတွေမှာ စက်ဘီးလမ်းကြောင်းတွေကို သီးသန့် သတ်မှတ်

ပြုလုပ်ပေးနေပါတယ်။ အခုဆိုရင် ဝေဇယန္တာလမ်းမကြီးနှင့် သစ္စာလမ်းမကြီးပေါ်မှာ စက်ဘီးလမ်းကြောင်းတွေပြီးစီးနေပြီး

ရတနာလမ်းနှင့် သံသုမာလမ်းမများတွင် ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရသည်။

ယခင်က ဆိပ်ကမ်းသာလမ်းအောက်ဆုံးဘလောက်တွင်ပြုလုပ်ခဲ့သော စက်ဘီးလမ်းမှာလဲကားများသာ နေရာယူထားပြီး

ဘုရားစူးစက်ဘီးလမ်းလုပ်ခဲ့ပါသည် ဟုပြောလျှင်သာယုံဖို့ရှိတော့သည်။

ယခုအကြိမ်တွင်လည်း စက်ဘီးလမ်းကြောင်းသီးသန့် ပြုလုပ်ပေးထားသော်လည်း ထိုစက်ဘီးလမ်းကြောင်းများပြုလုပ်ပြီး

မကြာခင်မှာပင် ကားများကအဆင်သင့်နေရာယူပြီးဖြစ်နေပြန်ပါသည်။

ထို့ကြောင့် လက်ရှိ အစိုးရအနေဖြင့် စက်ဘီးစီးသူများကို အန္တရာယ်ကင်းစေရန်ကောင်းမွန်သောစေတနာဖြင့် စက်ဘီးလမ်းကြောင်းများ

သီးသန့်ပြုလုပ်ပေးမည်ဆိုပါက စက်ဘီးလမ်းကြောင်းများပေါ်တွင် ကားများရပ်နားထားခြင်းကိစ္စကိုပါ တခါတည်းဖြေရှင်းပေးရန်

လိုအပ်ပါသည်။

ထိုပြဿနာကို တခါတည်းမဖြေရှင်းပေးပါက နိုင်ငံတော်၏ငွေများ ဖြုန်းတီးယုံအပြင် မည်သူမှအကျိုးမရှိပါ။စက်ဘီးစီးသူများသည်လည်း

လမ်းမများပေါ်တွင် အန္တရာယ်များစွာဖြင့်ဆက်လက်စီးနင်းနေရမည်ဖြစ်သကဲ့သို့ ကားများသည်လည်းရပ်မြဲရပ်ဆဲဖြစ်နေပါမည်။

စက်ဘီးစီးသူများကိုလည်း စနစ်တကျစီးနင်းစေရန် အသိပေးမှုများပြုလုပ်ခြင်းနှင့် ကားများကိုလည်း စက်ဘီးသူများနှင့် လမ်းများကို

မျှဝေအသုံးပြုစေရန် အသိပေးမှုပြုလုပ်ပေးပါလို့ အကြံပေးလိုက်ရပါသည်။

Crd ရန်ကုန်မြို့တွင်းစက်ဘီးစီးသူတဦး

Leave a Reply