အော်စကာဆုပေးပွဲတုန်းက သားအငယ်ဆုံးလေးကို ထုတ်ပြသွားခဲ့တဲ့ ဗီလိန်မင်းသား ကိုလင်ဖာရယ်

Celebrity International News
အော်စကာဆုပေးပွဲတုန်းက သားအငယ်ဆုံးလေးကို ထုတ်ပြသွားခဲ့တဲ့ ဗီလိန်မင်းသား ကိုလင်ဖာရယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အော်စကာဆုပေးပွဲတုန်းက သားအငယ်ဆုံးလေးကို ထုတ်ပြသွားခဲ့တဲ့ ဗီလိန်မင်းသား ကိုလင်ဖာရယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အော်စကာဆုပေးပွဲတုန်းက သားအငယ်ဆုံးလေးကို ထုတ်ပြသွားခဲ့တဲ့ ဗီလိန်မင်းသား ကိုလင်ဖာရယ်

အိုင်ယာလန်နိုင်ငံဖွား ဟောလိဝုဒ်မင်းသား ကိုလင်ဖာရယ်ကို ၂၀၁၆ ခုနှစ်ရဲ့ Fantastic Beasts and Where to Find Them နဲ့ ၂၀၂၂ ခုနှစ်ရဲ့ The Batman ဇာတ်ကားတွေအပါအဝင် ဇာတ်ကားတော်တော်များများမှာ ဗီလန်သရုပ်ဆောင်အဖြစ် သိကြပါတယ်။ သူ ဗီလိန်အဖြစ် သရုပ်ဆောင်တာကို သူ့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဖာရယ်နဲ့ ဟင်နရီဖာရယ်တို့က မကြိုက်ကြဘူးလို့ ကိုလင်က ဖွင့်ဟခဲ့ဖူးပါတယ်။ “ကျွန်တော့်ကို လူဆိုးတစ်ယောက်အဖြစ် မြင်ရတာကို သူတို့တွေ စိတ်ကုန်နေပြီ”တဲ့။

သားနှစ်ယောက်လုံးက သူ့ရဲ့အနုပညာအလုပ်ကို အရမ်းစိတ်ဝင်စားပုံမရပေမဲ့ သူကတော့ သူ့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ရင် သူ့ရဲ့သားတွေကို မျှဝေဖြစ်ပါတယ်။ မကြာသေးခင်က ရွှေကမ္ဘာလုံးဆုပေးပွဲမှာ The Banshees of Inisherin ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရတော့ သူ့သားနှစ်ယောက်ကိုပါ ကျေးဇူးတင်စကားမှာ ထည့်ပြောသွားခဲ့တာပါ။ “ကျွန်တော့်ကလေးတွေ အိမ်မှာ ဆုပေးပွဲကို ကြည့်နေကြတယ်။ ဂျိမ်းစ်နဲ့ဟယ်ရီ…ကျွန်တော့်ဘဝရဲ့အချစ်တွေပါပဲ။ သားတို့ကို ချစ်တယ်နော်”တဲ့။

မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ အော်စကာပွဲတုန်းကလည်း သူ့ရဲ့သားအငယ်ဆုံးလေးကို သူ့နဲ့အတူ ခေါ်လာခဲ့ပါတယ်။ သူတို့သားအ​ဖနှစ်​ယောက်က အနက်ရောင်ဝတ်စုံဆင်တူဝတ်ပြီး အပြုံးကိုယ်စီနဲ့ တက်ရောက်ခဲ့တာပါ။ သူတို့နှစ်ယောက်ဆင်တူဝတ်ဆင်တာ မြင်တွေ့ရခဲပြီး သူတို့နှစ်ယောက်ရဲ့ပွဲတက်ပုံရိပ်တွေက လူစိတ်ဝင်စားမှုများခဲ့ပါတယ်။ ပွဲမှာ အင်တာဗျူးတော့ ဟယ်ရီက သူ့အ​ဖေကိုလင်ဖာရယ်ကို တကယ့်ဖခင်ကောင်းတစ်ယောက်လို့ ဖြေသွားခဲ့ပါတယ်။

သားအငယ်ဆုံးလေးဟယ်ရီကို ရည်းစားဟောင်း မင်းသမီး Alicja Bachleda-Curuś နဲ့ရခဲ့ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာမှာမွေးဖွားခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။