ပွဲအခမ်းနားတွေမှာ Song Jihyoကို runningmanအဖွဲ့ဝင်တွေဘာလို့ရှောင်ဖယ်နေတာလဲ?

Celebrity International News

ပွဲအခမ်းနားတွေမှာ Song Jihyoကို runningmanအဖွဲ့ဝင်တွေဘာလို့ရှောင်ဖယ်နေတာလဲ?

မင်းသမီးဆောင်းဂျီဟိုကို Running Man အစီအစဉ်မှာ Ace ဆိုတဲ့ဇာတ်ကောင်အတိုင်း ယောကျာ်းလေးတွေနဲ့တန်းတူယှဉ်ပြိုင်ဆော့နိုင်တဲ့ သန်မာတဲ့မိန်းကလေးတစ်ယောက်လို မြင်တွေ့ရမှာပါ ။
အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ ဂျီဆော့ဂျင်က ဂျီဟိုအကြောင်းနဲ့ပတ်သတ်ပြီး “ဂျီဟိုကို ကျွန်တော့်ရဲ့ညီလေးတစ်ယောက်လိုပဲခံစားရတယ် ။ ဒါပေမဲ့ သူကြောင့်တစ်နှစ်တစ်ခါအံ့ဩရတယ် အဲ့အချိန်ကတော့ သူမိန်းကလေးဆန်ဆန်လှတဲ့အ၀တ်အစားနဲ့ မိတ်ကပ်ပြင်ဆင်လာပြီး ဆုပေးပွဲအခမ်းအနားတွေတတ်ရောက်တဲ့ အချိန်ပါပဲ ။ အဲ့အချိန်မှာဆိုရင်သူက တစ်ခြားသူစိမ်းမိန်းကလေးတစ်ယောက်လိုပဲ ” လို့ပြောပြခဲ့ပါတယ် ။


အဲ့အကြောင်းနဲ့စပ်ဆက်ပြီး ဂျီဟိုက “ကျွန်မ မျက်လုံး‌ပိုင်းလေးကိုပဲ မိတ်ကပ်ပြင်ဆင်လိုက်ပြီဆိုရင် လူတွေတော်တော်များများက အံ့ဩတကြီးဖြစ်ကြတယ်
။ ဆုပေးပွဲတွေမှာဆိုရင် Running Man အဖွဲ့၀င်ယောကျာ်းလေးတွေက ကျွန်မအနားကိုမလာကြတော့သလို စကားလဲလာမပြောကြတော့ဘူး ” လို့ပြောခဲ့ပါတယ် ။
တကယ်တော့ ကောင်လေးတွေက ဂျီဟိုရဲ့အလှကိုရှိန်ပြီးရှက်သွားကြတာပါပဲ 😛 ပရိတ်သတ်တွေရော ဂျီဟိုက ဘယ်အချိန်‌မှာ အလှဆုံးလို့ထင်ကြသလဲ ?

crd running man update news

Leave a Reply