ထွက်ရပ်ပေါက် အဘဘိုးမင်းခေါင်၏ အံ့ဖွယ်ဖြစ်ရပ်များ

Knowledge

ထွက်ရပ်ပေါက် အဘဘိုးမင်းခေါင်၏ အံ့ဖွယ်ဖြစ်ရပ်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထွက်ရပ်ပေါက် အဘဘိုးမင်းခေါင်၏ အံ့ဖွယ်ဖြစ်ရပ်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တချို့သောဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင်သည် အလွန်ထင်ရှားသူဖြစ်ပေသည်။ ဘိုးတော် မယ်တော် ၊ဝိဇ္ဇာများကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေကြသည်။

အဘအောင်မင်းခေါင်လောင်းလျာ မောင်ဘိုးအောင်ကိုကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှ အဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၂ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ဖွားမြင်ခဲ့သည်။ မွေးချင်းငါးယောက်အနက် ဒုတိယသားဖြစ်သည်။

မွေးချင်းများမှာ (၁)ဦးဘိုးသောင်း၊ (၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊ (၃)ဦးထွန်းမောင်၊ (၄)ဦးဘိုးဆောင်၊ (၅)ဒေါ်ငွေမြင့် တို့ဖြစ်ကြပါတယ်။ မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘဝကပင် ရှင်သာမဏေဘောင်ဝင်ခဲ့ပါတယ်။

အရွယ်ရောက်လတ်သော် မြင့်မြတ်သော ရဟန်းအဖြစ်ရောက်ရှိခဲ့ပါတယ်။ ဘွဲ့အမည်မှာ ဦးအာစိဏ္ဏ ဖြစ်ပါတယ်။ ရဟန်းဘ၀ သုံးဝါအရမှာပင်
ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့ပါတယ်။

ရဟန်း(၁၀)ဝါအရတွင် မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပြီး မကြာမကြာမွေးရပ်မြေ စင်မြင့်ရွာသို့ပြန်လာလေ့ရှိပါတယ်။

ထိုစဉ်ကပင် ဦးအာစိဏ္ဏသည် တွေ့မြင်ကြရသော ထူးခြားဖြစ်စဉ်များကြောင့် မြေကြောရှုံ့နိုင်သည့် ပထဝီသိဒ္ဓိပေါက်နေပြီဟု သိမီသူတို့မှခန့်မှန်းပြောဆိုကြသည်ဟူ၏။ရဟန်း(၁၃)ဝါအရတွင် ရဟန်းဝတ်နှင့်ပင် ခရီးထွက်သွားပြီး နှစ်ပေါင်း(၃၀)ကြာ
အောင်ပင် ထူးဆန်းစွာ ခြေရာဖျောက်သွားခဲ့သည်။

သေသည်ရှင်သည်မသိခဲ့ရပေ။ထို့နောက် ” မင်းခေါင် ” နာမည်ယူ၍ လူဝတ်ကြောင်ဖြင့် ရောက်နေကြောင်း စင်မြင့်ရွာရှိညီအစ်ကိုမောင်နှမများက သတင်းကြားသဖြင့် လာရောက်ကြည့်
ရှုကြသည်။ထိုအခါ ဦးအာစိဏ္ဏဖြစ်နေသည်ကို တွေ့ကြရသည်။ ဆွေမျိုးများက နူတ်ဆက်မေးမြန်းကြရာ မင်းခေါင်သည် “အင်း….ဟုတ်တယ်…..မဟုတ်ဘူး ” ဟူသောစကားမျှသာပြော
ပြီး တုံဏှိဘာဝေ နေသည်။ ထိုအခါဆွေမျိုးများက ကိုဘိုးအောင် ရူးသွားပြီဆိုကာ ရွာသို့ပြန်လာကြသည်ဟူ၏။

အဘအောင်မင်းခေါင်၏ ထူးခြားဆန်းပြား ဖြစ်စဉ်တချို့

၁။ထမင်းဆိုင်တို့တွင် လည်လှီးသတ်ပြီးသား ကြက်သေများကို အသက်ပြန်ရှင်အောင် လုပ်ပြခဲ့ခြင်း။

၂။ဧရာဝတီမြစ်ထဲ၌ သစ်တုံးကြီးကိုင်စီးပြီး ရေဆန် ကိုတက်ပြခဲ့ခြင်း။

၃။ကျားရိုင်းကြီးများကို အိမ်မွေးကြောင်လေးတစ်ကောင်နှယ် ကစားပြခဲ့ခြင်း။

၄။အင်ဂျင်မပါ ဘီးမပါသောသော ကားပျက်ကြီးကို ပုပ္ပါးမှ ကျောက်ပန်းတောင်းအရောက် မောင်းပြခဲ့ခြင်း။

၅။ဧရာဝတီမြစ်ကြီးထဲ ရေပေါ်လမ်းလျှောက်သွားလာပြခဲ့ခြင်း။

၆။ငှက်ပျောပင်ပေါ်ရှိ ငှက်ပျောရွက်ပေါ်တွင်တက်၍ အိပ်ပြခဲ့ခြင်း။

၇။ကိုယ်ခွဲ ရုပ်ခွဲများခွဲ၍ ကန်တော့ခံခြင်း။

၈။သူတပါးစိတ်အကြံကို လျှင်မြန်စွာသိခြင်း။

၉။ဧရာမကြီးထွားလှသည့် သစ်ပင်ကြီးကို လက်တစ်ဖက်ထဲဖြင့် နူတ်ပြခဲ့ခြင်း။

၁၀။ဝါရုံပင်ကြီးတွေကို နူတ်ပြခဲ့ပြီး အခြားတစ်နေရာတွင် ရှင်သန်အောင်စိုက်ပြခဲ့ခြင်း။

၁၁။အဘဘိုးမင်းခေါင်သည် နမ္မားနှင့်ပုပ္ပါးတောင်တော်၌ ရှိနေစဉ် ပုပ္ပါးတောင်ကလပ်၌ လေအလွန်တိုက်၍အေးချမ်းလွန်းစဉ် အင်္ကျီမဝတ်ဘဲ သုံးလ/လေးလ အိပ်ယာမှမထခြင်း။

၁၂။အဘသည် ရေဘယ်တော့မှမချိုးခြင်း ထမင်းမစား ဟင်းမစားဘဲ လေးငါးလခန့်နေနိုင်ခြင်း..ထိုသို့နေခဲ့သော်လည်း ကိုယ်တွင်ချေးညှော်အနံ့အသက် တစ်စုံတစ်ရာမရှိခြင်း။

၁၃။သုံးလေးရက်မျှသာ တစ်ကြိမ် ကျင်ကြီး/ကျင်ငယ်စွန့်ခြင်း။

၁၄။အတွင်းနေတပည့်တို့မှတပါး မည်သူ့ကိုမှ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမှုမရှိခြင်း။

၁၅။ပရိတ်သတ်များထဲ၌ ကြည်ညိုလာလျှင် ကေသရာဇာခြင်္သေ့ကဲ့သို့ခံညားစွာနေထိုင်ခြင်း

၁၆။မကြည်ညိုသူများလာလျှင် မရောက်မှီကပင် အမှုအရာတမျိုးပြောင်း၍ မကြည်ညိုသည်ထက် မကြည်ညိုအောင် နေထိုင်လေ့ရှိခြင်းတို့ဖြစ်ပါတယ်။

အဘဘိုးမင်းခေါင်သည် ပုပ္ပါးမှ တောင်တော်ကလပ်သို့ ပြောင်းရွေ့နေထိုင်ပြီး မကြာမှီ အင်္ဂလိပ်အစိုးရက မသင်္ကာစရာ ပုဒ်မဖြင့် ကျောက်ပန်းတောင်း ဂတ်တဲရှိ ရာဇဝတ်အုပ် ဦးကြွက်က တောင်ကလပ်သို့ လာရောက်ဖမ်းစီးကာ ကျောက်ပန်းတောင်း ဂတ်တဲတွင် ချုပ်နှောင်ထားခဲ့ပြီးနောက် (၁)လခန့်အကြာ အဘဘိုးမင်းခေါင်က ” ငါမနေခြင်တော့ဘူး” ဟုဆိုကာ ထောင်တံခါးမပွင့်စေဘဲ အပြင်ထွက်သွားခဲ့ပါတယ်။

အဘဘိုးမင်းခေါင်သည် အသွင်အမျိုးမျိုးကိုယူဆောင်ကာ သာသနာ့အလင်းရောင်ဓါတ်အားကို မပြတ်မနားဖွင့်လိုက်သေအချိန်တွင် “ဂိုဏ်းတော်ကြီး နှိုးဆော်ချက်” ဟူသော ဓါတ်ဝင်သည့်အမိန့်စာကို တစ်ပြည်လုံးသို့ ဖြန့်ဝေလိုက်သောအခါ အားလုံးပင် လိုက်နာကျင့်ကြံကြလေတော့၏။

အဆိုပါ နှိုးဆော်စာအရ….. “ဘုရားလေး ငယ်ငယ်….ကိုးတောင်ပြည့်တည်၊ ငယ်သာငယ်…..ကယ်ဆယ်မယ့်ဘုရား၊ ဓါတ်ကောလီ…သုံးဆယ်ကူအောင်ကွယ်၊ ဖူးကြအများ” ဟူ၍ဖြစ်ပါတယ်။

မြန်မာပြည်အတွင်းရှိ မြို့ကြီး(၈၀)ကျော်နှင့် ကျေးရွာပေါင်း(၄၀၀၀)ကျော်တို့တွင် ကိုးတောင်ပြည့်စေတီလေးများ တစ်မြို့တစ်ရွာလျှင် တစ်ဆူတည်ထားကိုးကွယ်ကြသဖြင့် တစ်နိုင်ငံလုံး ဘုရားတကာ ဘုရားတကာမ များဖြစ်လာခဲ့ကြရတော့သည်။

ဘိုးမင်းခေါင်သည် ကမ္ဘာကပ်ကျော်ရန် အေးစေရန်အတွက် ပုပ္ပါးတောင်ကလပ်တွင် ပြည်လုံးချမ်းသာကပ်ကျော်ကမ္ဘာလုံးစေတီတော် ကိုတည်ထားကိုးကွယ်တော်မှုစဉ် ထိုစေတီတော် ကြီးတွင် တင်လှူမည့် “ထီးတော်လည်းရောက် မင်းခေါင်လည်းပျောက်” ဆိုသည့်တဘောင်အတိုင်း၁၃၁၄-ခုနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ ညနေ(၄း၂၀)မိနစ်အချိန်တွင် ပုပ္ပါးတောင်ကလပ်မှ ခန္ဓာဝန်ချ၍ ထွက်ရပ်စခန်း ကြွမြန်းတော်မှုခဲ့ပါသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။